Tuesday, January 8, 2013

သြစတြေးလျရောက် ကချင်တိုင်းရင်းသားများဆန္ဒပြ

ABC

သြစတြေးလျနိုင်ငံမှာရောက်ရှိနေတဲ့ကချင် ​တိုင်းရင်းသားအဖွဲ့စည်းတို့က ​ဦးဆောင်ပြီး ​မြို့တော်ကမ်ဘာရာမှာရှိတဲ့ ​ပါလီမာန်ရှေ့၊ ​မြန်မာ သံရုံး ရှေ့နဲ့ ​တရုတ်သံရုံးရှေ့တို့မှာ ​လူပေါင်းတစ်ရောလောက်စုရုံး ​ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြရတဲ့ ​အကြောင်းအရင်းကတော့ ​လက်ရှိမြန်မာအစိုးရတပ် ​နဲ့ကချင်လွတ်မြောက်ရေးတပ်တို့ ​တိုက် ခိုက်မှုတွေကြား ​အစိုးရတပ်ဖက်က ​တိုက်လေယာဉ်တွေနဲ့ ​ထိုးစစ်ဆင် ​အသုံးပြုနေတဲ့ ​ကိစ္စကို ​ကန့်ကွက်တဲ့ ​အနေနဲ့ ​ဆန္ဒဖေါ်ထုတ်ကြ တာ ​ဖြစ်ပါတယ်။ ​သြစတြေးလျ ​ပါလီမန်ရှေ့မှာ ​နေ့လယ်တနာရီ ​ကနေစပြီးတော့ ​မြန်မာသံရုံးရှေ့နဲ့ ​တရုတ်သံရုံးရှေ့တွေမှာ ​ညနေသုံးနာ ရီအထိ ​အသီးသီးဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲကိုတော့ ​ဆုတောင်းမေတ္တာပို့ခြင်းနဲ့ ​စတင်ခဲ့ပါတယ်။ ​ဆုတောင်းခြင်းပြီးတဲ့နောက်ပိုင်းမှာတော့ ​မြန်မာအစိုးရကိုကန့်ကွက်ရှုံ့ချတဲ့ ​ကြွေး ကျော်သံတွေ၊ ​သြစတြေးလျ ​အစိုးရကိုလည်း ​မြန်မာနိုင်ငံထဲ ​ရင်းနှီးမြုံပ်နှံမှုမလုပ်ဖို့နဲ့ ​စီးပွားရေး ​ပိတ်ဆို့မှုကိုပြန်ပြီးလုပ်ဖို့၊ ​တရုတ်အ စိုးရ ကို လည်း ​လူ့အခွင့်အရေး ​လေးစားဖို့နဲ့ ​မြန်မာအစိုးနဲ့မပူးပေါင်းဖို့ဆိုတဲ့ကြွေးကျော်သံတွေနဲ့သံရုံးရှေ့အသီးသီးမှာ ​အော်ဟစ်ခဲ့ကြပါ တယ်။

ဆန္ဒပြပွဲမှာ ​ကချင်တိုင်းရင်းသား ​အမျိုးသမီး၊ ​ကလေးငယ်တွေအပါအ၀င် ​သြစတြေးလျမှာရောက်ရှိနေတဲ့ကရင်တိုင်းရင်းသားနဲ့ချင်းတို့လည်း ဆန္ဒပြပွဲမှာပါဝင်ခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာပါဝင်တဲ့ ​ကချင်တိုင်းရင်းသူ ​စန်လာဖိုင်က ​ဆန္ဒလာရောက်ဖေါ်ထုတ်ရခြင်းအကြောင်းအရင်းကိုအခုလိုပြောပါတယ်။

“ကျမတို့သြစတြေးလျနိုင်ငံရောက်ကချင်လူမျိုးတွေအခုလိုလာရောက်ဆန္ဒပြရတဲ့အကြောင်းအရင်းဟာ ​သမတ္တဦးသိန်းစိန်ရဲ့မြန်မာစစ်တပ်ဟာ ​၁၉လကြာ ​ကြာမြင့်ခဲ့ပြီးဖြစ်တဲ့ ​မတရားတဲ့ ​ကချင်ပြည်နယ်စစ်ကို ​မရပ်ဘဲနဲ့ ​ပိုပြီးတော့အရှိန်အ ဟုန်မြင့်ပြီးတော့ ​ဒီခရစ္စမတ်ကာနဲ့ ​နယူးယီး ယားကာလပေါ့နော် ​အမြင့်ပြခြေမုန်းရေးအဆင့်ကိုတိုးမြင့်ပြီးတော့ ​ခြေလှမ်းလာလို့ပဲဖြစ်ပါ တယ်။ ​တိုက်လေယာဉ်သုံး ​စစ်အင်အားတွေအဆ မတန်သုံးပြီးတော့ ​အပြီးသတ်ခြေမုန်းရေးမူနဲ့ ​ထိုးတဲ့ ​ထိုးစစ်ကို ​ခြွင်းချက်မရှိချက်ခြင်း ရပ်ပေးဖို့ပါပဲ။”

မြန်မာသံရုံးရှေ့အရောက်မှာတော့ ​လက်ရှိမြန်မာနိုင်ငံရဲ့အသံကို ​ဆွဲဖြဲခြင်းတွေ ​တက်နှင်းခြင်းတွေ ​စတွေးနဲ့ထွေးခြင်းတွေလည်းပြုခဲ့ကြ ပါ တယ်။

ဆန္ဒပြပွဲမှာဦးဆောင်ပါဝင်တဲ့ ​ကချင်တိုင်းရင်းသားဖြစ်တဲ့ ကိုခါဖန်ကဆန္ဒလာ ရောက်ဖေါ်ထုတ်ရခြင်း အကြောင်းအရင်းကို အခုလိုပြော ပါ တယ်။

“ဒုက္ခသည်ပေါင်း ​တသိန်းကျော်လောက်ရှိနေတာကို ​သူတို့ကို ​နိုင်ငံတကာအဖွဲ့အစည်းများအား ​သူတို့ကိုတကားမရှိဖွင့်ပေးဖို့ ​ပြီးတော့နိုင်ငံရေး အကြပ်အတည်းကို ​နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ​ကျနော်တို့အဓိကထားပြီးတော့ ​ဒီကိုလာရောက် ဆန္ဒဖေါ်ထုတ်ရခြင်းဖြစ်ပါတယ်။ ​ကျနော်တို့ရပ်ဝေးမှာရှိနေတဲ့ ​ကျနော်တို့ကချင်အမျိုးသားများအနေနဲ့ ​ကျနော်တို့နိုင်ငံခြားမှာရောက်နေ ပေမယ့် ​ကျနော်တို့ညီကိုချင်းတွေကိုဘယ်တော့မှမမေ့ပါဘူး။ ​အမြဲတမ်းသတိရနေပါတယ်။ ​ငွေကြေးအင်အားအများကြီး မထောက်ပံ့နိုင် သော်လည်း ​ဒီလိုဘဲဆုတောင်းခြင်းအားဖြင့် ​နိုင်ငံတကာအဖွဲ့အစည်းတွေကိုပြောကြားခြင်းအားဖြင့် ​ကျနော်တို့ ​တပ်နိုင်သလောက်ကူ ညီ သွားမယ်လို့ပြောချင်ပါတယ်။”

ဆန္ဒပြပွဲတွေမှာကိုင်ဆောင်တဲ့စာတမ်းတွေမှာရေးသားထားတဲ့စာတွေကတော့ ​ကချင်ပြည်သူလူထုကိုထိုးစစ်ဆင် သတ်ဖြတ်မှုတွေချက် ချင်း ရပ်တန့်ပေးဖို့၊ ​လူ့အခွင့်အရေးကိုလေးစားဖို့၊ ​တိုက်ပွဲ့ကြောင့် ​သေကြေဒဏ်ရာရတဲ့ပြည်လူထု ​အထူးသဖြင့် ​အမျိုးသမီးနဲ့ကလေးငယ် တွေရဲ့ပုံတွေကိုကိုင်ဆောင်ထားတဲ့အပြင် ​တရုတ်အစိုးရကိုလည်း ​ကချင်ပြည်နယ်ဟာရောင်းစားရမယ့်အရာ မဟုတ်ကြောင်းတွေကို လည်း ကိုင် ဆောင် ထားကြပါ ​တယ်။

ဆန္ဒပြပွဲမှာပါဝင်တဲ့သြစတြေးလျကရင်အဖွဲ့အစည်းမှာတာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ ​ဦးရှားလမောင်ကလည်းအခုလိုပြောပါတယ်။

“ကျနော်တို့ကချင်တိုင်းရင်းသားနဲ့အတူ ​ဒီကနေ့ပြည်တွင်းမှာဖြစ်ပျက်နေတဲ့ ​ဒီမတရားတဲ့စစ်အစိုးရ ​(မြန် မာအစိုးရ) ​ရဲ့ ​ဖိနှိပ်မှု ​ထိုးစစ်ဆင်မှုတို့ကြောင့်ကျနော်တို့နဲ့အတူ ​တမြေထဲနေ ​တလှေထဲစီးကြတဲ့ကျနော်တို့ရဲ့ ​တိုင်းရင်းသားညီကိုမောင် နှမဖြစ်တဲ့ ​ကချင်နိုင်ငံသူနိုင်ငံ သားအားလုံး ဟာ ​ဒီကနေ့တော်တော်လေးဆင်းရဲဒုက္ခရောက်ကြတယ် ​ထွက်ပြေးကြရတယ်။ ​စစ်ဘေးစစ် ဒဏ်ကြောင့်လူငယ်လေးတွေ ​အစာငတ်ပြတ်ပြီး တော့ ​ကလေးလေးတွေလည်း ​သေကြေပျက်စီးကြရတယ်။ ​မိန်းကလေးတွေလဲ ​မဒိန်း ကျင့်ခြင်းခံခဲ့ရတယ်။ ​ကျနော်တို့ကြားသိရတဲ့ အ တွက် ​ကချင်တိုင်းရင်းသားတွေနဲ့အတူ ​ကျနော် ​ကရင်တိုင်းရင်းတွေလည်း ​စိတ်ထိခိုက် ပါတယ်။”

အစိုးရအနေနဲ့ ​အခုလိုထိုးစစ်ဆင်မှုတွေကို ​ချွင်းချက်မရှိချက်ခြင်းရပ်ဆိုင်းပေးဖို့နဲ့ ​စစ်ပွဲကြောင့်ဒုက္ခရောက်နေတဲ့နေရာတွေမှာ ​နိုင်ငံတ ကာက ​လူသားချင်း ​စာနာထောက်ထားတဲ့ ​အကူအညီတွေကို ​၀င်ရောက်ကူညီခွင့်ပေးဖို့နဲ့ ​အခုလိုဖြစ်နေနဲ့ပြဿနာကို ​နိုင်ငံရေးနည်းလမ်း နဲ့ ​တွေ့ဆုံ ဆွေးနွေးအဖြေရှာဖို့ကိုလည်းတောင်းဆို ​ထားကြောင်း ​အဖွဲ့ရဲ့ကြေငြာချက်ထဲမှာ ​ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်နဲ့ ​ကချင်လွတ်မြောက်ရေးတပ်တို့နှစ်ဖက်ကြားတိုက်ခိုက်မှုတွေကြောင့် ​အဲဒီဒေသမှာရှိတဲ့ ​ကချင်လူထု ​တစ်သိန်းကျော် ​အိုး အိမ်မဲ့ဖြစ်ခဲ့ရကြောင်းလည်း ​ကြေငြာချက်ထဲမှာ ​ဖော်ပြထားပါတယ်။

No comments: