Tuesday, January 22, 2013

အစိုးရအပစ်အခတ်ရပ်စဲရေးအမိန့် ဘန်ကီမွန်းကြိုဆို

ABC

ကုလသမဂ္ဂ ​အတွင်းရေးမှူးချုပ် ​ဘန်ကီမွန်းက ​မြန်မာအစိုးရရဲ့ ​အပစ်အခတ်ရပ်စဲရေးအမိန့် ​ကို ​ကြို ဆိုလိုက်ပြီး ​နှစ်ဦးနှစ်ဖက်လုံးကိုလည်း ​ဒေ သထဲမှာ ​ငြိမ်းချမ်းရေးရသွားအောင် ​ကြိုးပမ်းဖို့ ​တိုက်တွန်းလိုက်ပါတယ်။

အစိုးရရဲ့ ​ထုတ်ပြန်ချက်ထဲမှာ ​ကချင်လွတ်လပ်ရေးတပ် ​နဲ့ ​၁၁ကြိမ် ​တွေ့ဆုံပြီးခဲ့တဲ့အကြောင်း ​၂၀၁၂ ​အောက်တိုဘာလ ​၃၀ ​ရက်နေ့က ​နောက် ဆုံး ​တွေ့ဆုံမှု ​မှာလဲ ​ကချင် ​KIA ​ခေါင်းဆောင်တွေ ​မပါဝင်ခဲ့တဲ့အကြောင်း၊ ​ကချင်ဘက်က ​ထိုးစစ် ​ဆင်မှု ​တွေကြောင့် ​မြန်မာအ စိုးရ အနေနဲ့ ​စစ်လေယဉ်တွေနဲ့ ​တုံ့ပြန်ခဲ့တဲ့အကြောင်း၊ ​အစိုးရ ​စစ်သား ​၃၅ဦးသေဆုံးပြီး ​အယောက် ​၁၉၀ ​ဒဏ်ရာရခဲ့တဲ့ ​အကြောင်းတွေ ​ထုတ် ပြန် ချက်ထဲမှာပါရှိပါတယ်။

မြန်မာ ​နိုင်ငံတော် ​သမ္မတကြီး ​ဦးသိန်းစိန်က ​အပစ်အခတ်ရပ်စဲတဲ့အမိန့်ကို ​သောကြာနေ့က ​ထုတ်ပြန်ကြေငြာခဲ့ပြီးနောက် ​တိုက်ပွဲတွေ ​ထပ် မံ အပြင်းအထန် ​ဖြစ်ပေါ်ခဲ့တဲ့အတွက် ​ကချင်လွတ်လပ်ရေးတပ်က ​ပြောခွင့်ရပုဂ္ဂိုလ် ​James ​Lum ​Dau ​က ​အစိုးရအနေနဲ့​ငြိမ်းချမ်း ရေးဆွေးနွှေး ဖို့ ​တကယ့်ကို ​လိုလားတဲ့ ​စစ်မှန်မှုမရှိဘူးလို့ ​ရေဒီယိုသြစတြေးလျကိုပြောပြခဲ့ပါတယ်။

ပြီးခဲ့တဲ့စနေနေ့က ​ကချင်လက်နက်ကိုင်များရဲ့ဗဟိုစခန်းဖြစ်တဲ့ ​Laiza ​အနီးမှာ ​တိုက်ပွဲတွေ ​ပြင်းပြင်း ​ထန်ထန်ဖြစ်ခဲ့တဲ့အကြောင်း ​စစ်ပွဲ ပို မို ပြင်း ထန်နေတာတွေကိုပဲကြည့်ပြီး ​သိနိုင်တယ်လို့ဆိုပါတယ်။

သမ္မတဦးသိန်းစိန်က ​ဒီဇင်ဘာလ ​၁၀ ​ရက်နေ့က ​အပစ်အခတ်ရပ်စဲဖို့ ​အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ​ဒါ ​ပေမဲ့အဲဒီတနေ့ထဲမှာပံ ​စစ်တပ်အင် အား ​ထပ်ဖြည့်စည်း ​ပို့ဆောင်ရွက်ခဲ့ပါတယ်။


KIO ​အရေးနဲ့ ​UNFC

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က ​ပြည်တွင်းငြိမ်းချမ်းရေးအတွက် ​KIO ​နဲ့ ​တွေ့ဆုံ ​ဆွေးနွေးလိုတဲ့အပေါ် ​KIO ​ဘက်က ​ညီ ညွတ် သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ ​- ​UNFC ​ အနေနဲ့သာ ​ဆွေးနွေးဖို့ ​ပြန်ကြားခဲ့တယ်လို့ ​ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ​ဖွဲ့စည်းထားတဲ့ ​UNFC ​အဖွဲ့ဝင်တွေဟာ ​နိုင်ငံရေးအရဆွေးနွေးမှုတွေကို ​တဖွဲ့ချင်းစီမဆွေးနွေးပဲ ​UNFC ​အနေနဲ့သာဆွေးနွေးဖို့ ​သဘောတူထားကြတာနဲ့ပတ်သက်ပြီး ​အထွေထွေအ ​တွင်းရေးမှူး ​နိုင်ဟံသာက ​အခုလိုပြောပါတယ်။

“ကျနော်တို့ဘက်မှာ ​သဘောတူညီထားတဲ့အချက်အလက်ပဲ၊ ​နိုင်ငံရေးအရဆွေးနွေးရင် ​ကျနော်တို့ ​တ ​သီးတခြားစီ ​ခွဲပြီးမဆွေးနွေးဘူး၊ ​စု ပေါင်းပြီးတော့ ​ဆွေးနွေးမယ်ဆိုတဲ့မူ ​ကျနော်တို့ ​UNFC ​ဘက်မှာရှိပါတယ်၊ ​KIA ​တဖွဲ့တည်းမဟုတ် ပါဘူး ​တခြားအဖွဲ့တွေလည်း ​ဒီအတိုင်းပါပဲ၊ ​အတူတူဆွေးနွေးနိုင်ဖို့ကိုကြိုးစားနေကြပါတယ်၊ ​KIO ​အနေနဲ့ ​သူနဲ့ ​အစိုးရနဲ့ ​ကြားမှာပေါ့လေ၊ ​ဆွေးနွေးဖို့ ​သဘောထားတွေ ​ရှိလာတော့ ​UNFC ​အနေနဲ့ ​ဆွေးနွေးမယ်ဆိုတာ ​ကျနော်တို့ ​ချထားတဲ့မူအပေါ်မှာ ​အကောင်အထည်ဖော် တာ ပါပဲ။”

UNFC ​အနေနဲ့ ​ဒီလကုန်ပိုင်းလောက်မှာ ​အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ ​တွေ့ဆုံဆွေးနွေးတဲ့အခါမှာ ​ကချင်ဒေသမှာဖြစ်ပွားနေ တဲ့ ​စစ်ပွဲတွေရပ်ဆိုင်းဖို့ကို ​အဓိကထားဆွေးနွေးဖို့ပြင်ဆင်ထားတာဖြစ်ပေမဲ့ ​KIO ​ဘက်က ​အခုလို ​ထုတ်ပြန်ကျေညာခဲ့တဲ့အတွက် ​နိုင်ငံ ရေးနဲ့ပတ်သက်ပြီး ​အဓိကထားဆွေးနွေးသွားမှာဖြစ်တယ် ​လို့ ​ပြောပါတယ်။

ဒါအပြင် ​ခုလောလောဆယ် ​အစိုးရနဲ့ ​တွေ့ဆုံဆွေးနွေးနိုင်ဖိုလုပ်ဆောင်တာဟာ ​နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ် ​ပေါ်လာအောင် ​ပြင်ဆင်တဲ့ အ ဆင့်တွေပဲဖြစ်ပြီး ​UNFC ​အနေနဲ့ ​တိုင်းရင်းသားတွေအားလုံးတွေ့ဆုံညှိနှိုင်းပြီးမှ ​အနာဂတ်အတွက် ​အားလုံးပါဝင်နိုင်တဲ့ ​သုံးပွင့်ဆိုင် ဆွေးနွေး ပွဲတွေပြုလုပ်သွားမယ်လို့ ​နိုင်ဟံသာက ​ပြောတဲ့အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက်မြတ်မိုးက ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: