ABC
သစတြေးလျနိုင်ငံမှာရောက်ရှိနေတဲ့ ကချင်တိုင်းရင်းသားတွေအနေနဲ့ လက်ရှိကချင်ပြည်နယ်မှာဖြစ်နေတိုက်ပွဲတွေကြောင့် အကူအညီ လုံ လောက် စွာ မရဘဲ ပြည်တွင်းဒုက္ခသည်တွေအဖြစ်နဲ့ နေထိုင်နေရတဲ့ ကချင်လူထုတွေအတွက် ဖရောင်းတိုင်မီးထွန်းဆုတောင်းပွဲ တခု ကို ဆီဒနီမြို့မှာ မနေ့ညကကျင်းပပြုလုပ်ခဲ့ကြပြီး တက်ရောက်သူ ၂၅ဝနီးပါးရှိခဲ့တယ်လို့သိရပါတယ်။
အခမ်းအနားကို ကျင်းပရခြင်း အကြောင်းနဲ့ပတ်သက်ပြီး အခမ်းအနား တက်ရောက်ခဲ့တဲ့ ကချင်တိုင်းရင်းသူ မဆိုင်လဖိုင်က အခုလိုရှင်းပြခဲ့ပါ တယ်။
“ရည်ရွယ်ချက်ကတော့ ဆက်လက်ပြီးတော့ ထိုးစစ်ဆင်နေဆဲဖြစ်တဲ့ အကြမ်း ဖက် မြန်မာ စစ်တပ်ကို ပြင်းပြင်း ထန်ထန် ကန့်ကွက်ဆန္ဒဖော် ထုတ်ဖို့ရန် ပြီးတော့ လူဦးရေတသိန်းမျှရှိနေပြီဖြစ်တဲ့ ကချင်စစ်ပြေး ဒုက္ခသည်များကို ထပ်တူထပ် မျှစာနာပြီး မားမားမတ်မတ် ၄င်းတို့နဲ့အတူ ရှိနေကြောင်း အားပေးဖို့အတွက် ပြီးတော့ စစ်ပြေးဒုက္ခသည်များရဲ့အကြပ်အတည်း အမြန် ချုပ်ငြိမ်းဖို့အတွက် ဆုတောင်းခြင်း တို့ဖြစ်ပါတယ်” ဆိုပါတယ်။
အခမ်းအနားမှာ သြစတြးလျနိုင်ငံက နိုင်ငံရေးပါတီတခုဖြစ်တဲ့ Geen ပါတီက ဆီနိတ်လွတ်တော်အမတ် John Kaye လည်းတက်ရောက် ပြီး သြစတြေးလျနိုင်ငံအနေနဲ့ လက်ရှိကချင်ပြည်နယ်ကဖြစ်နေတဲ့ ပဋိပက္ခအပေါ် အခုလိုပြောပါတယ်။
“သြစတြေးလျနိုင်ငံ ခြားရေးဝန်ကြီးအနေနဲ့ တကယ့်ဖြစ်နေတဲ့အခြေအနေ ကိုနားလည်စေချင်တယ်။ ပြီးတော့ မြန်မာအစိုးရအနေနဲ့ သူတို့ရဲ့ တာဝန်ယူမှုကို ရှောင်ရှားဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနောက်ကွယ်ကနေ ဒါမှမဟုတ် သူတို့ယုံကြည်အားထားရတဲ့စစ်တပ်အာဏာနောက် ကွယ်ကနေပုံးကွယ်နေလို့မရသလို ဘယ်သမိုင်းရဲ့နောက်ကွယ်မှာမှပုံးကွယ်လို့မရ တဲ့အ ကြောင်းကို မြန်မာအစိုးရကိုနားလည်စေချင်တဲ့အ ကြောင်း၊ ကျနော်တို့အနေနဲ့ကလည်း ဘယ်ပဋိပက္ခသမိုင်းကိုမှဂရုမစိုက်ကြောင်း၊ ကျ နော်တို့ ဂရုစိုက်တာက ကချင်တိုင်းရင်းသားတွေရဲ့အခွင့် အရေး၊ သူတို့ရဲ့ဌာနေမှာလွတ်လပ်ပျော်စွာ ငြိမ်းချမ်းစွာ ကြီးထွား နေထိုင်ရဖို့နဲ့အကြောက်တရားကနေကင်းလွတ်ပြီး လွတ်လပ်စွာနေ နိုင် ခွင့်တွေကိုပဲဂရုစိုက်တဲ့အကြောင်း” ကိုပြောသွားတာ ဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံမှာအကြောင်းအမျိုးအမျိုးကြောင့် ရောက်ရှိနေထိုင်ကြတဲ့ ကရင်တိုင်းရင်းသားများ၊ မွန်တိုင်းရင်းသားများနဲ့ မြန်မာ့အ ရေး လုပ်ရှားသူများလည်းတက်ရောက်ခဲ့ကြပြီး အခမ်းအနားကိုတက်ရောက်ခဲ့တဲ့မွန်တိုင်းရင်းသားတဦးကတော့ သူ့အနေနဲ့တက်ရောက် ရတဲ့အ ကြောင်းကိုအခုလိုပြောပါတယ်။
“ကချင်တိုင်းရင်းသားလူမျိုးတွေအပေါ် မတရားငြင်းပမ်းနှိမ့်စက်တိုက်ခိုက်ခြင်းတွေကို ကျနော်တို့ ဆန့်ကျင်ရှုံ့ချချင်တဲ့အနေဖြင့် လာရောက်ခဲ့ခြင်းဖြစ်ပါတယ်။”
အခမ်းအနားကို ည ၇နာရီခွဲကနေ ၉နာရီခွဲအထိကျင်းပပြုလုပ်ခဲ့ပြီး ကချင်ပြည်နယ်ကဒုက္ခသည် တွေကြုံတွေ့ခံစားရတဲ့အကြောင်းအရာ တွေ ကို ရုပ်သံတွေနဲ့အတူ ပြသတင်ပြခဲ့ကြပြီး ဖရောင်းတိုင်မီးထွန်းဆုတောင်းပွဲတွေပြုလုပ်ခဲ့ကြပါတယ်။
အခမ်းအနားကိုတက်ရောက်စကားပြောခဲ့တဲ့ Burma Campaign Australia ကတာဝန်ရှိသူ Zetty Brake ကလည်း လက်ရှိထိုးစစ်ဆင်မှုနဲ့ပတ် သက်ပြီးသူတို့ရဲ့အမြင်သဘောထားကိုအခုလိုပြောပါတယ်။
“ကျမထင်တာကတော့ တကယ့်အောက်ခြေမှာဖြစ်နေတဲ့အခြေအနေနဲ့ မြန်မာအာဏာနာပိုင်တွေက ပြောတာနဲ့တော်တော်လေးကွာပါတယ်။ ကျ မတို့အနေနဲ့ သူတို့ရဲ့ပြောတာတဲ့အပေါ်ကိုကြည့်ပြီးဆုံးဖြတ်လို့မရပါဘူး။ သူတို့လုပ်နေတဲ့အ ပေါ်မှာဆုံးဖြတ်ရမှာဖြစ်ပါတယ်။ သူတို့ပြော တာကတခြား တကယ်ဖြစ်နေတာကနဲ့ လုံးဝဆန့်ကျင်ဖက်ဖြစ်နေပါတယ်။ လူတသိန်းကျော် လောက် ပြည်တွင်းဒုက္ခသည်တွေအဖြစ်နဲ့နေရပြီး တော့ အကူအညီတွေကိုလုံလောက်စွာမရဘူး။ ကျမတို့တွေ့ချင်တာက လူသားချင်းစာ နာထောက်ထားတဲ့အကူအညီပေးဖို့၊ တားမြစ် ထား တဲ့အချက်တွေအားလုံးဖွင့်ပေးပြီး ဝင်ခွင့်ပေးဖို့၊ ပြီးတော့ အကူအညီလိုအပ်တဲ့သူ တွေအားလုံး သူတို့ရဲ့လိုအပ်ချက်တွေရဖို့အတွက်လည်း စမ်း စစ်ရမှာဖြစ်ကြောင်းနဲ့ ကမ္ဘာတဝန်းမှာရှိတဲ့အဖွဲ့အစည်းတွေအနေနဲ့က လည်း အကူအညီပေးနိုင်မဲ့နည်းလမ်းအမျိုးမျိုးကိုအသုံးပြုပြီး လိုအပ် တဲ့ သူတွေဆီအကူအညီရောက်အောင် သေချာစမ်းစစ်ရမှာဖြစ် ကြောင်း” ပြောသွားတာဖြစ်ပါတယ်။
ကချင်ပြည်ငြိမ်းချမ်းရေးအတွက်လှမ်းလျှေက်ပွဲ
ရန်ကုန်ကနေ မိုင် ၈၀၀နီးပါးရှိတဲ့ KIO ဌာနချုပ်လိုင်ဇာ ကို ငြိမ်းချမ်းရေးအတွက် လမ်းလျောက်တဲ့အဖွဲ့ဟာ ပဲခူးမြို့အ၀င်မှာ အာဏာပိုင်အဖွဲ့အစည်းတွေက စီတန်းလှည့်လည်ခွင့် ဥပဒေနဲ့ မညီဘူးဆိုပြီး တားမြစ်ခံရ ပြီးနောက် နေ့လည်ပိုင်းမှာခရီးဆက်ထွက်ခွင့် ရ ခဲ့တယ်လို့ သိရ ပါတယ်။
ငြိမ်းချမ်းရေးအတွက် လမ်းလျောက်တဲ့ အဖွဲ့မှာ သံဃာတော် ၃ပါးအပါအ၀င် အားလုံးအယောက် ၃၀ ရှိ တယ်လို့ သိရပါတယ်။
ပဲခူးမြို့အ၀င်မှာ အာဏာပိုင်အဖွဲ့အစည်းတွေက ရှေ့ဆက်မသွားဖို့ တားမြစ်ခဲ့တာနဲ့ ပတ်သက်ပြီး လမ်းလျောက်ရာမှာ ဦးဆောင်ပါဝင်သူ ကို ဇင်ကိုက အခုလိုပြောပါတယ်။
“ကျနော်တို့ ပဲခူးအ၀င်မှာ အတားခံရတာပါ၊ ကျနော်တို့က အလံထောင် ပြီး သွားနေတဲ့အတွက် ကျ နော်တို့ လမ်းလျောက်နေတာ စီတန်း လှည့် လည်ခွင့်ဥပဒေနဲ့ မညီပါဘူးဆိုပြီး ကျနော်တို့ကို တားတာပါ။”
ငြိမ်းချမ်းရေးအတွက် လမ်းလျောက်သူတွေက စစ်ပွဲတွေဖြစ်ပွားနေတဲ့ လိုင်ဇာမြို့မှာ ငြိမ်းချမ်းရေးအလံစိုက်ထူမှာ ဖြစ်ပေမဲ့ အာဏာပိုင် တွေ ကအလံ ကိုင်ဆောင်ခွင့်မပေးတဲ့အတွက် အလံမပါဘဲခရီးဆက်ထွက်ခဲ့ကြတယ်လို့ သိ ရ ပါတယ်။
လမ်းလျှောက်တဲ့ အဖွဲ့တွေ တည်းခိုမဲ့ပဲခူးမြို့ကဘုန်းကြီးကျောင်းကို သက်ဆိုင်ရာအာဏာပိုင်တွေက တည်းခိုခွင့်မပေးပြီး မီးတွေလည်း ဖြတ် ထားတယ်လို့ဆိုတဲ့အကြောင်းသိရပါတယ်။
No comments:
Post a Comment