ABC
ကချင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့စစ်ပွဲတွေရပ်တန့်ဖို့တောင်းဆိုမှုတွေ ရှိနေချိန်မှာပဲ အစိုးရ တပ်တွေနဲ့ KIA ကချင်လွတ်မြောက်ရေးတပ် တို့အကြား ဇန်န၀ါရီလ မနေ့မနက်ပိုင်းက တိုက်ပွဲတွေပြင်းထန်လာခဲ့တဲ့အတွက် KIA ဘက်က ကင်းထောက်စခန်းတခုထပ်ပြီး လက်လွတ် လိုက်ရတယ်လို့ သိရပါတယ်။
အစိုးရတပ်တွေက ဖွန်းပျဉ်ဘွမ်ကို လွန်ခဲ့တဲ့ ၂ရက်လောက်ကတည်းက လက်နက်ကြီးတွေနဲ့ ထိုးစစ်ဆင်တိုက် ခိုက်နေတာဖြစ်ပြီး ဖွန်း ပျဉ် ဘွမ် တောင်ရဲ့ အောက်ခြေမှာရှိတဲ့ စခန်းထောက်တခုကို လက်လွတ် ခဲ့ရတာ ဖြစ်တယ်လို့ ပြောပါတယ်။
အစိုးရဘက်က လက်ဂျားယန် အနီးက KIA တပ်ရင်း ၂၄ရဲ့ စခန်းထောက်ကို မနက်ကထဲက တိုက်လေယာဉ်တွေနဲ့ အပြင်းအထန်ထိုး စစ် ဆင် ခဲ့ တာဖြစ်တယ်လို့ ကျောင်သားတပ် မတော်မြောက်ပိုင်း တာဝန်ခံ ကိုလှဆိုင်းက အခုလိုပြောပါတယ်။
“ဒီနေ့တအားပြင်းတယ် ဖွန်းပျဉ်ဘွမ်ကိုထိုးတာ၊ ဒီကနေ့တော့ ၈နာရီ မိနစ် ၂၀ကနေ စတိုက်တာ၊ တိုက်လေယာဉ် ၂စီးနဲ့ ဖွတ်ဖွတ်ညက်ညက် ကြေအောင် လာပစ်သွားပြီးမှ ဟတ်စကီ ၃စီးနဲ့ လာပစ်သွားတာ ဒီကနေ့ ဟိုး အောက်နားက ပို့စခန်းတခုဆုတ် လိုက်ရတယ်လို့ ပြောတာပါ၊ တောင်ထိပ်တော့ မရောက်သေးဘူးလို့ ပြောတာပဲ။”
လောလောဆယ်မှာ KIA ဘက်က ပွိုင့် ၇၇၁ တောင်ကုန်းအပါအ၀င် စခန်းထောက် ၂ခုကို လက်လွတ် လိုက်ရပြီး အစိုးရတပ်တွေက အင်အား ၅ရာနီးပါးရှိတဲ့ ခြေလျင်စစ်ကြောင်း စစ်ကြောင်း ၂ကြောင်းခွဲပြီး ဖွန်းပျဉ်ဘွမ်ကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ထိခိုက် ကျဆုံးမှုတွေ ကိုတော့ မသိ ရသေးဘူးလို့ ပြောပါတယ်။
လက်ရှိအခြေအနေမှာ မြေပြင်စစ်ကြောင်း ၂ကြောင်းခွဲပြီးတက်လာတဲ့ အစိုးရတပ်တွေနဲ့ KIA ၊ ABSDF ပူးပေါင်း တပ်တွေ တိုက်ပွဲတွေ ဆက် လက်ဖြစ်ပွားနေတယ်လို့ ကိုလှဆိုင်းက ဆက်ပြောပါတယ်။
“တိုက်ပွဲလား၊ ချနေတုန်းပဲ တိုက်နေတုန်းပဲ၊ သူတို့ပုံစံကြည့်ရတာကတော့ လိုင်ဇာရဲ့ပတ်ပတ်လည် မှာရှိတဲ့ ပွိုင့်ကုန်းတွေကို အကုန်လုံးထိုး စစ်ဆင်တယ်၊ အဲဒါရပြီဆိုလို့ရှိရင် လိုင်ဇာကို ခြိမ်းခြောက်မယ်ပေါ့ ဒီပုံစံတွေ့ နေရတယ် အခု က။”
တိုက်ပွဲတွေဖြစ်ပွားနေတဲ့နေရာဟာ KIA ဌာနချုပ်လိုင်ဇာမြို့နားက အရေးပါတဲ့နေရာတွေမှာ ဖြစ်ပွားနေတာ ၁၂ရက်လောက်ရှိပြီလို့ ပြော ပါ တယ်။
တိုက်ပွဲတွေကြောင့် လိုင်ဇာမြို့ထဲမှာ တိတ်ဆိပ်ခြောက်ကပ်နေပြီး လိုင်ဇာဒေသခံတွေဟာ ဒုက္ခသည်စခန်း တွေမှာ ထွက်ပြေးတမ်းရှောင် ကြ သလို ဗုံးခိုကျင်းတွေ၊ ကတုတ်ကျင်းတွေထဲမှာ ရှောင်ပုန်းနေကြရတာတွေ လည်း ရှိတယ်လို့ ပြောတဲ့အကြောင်း RA သတင်းထောက် မြတ် မိုး က သတင်းပေးပို့ထားပါတယ်။

No comments:
Post a Comment