admin
ယခုလ ဇန္န၀ါရီ (၉) ရက်နေ့က ရခိုင်ပြည်နယ် ကျောက်တော်အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး သည် လက်အောက်ခံ တပ် ရင်းတည်ရှိရာစခန်းများသို့ နယ်လှည့်ကြောင်း သိရသည်။
တိုင်းမှူးဟာ ချင်းပြည်နယ်၊ ပလက်ဝမြို့ အခြေစိုက် အမှတ် (၂၈၉) ခြေလျင်တပ်ရင်းသို့ ဇန္န၀ါရီလ (၉) ရက်နေ့ ညနေ (၄) နာရီမှာ ရောက် ရှိခြင်းဖြစ်သည်။
“ နယ်စပ်လုံခြုံရေးကို အဓိက ထားပြီးရောက်လာတာပါ၊ ဇန္န၀ါရီ (၁၀) ရက်နေ့က တောင်ပြိုအထက်ပိုင်း ထရွန် အိုင်တပ် စခန်းကို သွား ပြီး တပ်မတော်သားတွေနဲ့ သွားရောက်တွေ့ဆုံတယ်” ဟု ဒေသခံတဦးက ပြောသည်။
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်သည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေတွင်ပါဝင်ပြီး မြို့နယ်အတွင်း တပ် စခန်းအနည်း ဆုံး ၂၀ ခန့်ရှိသည် ဟု သိရသည်။
ပလက်ဝမြို့နယ်အတွင်း တာဝန်ကျ စစ်သားများသည် ယခင် စစ်အစိုးရလက်ထက်က အတိုင်း ပြည်သူလူထုကို ပါဝါ ပြ ဆက်ဆံမှုများရှိ နေ သည်ဟု ဒေသခံတွေက ပြောကြသည်။
“ အရမ်းကိုသိ သာလွန်းတယ်။ ဇန္န၀ါရီလ ၉ ရက်နေ့က ခလရ ၃၇၈ ရှင်းလက်ဝတပ်စခန်းက တပ်ကြပ်ကြီးတယောက်က ပလက်ကိုဆင်းမဲ့ စက်လှေတစ်စီးကို ထွက်ခွင့်မပေးဘူး ၊ တိုင်းမှူးလုံခြုံရေးအတွက်လို့ ပြောကြတာပဲ” ဒေသခံ တဦးက ပြော သည်။
တိုင်းမှူးခရီးစဉ်ကြောင့် တချို့ ပလက်ဝမြို့ထဲက ဈေးဆိုင် အစွန်အထပ်မိုးများဖယ်ရှားလိုက်ရပြီး တိုင်းမှူးပြန်မှ ပြန်လည် လုပ်ရမည်ဟု အမိန့်ချထားကြောင်း ဆက်ဆိုသည်။
တိုင်းမှူးသည် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အခြားဌာနဆိုင်ရာလူကြီးများနှင့် တွေ့ဆုံပြီး ရခိုင်ပြည်နယ် အမ်းမြို့သို့ ပြန်လည် ထွက်ခွါ သွား ပြီ ဖြစ်သည်။
လက်ရှိစအစိုးရသည် ကုလားတန် ဖက်စုံစီမံကိန်းကြောင့် ပလက်ဝမြို့နယ်ကို စစ်မဲ့ဇုံအဖြစ် ထားရှိရန် စီစဉ်ဆောင်ရွက်နေ သည်။
No comments:
Post a Comment