Thursday, January 10, 2013

ယာဘား ဆေးပြားများနှင့် အတူ နယ်စပ်တွင် ရခိုင်နှင့် မွတ်ဆလင်များ အဖမ်းခံရ

ထွန်းထွန်း

ဘင်္ဂလားဒေ့ခ်ျ နိုင်ငံ မြစ်နားရွာမှ ရခိုင်အမျိုးသားနှစ်ဦးနှင့်မောင်တောမြို့နယ် မှ မွတ်ဆလင် သုံးဦး ကို ယာဘားဆေးပြား များနှင့်အတူ ဘင်္ဂလာဒေခ်ျ့ အာ ဏာပိုင်များက နယ်စပ်တွင် သီးခြားစီ ဖမ်းဆီးခဲ့သည်။

မြစ်နားရွာမှ ရခိုင် ၂ဦးကို ဇန္န၀ါရီလ ၆ ရက်နေ့က ယာဘား ဆေးပြား ၄၀၀၀ နှင့် အတူ ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ဖမ်းဆီး ခဲ့သည်။

ဖမ်းဆီးခံရသူ နှစ်ဦးမှာ ကိုမောင်စံအေး(၃၅)နှင့် မင်းကျော်(၁၈) တို့ ဖြစ်ကြ သည်။

သူတို့ နှစ်ဦးအား တက်ကနက်အခြေစိုက် ဘင်္ဂလားဒေ့ခ်ျ နယ်ခြားစောင့်တပ် ဖွဲ့ (BGB) အမှတ် (၄၂)မှ ဇန္န၀ါရီလ ၆ ရက် နံနက် ၇နာရီ တွင် ဖမ်းဆီးခံရ သည်ဟု ကော့စ်ဘဇားထုတ် သတင်းစာ များက ပြောသည်။

ယာဘာဆေးပြား ၄၀၀၀ ၏ လက်ရှိ တန်ဖိုးမှာ တာကာ တစ်ဆယ် သုံးသိန်းကျော်ဖိုး ရှိသည်ဟု ဆိုသည်။

အလားတူ မြန်မာနိုင်ငံမှ မွတ်ဆလင် (၃) ဦးထံကိုလည်း ယာဘား ဆေးပြား ၃၀၀၀ နှင့် အတူ လွန်ခဲ့သော သောကြာနေ့က ဘင်္ဂလာဒေ ခ်ျ့ ကမ်းခြေစောင့် တပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသူများမှာ ချောင်ချူ အာလာန် (၂၄) နှစ်၊ အန်ဆာ အာလောင် (၂၆) နှစ်နှင့် ကာမဲလ် ဟူ စိန် တို့ဖြစ်ကြပြီး မောင်တောမြို့နယ်မှ ဖြစ် ကြသည်ဟု ဇန္န၀ါရီလ ၆ ရက်နေ့စွဲဖြင့် ထုတ်ဝေသော The Independent သတင်းစာတွင် ဖေါ်ပြသည်။

သူတို့ (၃) ဦးသည် စက်လှေ တစ်စီးဖြင့် အဆိုပါ ယာဘားဆေးပြားများကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံအတွင်းသို့ သွင်းယူလာစဉ် ဆင်မဖြူ ကျွန်း အနီးတွင် ဖမ်းဆီးမိခြင်း ဖြစ်သည်ဟု အရှေ့ဇုံ ကမ်းခြေစောင့် တပ်ဖွဲ့ တပ်မှူး Abu Md Akik က ပြောသည်။

No comments: