Monday, January 14, 2013

မြို့တော်ဟားခါးတွင် ပြည်နယ်ငါးမွေးမြူရေးရုံးဖွင့်လှစ်

admin

ဒီဇင်ဘာလ ၂၃ ရက်နေ့က ချင်းပြည်နယ်မြို့တော် ဟားခါးတွင် ပြည်နယ်ငါးမွေးမြူရေးရုံး ဖွင့်လှစ် လိုက် ကြသည်။ ရုံးနေရာ အကျယ်အ၀န်း ၄ ဒသာမ ၅၅၅ ဧကခန့်ရှိပြီး ငါးကန် (၄) ခုကို တူးဖော်ကြမည်ဖြစ် သည်။

ချင်းပြည်နယ်မှာ အင်းတွေရှားပါးလွန်းတယ်၊ ဒါပေမဲ့ ချင်းတောင်မှာ ငါးမွေးမြူရေးကို တကယ့်တကယ်ကြိုး စားယင် အောင် မြင်မှာပါ ဟု ပြည်နယ်ငါးမွေးမြူရေးမှူး ဦးမျိုးအောင်က ပြောသည်ဟု ဒေသထုတ် သ တင်းစာတွင်ဖော်ပြထားသည်။

တဆက်တည်း မြို့နယ်ငါးမွေးမြူရေးရုံးကို ဖလမ်း နှင့် မင်းတပ်မြို့များတွင်ဖွင့်လှစ်လိုက်ကြပြီး ခရိုင်ငါးမွေး မြူရေးရုံးများကို ဖလမ်း နှင့် တီးတိန်မြို့များတွင် ထားရှိကြသည်။ ခရိုင်ရုံးမှာ ငါးပေါက် ထုတ်လုပ် ရေး ကို ပြုလုပ်ကြမည်ဖြစ်သည်။

ဆက်လက်ပြီး ဦးမျိုးအောင်က ချင်းပြည်နယ်မှာ ဒိုင်နမို၊ မိုင်း၊ အဆိပ်ခတ်ငါးသတ်တာက အင်မတန် ၀မ်းနည်းစရာ ကောင်း တယ်၊ ပညာပေး လုပ် ငန်းတွေ များများလုပ်ဖို့ လိုအပ်ကြောင်း ဆိုသည်။

ဒိုင်နမိုဖြင့် ငါးဖမ်းသူကို ထောင်ဒါဏ် သုံးနှစ် ( သို့မဟုတ်) ငွေဒါဏ် ၃ သောင်း၊ မိုင်းဖြင့် ငါးဖမ်းသူကို ၁၀ နှစ်အထိ ထောင် ဒါဏ်ချမှတ် နိုင် သည်။


ချင်းပြည်နယ်တွင် တပိုင်တနိုင်ငါးမွေးမြူသူ ၁၂၈ ဦးရှိကြောင်း အကျယ်အ၀န်းအားဖြင့် ၁၀၇ဒသာမ ၄၈၆ ဧက ရှိကြောင်း ထပ်မံသိရ သည်။

ထို့အပြင် ချင်းပြည်နယ်တွင် ပျားမွေးမြူရေးလုပ်ငန်းကို အကောင်အထည်ဖော်ပြီးဖြစ်သော်လည်း ထင်သလောက် လုပ်ငန်းမပေါက် မြောက် ကြောင်း သိရသည်။

No comments: