ကယားထဲ
လောပိတ အမှတ် (၃) ရေအားလျှပ်စစ် တည်ဆောက်နေတဲ့ အနာဂတ်စွမ်းအား ကုမ္ပဏီလီမိတက်က ကယား(ကရင်နီ)ပြည်နယ် ဘော် လခဲမြို့နယ် နန်းဖဲကျေးရွာတွင် ရေအားလျှပ်စစ်ထုတ်လုပ်ပေးမည့် အသေးစား နှင့် လမ်းပန်းဆက်သွယ်ရေးအတွက်ကိုလည်း တပါ တည်း လှူဒါန်း ပြုလုပ်ပေးသွားဖို့ အစီအစဉ်ရှိတယ်လို့ ၎င်းကုမ္ပဏီမှ လက်ထောက်အင်ဂျင်နီယာ (AE) ကိုလှမင်းထွေးက ပြောပါတယ်။
“တစ်နှစ်ဆိုရင် ရေကဘယ်လောက်စီးဆင်းလဲဆိုတာတွေ သွားတိုင်းတယ် နန်းဖဲချောင်းမှာပါ ကျ နော်တို့ ကုမ္ပဏီက သွားတိုင်းတာ လှူတာပါ သူတို့က ဝန်ကြီးကိုတောင်းဆိုတာ ကျနော်တို့က သွားလှူပေးမှာပါ အဲဒီဒေသအတွင်း တော့သုံးလို့ရမယ် ရွာတရွာအတွက် သုံးလို့ရမယ်” လို့ ပြောပါတယ်။
နန်းဖဲကျေးရွာမှ ဒေသခံတွေက ပြည်နယ်အစိုးရထံတင်ပြ အကူအညီတောင်းဆိုထားချက်အရ ပြည်နယ်အစိုးရမှတဆင့် အနာဂတ် စွမ်း အား ကုမ္ပဏီ လုပ်ပေးမှာဖြစ်တယ်လို့ ပြောပါတယ်။
နန်းဖဲချောင်သို့ အသေးစား ရေအားလျှပ်စစ်ထုတ်ပေးနိုင်သည့် စက်ကိုထူထောင်ဖို့အတွက် နန်းဖဲချောင်းသို့ လျှပ်စစ်အင်ဂျင်နီယာများ က သွားရောက်တိုင်းတာလေ့လာရာမှာ သုံးကြိမ်ရှိပြီဖြစ်ကြောင်းနှင့် တနှစ်ပါတ်လုံး မီးရရှိနိုင်ဖို့အတွက် အခက်အခဲ ရှိကြောင်း ပြောပါ တယ်။
“တခုအခက်အခဲရှိတာက နွေရာသီဆိုရင်ဒီစက်တွေကလည်လို့မရဘူး အဲဒီချောင်းကရေက ရေအား နည်းတယ်။ နွေကော မိုးကောဆောင်း ကော လည်လို့ရရင်ကောင်းတယ် စက်ကြီးသွားထားပြီး နွေကမရဘူးဆိုရင် မတန်ဘူး ဒါကြောင့် ပိုအဆင်ပြေနိုင်မည့်နေရာကို နေရာလိုက် ရွေးနေတယ်။ အမှန်ကတော့ ဖြစ်စေချင်တာက ၁၂ ရာသီလုံးလည်နိုင်တဲ့အနေအထားဆို ပိုကောင်းတာပေါ့” ကိုလှမင်းထွေးက ပြောပါတယ်။
ထိုသို့ နန်းဖဲချောင်းသို့ ရေအားလျှပ်စစ်အသေးစား စက်ရုံထူထောင်ပေးဖို့သွားရမည့်လမ်းပန်းဆက်သွယ်ရေးအတွက်ကိုလည်းတပါ တည်း ဖောက်လုပ်ပေးသွားမှာ ဖြစ်တယ်လို့ ကုမ္ပဏီမှ အငယ်တန်းအင်ဂျင်နီယာ (SAE) ကိုဂေးဒီယန်ဆော်ရယ်က ပြောပါတယ်။
ကိုဂေးဒီယန်ဆော်ရယ်က “ လမ်းသွားဖောက်မည့် သောခူရွာ ကိုလည်း ၆ ပေလမ်း ကျနော်တို့လုပ် မယ် အဲဒါဆိုရင် သံပိုက်တွေ ပစ္စည်းတွေ ဘာတွေ လုပ်ဖို့ သယ်ဖို့ လွယ်ကူတယ် တလမ်းသွားလေးပါ။ နန်းဖဲဘက်မှာ လမ်းလှူမယ် လမ်း ပန်းဆက်သွယ်ရေးအတွက်ပေါ့ ရွာတချို့နေ ရာလည်းသူတို့ လူနဲ့သွားတယ် တချို့နေရာလည်း အဆင်ပြေသွားမယ် ဘေးပတ် ဝန်းကျင် က ရွာတွေပေါ့” လို့ ပြောပါတယ်။
နန်းဖဲရွာ၏ အနောက်ဘက်ခြမ်းတွင် ဖောက်လုပ်မည့်လမ်းမှာ ဒေသခံတွေ၏ တောင်းဆိုထားသည့်လမ်းအရခန့်မန်းခြေမိုင် ၂၀ရှိပြီး ကျောက် ချောလမ်း ခင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အသေးစား ရေအားလျှပ်စစ်မှာတော့ Power 500/600 KW ဖြင့်ရွာအတွက် သာဖြစ်တယ်လို့ သိရပါတယ်။

No comments:
Post a Comment