ခနောက်စိမ်းသန့်စင်စက်ရုံ တည်ဆောက်နေသည့်နေရာ
ကယား(ကရင်နီ)ပြည်နယ် ဖရူဆိုမြို့နယ် မူဆိုကျေးရွာအုပ်စုအတွင်း ခနောက်စိမ်းသန့်စင်စက်ရုံ တည်ဆောက်နေတဲ့နေရာဟာ စိမ့်စမ်း ရေ ထွက်ပေါက်တွေနဲ့ ရေချောင်းများ တည်ရှိနေတဲ့အတွက် ရေအရင်းအမြစ် ပျက်စီးဆုံးရှုံးမှာကို ဒေခံတွေက စိုးရိမ်ကြောက်ကြနေကြလို့ အဆို ပါစက်ရုံကို မလိုလားကြဘူးလို့ ဒေသခံတွေကထုတ်ဖေါ် ပြောဆိုနေကြပါတယ်။
စက်ရုံတည်ဆောက်တဲ့ နေရာအနီးတဝိုက်က ရေအရင်းအမြစ်တွေဟာ မိုဆိုကျေးရွာ အုပ်စုအပါအဝင် ဖရူဆိုမြို့ပေါ်နှင့် ဒီမောဆိုမြို့ပေါ်ရှိ ငွေ တောင်ဆည်အတွင်းသို့ စီးဆင်းသွားတဲ့ ရေသောက်မြစ်လည်း ဖြစ်တယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦး ဖြစ်တဲ့ မကက်ထရုက ပြောပါ တယ်။
မကက်ထရုက "ကျမတို့ မိုဆိုကျေးရွာအုပ်စု တလျှောက်လုံး သမာက ရေနဲ့ ပတ်သက်လိုရှိရင်ပေါ့လေးနော် ဖရူဆို၊ ဒီမောဆို၊ ထီးပေါ်ဆို၊ ဒေါ ကူခူ၊ ဆိုလျားကူး တလျောက်လုံး ပေါ့နော် ရေက သူတို့ ခနောက်စိမ်း သတ္တုစက်ရုံက ရေက တကြောင်းထဲ ဖြစ်နေတဲ့ အတွက်ကြောင့် အဲဒီ ရေက တနေရာကို နည်းနည်းဖြာထွက်နေတယ် အဲဒီအတွက်ကြောင့် အဲဒီရေက ကျမတို့ ပြည်သူတွေအတွက်သောက်သုံးရေဖြစ်ကြတယ် အဲ ဒီအတွက်ကြောင့် သူတို့ ဒီလိုလာလုပ်ခြင်းအားဖြင့် ကျမတို့အတွက် ရေတွေ မသန့်ရှင်းတော့ဘူးပေါ့နော်" လို့ ပြောပါတယ်။
ဒေသခံပြည်သူတွေနဲ့ ညှိနှိုင်းတိုင်ပင်ဆွေးနွေးမှု မရှိပဲ အစိုးရနဲ့အပစ်ခတ်ရပ်ယူထားတဲ့ ကယောနီအဖွဲ့မှဦးဆောင်ကာ တခြားသော ကုမ္ပ ဏီ လုပ်ငန်းရှင်တွေနဲ့ အတူပူးပေါင်းပြီး စက်ရုံကိုစတင် တည်ဆောက်နေမှုအပေါ် ဒေသခံတွေက ကန့်ကွက်နေကြတယ်လို့ ဆိုပါတယ်။
မိုဆိုကျေးရွာမှ ရပ်မိရပ်ဖတဦးဖြစ်တဲ့ ဦးဘားရယ်က“ တရွာလုံးကသူတို့ကို လက်မခံဘူးလို့ပြော တယ် ဘာဖြစ်လို့လဲဆိုသူတို့က အစကနေ အကျိုးအကြောင်းရှိလဲ ဘာတခုမှ အကြောင်းမကြားဘူး ဘာတခုမှမလုပ်ခဲ့ဘူး ရှေးလူကြီး ကလည်းမှာထားတာရှိတယ် ကျနော်တို့လဲသိထား တယ်။ သူတို့လုပ်သွားပြီး ကျနော့်အနေနဲ့လက်မခံချင်ဘူး တရွာလုံးလည်းလကမ ခံဘူး နောက်ပြီး အန္တရာယ်ကတော့ ဖြစ်လာမဖြစ်လာတော့ ကျနော့်အနေနဲ့တိတိကျကျမသိဘူး ဒါပေမဲ့လို့ ဖြစ်လာခဲ့သော် ဘယ်လို လုပ်မလဲ လုပ်လာခဲ့ရင် ဘယ်လိုဝန်ခံမလဲ သူကအန္တရာယ်တခုခုဖြစ် လို့ရှိရင် လျှော်ကြေးပေးနိုင်မလား သိသလောက်ဆိုရင် အဲဒီစက်ရုံ အန္တရာယ်တခုခုဖြစ်လာလို့ရှိရင် ချက်ချင်းဖြုတ်မယ်ထိလာပြီဆိုရင်စက်ရုံ ဖြုတ်ရုံပဲနောက်အန္တရာယ်ခံရပြီဆိုရင်ကျနော်တို့ဒေသကပဲခံ ရတဲ့ပုံစံဖြစ်နေတယ်။” လို့ ပြောပါတယ်။
ဖရူဆိုမြို့နယ် ဟိုယာကျေးရွာအုပ်စုအတွင်း တူးဖော်နေတဲ့ ခနောက်စိမ်းတွေကို သန့်စင်ဖို့အတွက် ရေရှားပါးတဲ့ မိုဆိုကျေးရွာအုပ်စုမှာ သ တ္တုသန့်စင်စက်ရုံကို လာရောက်တည်ဆောက်နေရခြင်းဖြစ်တယ်လို့ မိုဆိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးထမားရယ်က ပြောပါတယ်။
“ခနောက်စိမ်းတူးဖော်တဲ့နေရာမှာ သူတို့သတ္တုသန့်စင်စက် မဆောက်ပဲနဲ့ ပိုက်ဆံငွေရေးကြေး ရေး အကုန်ခံပြီးတော့မှ ဒီမူဆိုအုပ်စုမှာရေ ရှားပါးတဲ့နေရာမှာလာပြီးတော့မှ သတ္တုသန့်စင်စက်လာပြီးတော့ထောင်မယ် အဲလိုပဲပြော တယ် ဒါပေမဲ့ကျနော်တို့ရွာ အုပ်ချုပ်ချုပ်ရေးမှူး တွေကိုတော့ ဘာမှလဲမပြောဘူး တိုင်ပင်ဆွေးနွေးတာလဲ ဘာမှမပြောဘူး ကျနော်တို့သံသယဖြစ်တာက ဒီသတ္တုသန့်စင်စက်ကို ခူပရား ဘက်မှာ ထောင်လို့ရရဲ့သားနဲ့ ငွေကြေးလည်းပိုကုန်ခံတယ် အဲဒါဆိုးကျိုးဖြစ်နိုင်လို့ ဟိုဘက်ရွာက လက်မခံလို့ ဒီဘက်လာတာဖြစ်နိုင် တယ်လို့ ယူဆတယ် သူတို့စုပ်တင်နေတဲ့ရေက အဲဒီချောင်းကရေက ရေလိုင်းတ လိုင်းပဲရှိတယ် အဲဒီမြေကြီးအောက်မှာ ဂူပေါက်တွေအများ ကြီးရှိတယ် ရေကျောက ထွက်တာက ကွိုင်ငံချောင်းမှာ ဒီမောဆိုငွေတောင်အ ထိပေါ့ မူဆိုအနီးနားကတော့ အဲဒီရေကျောကနေပဲခွဲ ထွက်တယ် ပြည်သူတွေကလည်း အဲဒါတွေပဲသောက်တယ်။”
ယမန်နှစ်က ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း ခနောက်စိမ်းတူးဖေါ်ရေးလုပ်ငန်းကြောင့် ဒေသခံတို့ရဲ့စိုက်ပျိုးခြံများထိခိုက်ပျက်စီးမှုများ ရှိ လာ တဲ့အတွက် တောင်သူလယ်သမားများရဲ့ တိုင်ကြားချက်တွေကြောင့် အခွန်လက်ခံရရှိတဲ့ ကရင်အမျိုးသားအစည်းအရုံး KNUမှ ခ နောက် စိမ်းတူးဖေါ်ရေးလုပ်ငန်းအချို့ကို ရပ်ဆိုင်းပေးခဲ့ရပါတယ်။
၂၀၁၂ခုနှစ်မေလအစောပိုင်းကစပြီး ကယား(ကရင်နီ)ပြည်နယ်အတွင်း အစိုးရနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီKNPP အကြား ငြိမ်း ချမ်း ရေးဖေါ်ဆောင်နိုင်ဖို့ အပစ်ခတ်ရပ်စဲရေး ပြုလုပ်ထားတဲ့အချိန်ကာလအတောအတွင်း စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် စီးပွား ရေး သ မား များမှ ချဉ်းကပ်မှုများပိုမိုပြုလုပ်လာနေပါတယ်။

No comments:
Post a Comment