Monday, January 14, 2013

လိုင်ဇာတွင် လက်နက်ကြီးကျည်ကျ ဒေသခံ သုံးဦးသေ၊ လေးဦး ဒဏ်ရာရ

ဖနိဒါ | တနင်္လာနေ့၊ ဇန်နဝါရီလ ၁၄ ရက် ၂၀၁၃

အစိုးရတပ်ဘက်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များ ကချင် လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့၏ 'မြစ်ကြီး နား ဟိုတယ်' အနီးတွင် ကျရောက်ပေါက်ကွဲသဖြင့် ဒေသခံ သုံးဦးသေဆုံးကာ လေးဦး ဒဏ်ရာရရှိသည်ဟု လိုင်ဇာမြို့ခံများက ပြော သည်။

တနင်္လာနေ့ နံနက် ၈ နာရီကျော်ချိန်တွင် ဒေါ့ဖုန်းယန်မြို့နယ်ခွဲ ခမ်းကိုင်တောင် အစိုးရ အမြောက်စခန်းမှ ပစ်ခတ်လိုက်သော ၁၂၀ မမ လက် နက်ကြီး ကျည်များ လိုင်ဇာမြို့၊ ခကျန်ရပ်ကွက်ရှိ 'မြစ်ကြီးနားဟိုတယ်' အနီး နေအိမ်တခုတွင် လေး လုံးကျရောက်ကာ သုံးလုံး ပေါက်ကွဲခဲ့သ ဖြင့် အမျိုးသားတဦး နေရာတွင် သေဆုံးကာ ကလေးနှစ်ဦးမှာ လိုင်ဇာဆေးရုံတွင် သေဆုံးသွား ခဲ့ခြင်းဖြစ်သည်။ ကျန်ဒဏ် ရာရသူ ၄ ဦး မှာ လိုင်ဇာဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်ဟု သိရသည်။

“၃ ယောက်သေဆုံးတယ်။ ဒေါ့ဖုန်းနယ် ခမ်းကိုင်တောင်ဘက်ကနေ ၄ လုံးပစ်တယ်။ ၄ လုံးက ပစ်လိုက် တဲ့အထဲ ၃ လုံးအောင်တယ်။ တလုံး က မအောင်ဘူး”ဟု KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်။

No comments: