သျှမ်းသံတော်ဆင့်
တိုင်းရင်းသားဒေသအတွင်း မငြိမ်မသက်ဖြစ်နေမှု လူ့အခွင့်အရေးချိုးဖေါက်နေမှု တိုက်ပွဲများဖြစ်ပွါးနေမှု တို့အား ရပ်တန့်ရန်သမ္မတက မညွှန် ကြားနိုင်သည်မှာ အစိုးရ၏နောက်ကွယ်၌ အခြားအဖွဲ့အစည်း များ ရှိနေနိုင်ကြောင်း သျှမ်းပြည်တပ်မတော် က ပြောပါသည်။
“ သမ္မတက အပစ်ရပ်ဖို့ စစ်တပ်ကို အမိန့်မပေးနိုင်ရင်ဘူးဆိုရင်- မြန်မာ့ တပ်မတော်အနေနဲ့ - တိုင်းရင်း သား လက်နက်ကိုင် တပ်ဖွဲ့ တွေဟာ အစိုးရနဲ့သာအပစ်ရပ်တယ်၊ ငါတို့နဲ့အပစ်ရပ်တာမဟုတ်ဘူး လို့ခံယူနေမယ်။ အဲလိုဆိုရင် ပြဿနာ တွေ ဆက်ဖြစ်လာမယ်။ ကချင်ပြည်နယ် မှာတိုက်ပွဲရပ်ဖို့ သမ္မတညွှန်ကြားတယ်။ မရဘူး။ စဉ်စားစရာဖြစ်လာတာက အစိုးရရော တပ်မ တော်ကိုပါနောက်ကနေထိန်းနေတဲ့အဖွဲ့အစည်း များ ရှိနေလား” - ဟု ပြောခွင့် ဗိုလ်မှူးလောဝ်ဆိုင်က ပြောပါသည်။
တိုင်းရင်းသားဒေသအတွင်း တရားဥပဒေစိုးမိုးရေးမရှိ အစိုးရက တပ်မတော်အား လုပ်ပိုင်ခွင့် အာဏာပိုပေး နေသရွေ့၊ တပ်မတော် မှ နယ် မြေစိုးမိုးရေး နယ်မြေရှင်းလင်းရေးများ ဆက်လုပ်နေသရွေ့ ထာဝရငြိမ်းချမ်း ရေး မည်သောအခါမှ ရမည်မဟုတ်ကြောင်း RCSS က ပြောပါ သည်။
အပစ်ရပ်ရေးနှင့် တိုင်းပြည်ငြိမ်းချမ်းရေးအမှန်တကယ်လိုအပ်ပါက အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တို့ သဘောတူ ညီမှု ရထား သည့်အတိုင်း နှစ်ဦးနှစ်ဘက်စလုံး လိုက်နာရမည်ဖြစ်သည်ဟုဆိုပါသည်။ သို့သော် ယခုဖြစ်ရပ်မှာ သဘောတူညီမှုအားမလိုက်နာ သည့်အပြင် တိုင်းရင်းသားဒေသသို့ အင်အားတိုးချဲ့ ခြင်း၊ ဆက်ကြေး ကောက်ခြင်း၊ တပ်လုပ်အားပေးခိုင်းစေခြင်း စသည့် လူ့အခွင့်အ ရေးများ ကျူးလွန် နေသေး သည်ကိုတွေ့ရကြောင်း ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါသည်။
“ပြီးခဲ့တဲ့စနေနေ့တုန်းက အစိုးရတပ်နဲ့ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တယ်။ လမ်းဖေါက်စီမံကိန်းလုံခြုံရေး ကို အကြောင်းပြပြီး အစိုးရ စစ်တပ်က အ ရေးပါတဲ့ ကျနော်တို့တပ်စခန်းကို အင်အား ရာကျော်သုံးပြီး သိမ်းပိုက် ဖို့ ကြိုးစားတယ်။ ဒါဟာ နယ်မြေစိုးမိုးရေး စီမံကိန်း ဘဲလေ”
အဆိုပါတိုက်ပွဲနှင့်ပတ်သက်ပြီး အစိုးရတာဝန်ရှိများက - အာဆီယံစီးပွားရေး ကွန်မြူနတီ AEC အတွက် ဖေါက်လုပ် မည့် သံလွင် - မယ့် အော လုံ မှ တဆင့် ထိုင်းနိုင်ငံ မယ့်ဟောင်ဆောင်လမ်း အား အလိုမရှိသည့် သျှမ်းပြည်တပ်မတော်က RCSS/SSA က အစိုးရ တပ်အား တိုက်ခိုက် ခြင်းဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းစာ၌ ပြောကြားခဲ့ပါသည်။
သျှမ်းပြည်တပ်မတော်ကမူ အပစ်ရပ်တနှစ်ကျော် ကာလအတွင်း အစိုးရနှင့် သျှမ်းပြည်တပ်မတော်ကြားတိုက်ပွဲပေါင်းအကြိမ် ၅၀ ထက်မ နည်း ဖြစ်ပွားရာတွင် အစိုးရတပ်ဘက်ကသာ ကျူးလွန်တိုက်ခိုက်ကြောင်း ပြောပါသည်။

No comments:
Post a Comment