ABC
မြန်မာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အိန္ဒိယ နိုင်ငံအနေနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေကို ကူး ဖို့တံတားအနေနဲ့ မြန်မာနိုင်ငံကို အသုံးပြု ဖို့ ကမ်းလှမ်းလိုက်တယ်ဆို တဲ့အကြောင်း အိန္ဒိယ နိုင်ငံက မီဒီယာတွေအရ သိရပါတယ်။
အိန္ဒိယ ကာကွယ်ရေးဝန်ကြီး A.K. Antony ခေါင်းဆောင်တဲ့ ကာကွယ်ရေးဦးစီးချုပ်ထိပ်တန်းအရာ ရှိအဖွဲ့ဟာ မြန်မာနိုင်ငံကို ၂ ရက်ကြာ ခရီး စဉ်နဲ့ရောက်ရှိနေပြီး မနေ့က နေပြည်တော်မှာ သမ္မတကြီး ဦးသိန်းစိန် နဲ့ တွေ့ဆုံ ဆွေးနွှေး ခဲ့တဲ့အကြောင်း သိရပါတယ်။ အိန္ဒိယ မြန်မာ၂ နိုင်ငံတွေ့ ဆုံဆွေးနွှေးပွဲမှာ အဓိက အားဖြင့် နယ်စပ်လုံခြုံရေးကိစ္စတွေ ဖြစ်ပြီး၊ တရုတ် နိုင်ငံအနေနဲ့ အိန္ဒိယ သမုဒ္ဒထဲကို လမ်း ပေါက်တာကို ကြိုတင် ကာကွယ်ဖို့ ခြေလှမ်းတွေ ကိုလည်း ဆွေးနွှေးဖို့ ပါဝင်တယ်လို့ အိန္ဒိယ နိုင်ငံက နိုင်ငံရေး သုံးသပ်ရေးသမားတွေက ဆိုပါတယ်။
တရုတ်နိုင်ငံအနေနဲ့ ကိုကိုးကျွန်းမှာ စစ်တပ် အခြေချစခန်း ရှိ နေတာဖြစ်လို့ အိန္ဒိယ နိုင်ငံ အနေနဲ့ မြန်မာ ကာကွယ်ရေး တပ်နဲ့ ပို မိုရင်းနှီး မှု ကို လို လားနေတာဖြစ်တယ်လို့ ဆိုပါတယ်။ အိန္ဒိယ မြန်မာ ၂ နိုင်ငံကြား နယ်စပ်ဒေသက လက်နက်ကိုင်သောင်းကျန်းတဲ့အဖွဲ့တွေ ဒု စရိုက် ကျူးလွန်မှုတွေ နယ်စပ်လုံခြုံရေးကိစ္စတွေနဲ့ ၂ဦး ၂ ဘက်လုံးက မိမိတို့ ၂နိုင်ငံတွင်း အစိုး ၂ခုလုံး ကို ထိပါးတဲ့ လှုပ်ရှားမှု များ လုပ် ကိုင် ဆောင် ရွက်ဖို့အတွက် စားကြက်မြေ မပေးဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံတွင်း တရုတ် နိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ မြစ်ဆုံစီမံကိန်းကြီး ရပ်တန့်ထားတဲ့ အတွက်ကြောင့် မြန်မာ နိုင်ငံအနေနဲ့ လို အပ် နေတဲ့ လျှပ်စစ်ဓါတ်အား စီမံကိန်း ကို အိန္ဒိယ နိုင်ငံ အကောင်အထည်ဖေါ်ဖို့ လက်ခံတာတွေ ပါဝင်တယ်လို့ သိ ရ ပါတယ်။
အိန္ဒိယ ကာကွယ်ရေးဝန်ကြီး A.K. Antony က အိန္ဒိယ နိုင်ငံကနေ လွန်ခဲ့တဲ့ တနှစ်ခွဲအတွင်း မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံက ထိပ်တန်း ခေါင်း ဆောင်တွေ လာရောက်ခြင်းဟာ မြန်မာနိုင်ငံ နဲ့ နိုင်ငံရေးအရရော တခြားကဏ္ဍတွေမှာ အပါအဝင် ဆက်ဆံရေးပိုမိုတောင့်တင်း ခိုင်မာမှုကိုလို လားနေတယ်ဆိုတာကိုပြသနေတာဖြစ်တယ်လို့ဆိုပါတယ်။
No comments:
Post a Comment