အာရ်ကန်တိုင်းမ်စ်
ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သောဘင်္ဂလီ(ကုလား) အဓိကရုဏ်းကြောင့် မောင်တောမြို့နယ်မှ ရခိုင့်ဒုက္ခသည်ကလေးငယ်များ၏ ပညာ ရေး မှာယနေ့အချိန်ထိ လွန်စွာစိုးရိမ်စရာ အခြေအနေနဲ့ကြုံတွေ့ နေရဆဲရှိကြောင်း မောင်တောမြို့နယ် ရခိုင့်ဒုက္ခသည်များကို ကူညီရန် (၄)ရက် ကြာခရီးသွားရောက်ခဲ့ပြီးနောက် ဇန်န၀ါရီလ ၁၁ ရက် ယမန်နေ့က ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့သည့် သံတွဲခရိုင်နာ ရေး ကူညီ မှုအသင်းမှ ပြောရေးဆိုခွင့်ရှိသူ ကိုထွန်းမောင်က အာရ်ကန်တိုင်းမ်စ်သို့ ပြောကြားသည်။
" ဒီခရီးစဉ်က ၄ ရက်လောက်သာ ကြာခဲ့တယ်ဆိုပေမယ့် ကိုယ်တိုင်ကိုယ်ကျမြင်တွေ့ခဲ့ရတဲ့ အဖြစ် အပျက်တွေကတော့အတော်လေးကြေကွဲ ရင်နင့်စရာကောင်းပြီး လွယ်လွယ်နဲ့မေ့လို့ရနိုင်မယ့် ခရီးစဉ်တစ်ခုတော့မဟုတ်ပါဘူး။ မောင် တောင်မြို့နယ်မှာ မီးရှို့ဖျက်စီးခံခဲ့ရတဲ့ သရေကုန် ဘောင်ရွာ၊ ခရေမြိုင်ရွာနဲ့ တခြားကျေးရွာကကလေးငယ်တွေရဲ့ ပညာဆက်လက်သင် ကြားရေးဟာ အင်မတန်စိုးရိမ်စရာအနေအထားမှာရှိနေ ကြတုန်းပါ။ သရေကုန်ဘောင်ရွာမှာ ဆိုရင်ရွာလုံးကျွတ်ပြာကျသွားအောင် မီးရှို့ခံခဲ့ရတယ်။ ဘုန်းကြီးကျောင်းရော စာသင်ကျောင်းပါတစ် ခုမှ မချန်ခဲ့ဘူး။ လက်ရှိမှာဒုက္ခသည်တွေဟာ ရွက်ဖျက်တဲလေးတွေဆောက်ပြီး ဆင်းရဲဒုက္ခကြီးစွာနဲ့ နေနေကြရပါတယ်။ ဒုက္ခသည်ကလေးငယ် တွေ ဟာလည်း အလိုတော်ပြည့်ဘုန်းကြီးကျောင်းနဲ့ ဗဟိုလ်ဘုန်းကြီး ကျောင်း တွေမှာ ခိုလှုံပြီးပညာဆက်လက် သင်ကြားနေကြ ရ ပါတယ်။ စာသင်ကျောင်းတွေက ဘင်္ဂလီရွာကြားထဲမှာရှိတာဆိုတော့ အဓိကရုဏ်းဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ကလေးငယ်တွေ ကြောက်စိတ်ဝင်သွားကြပြီး ကျောင်းသွားမတက်ရဲကြတော့ဘူး။ လုံခြုံရေးကလည်းစိတ်ချ ရတဲ့ အခြေအနေမှာမရှိပါဘူး။ ဆရာတော်တွေကမကထဦးစီးပြီးတော့ ကျောင်း ဆရာ/ဆရာမတွေကို ခေါ်ယူငှားရမ်းထားကြရတယ်။ " ဟု ကိုထွန်းမောင်က ပြောဆိုသည်။
ရခိုင့်ဒုက္ခသည်များ၏ စားဝတ်နေရေးဒုက္ခအပြင် ကလေးငယ်များ၏ ကျန်းမာရေးနဲ့ ပညာရေးမှာလွန်စွာ ဆိုးဝါးနေသဖြင့် ဒီဒုက္ခအခက်အ ခဲ တွေမှ လွန်မြောက်ဖို့နဲ့ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိရန် လက်ရှိအစိုးမှာ အဓိကတာဝန်ရှိကြောင်းလည်းကို ထွန်းမောင်ကအာ ရ် ကန် တိုင်းမ်စ်သို့ ဆက်လက်ပြောကြားသည်။
" ဒီဒုက္ခသည်တွေ လုံလုံခြုံခြုံနဲ့ အရင်အခြေအနေမျိုးမဟုတ် ရင်တောင် အခုကြုံတွေ့နေရတဲ့ အခြေအနေဆိုးတွေလောက်မဆိုးတဲ့ အနေ အ ထားတခုမျိုးကိုပေါ့လေ သူတို့ရဲ့မူလလုပ်ကိုင်စားသောက် နေကြတဲ့ လုပ်ငန်းခွင်တွေမှာ လွတ်လွတ်လပ်လပ်လုံလုံခြုံခြုံနဲ့ပြန်လည်လုပ်ကိုင် နိုင် လာအောင်၊ ဒုက္ခသည်ကလေးငယ်တွေရဲ့ အနာ ဂတ်ပညာရေးကို လုံခြုံစိတ်ချစွာ သင်ကြားတတ်မြောက်နိုင်အောင် နိုင်ငံတော်အစိုးရရဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုနဲ့ ထင်သာမြင်သာရှိ အောင် ပူးပေါင်းဆောင်ရွက်ဖို့ အဓိကပါပဲ။ " ဟု ကိုထွန်းမောင်က ရှင်းလင်းပြောကြားသွားခဲ့သည်။

No comments:
Post a Comment