Monday, January 14, 2013

ICRC ဥက္ကဌမြန်မာနိုင်ငံထဲရောက်ရှိ

ABC

အပြည်ပြည်ဆိုင်ရာ ​ကြက်ခြေနီအဖွဲ့က ​မြန်မာနိုင်ငံက ​အကျဉ်းထောင်တွေနဲ့ ​နယ်စပ်ဒေသက ​ပဋ္ဋိပက္ခဖြစ်ပွားနေတဲ့နေရာတွေကိုသွားရောက် စစ်ဆေးနိုင်ဖို့အစီအစဉ်တွေ ​ပြုလုပ်နိုင်ဖို့အတွက် ​အပြည်ပြည်ဆိုင်ရာ ​ကြက်ခြေနီအဖွဲ့ ​ICRC ​ရဲ့ ​ထိပ်သီးခေါင်းဆောင် တစ်ဦး ​မြန်မာနိုင်ငံ ကို ​ပြီးခဲ့တဲ့ ​တနင်္ဂနွေနေ့က ​ရောက်ရှိလာခဲ့တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံက ​အကျဉ်းထောင်တွေကို ​ICRC ​အဖွဲ့ ​ဝင်ရောက်စစ်ဆေးဖို့ ​ခွင့်ပြုသွား ​မယ်လို့ ​မြန်မာအစိုးရက​ပြီးခဲ့တဲ့နှစ်နိုင်ဝင်ဘာလက ​ကြေ ငြာခဲ့ပြီးနောက်ပိုင်း ​ICRC ​အဖွဲ့ဥက္ကဌ ​Peter ​Maurer ​ရဲ့ ​ပထမဦးဆုံး ​ခရီးစဉ်ဖြစ်ပြီး ​အခုခရီးစဉ်ဟာ ​ကြိုတင်ကြေငြာချက်မရှိပဲ ​ပြု လုပ်ခဲ့ တဲ့ ​ခရီးစဉ်ဖြစ်တဲ့အကြောင်းလည်း ​သိရပါတယ်။

မြန်မာအစိုးရ ​အနေနဲ့ ​လူသားချင်းစာနာထောက်ထားမှုကိစ္စရပ်တွေနဲ့ ​ပတ်သက်ပြီး ​ICRC ​နဲ့ ​ဆွေးနွေးသွားဖို့ ​အသင့်ရှိနေပြီဆိုတဲ့ ​အ ရိပ် အ ယောင်တွေ ​ပြသခဲ့တဲ့အကြောင်း၊ ​ဒါဟာ ​မြန်မာနိုင်ငံအစိုးရခေါင်းဆောင်တွေနဲ့ ​ဆက်စပ်ပေါင်းစည်းမှုပိုမိုခိုင်မာစေဖို့အပြင် ​နှစ် ဖက်ဆွေး နွေး ညှိနှိုင်းမှုတွေပြုလုပ်ဖို့အတွက် ​ကြီးမားတဲ့ ​ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ ​ICRC ​အဖွဲ့ဥက္ကဌက ​ထုတ်ပြန်ထားကြောင်း လည်း ​သိရပါတယ်။

ICRC ​ရဲ့ ​စစ်ဆေးရေးအစီအစဉ်တွေကို ​မြန်မာအစိုးရက ​မီးစိမ်းပြခွင့်ပြုလိုက်ပြီဖြစ်တဲ့အတွက် ​ကနဦး ​ရှေ့ပြေးအစီအစဉ်တွေ ​မကြာခင် မှာစ တင် တော့မှာဖြစ်တယ်လို့ ​အပြည်ပြည်ဆိုင်ရာ ​ကြက်ခြေနီအဖွဲ့ ​ICRC ​ရဲ့ ​ပြောခွင့်ရပုဂ္ဂိုလ် ​Philippe ​Stoll ​ကပြောခဲ့တဲ့အကြောင်း လည်း ​ရိုက် တာသတင်းဌာနမှာ ​ဖေါ်ပြထားပါတယ်။

ICRC ​အဖွဲ့ဥက္ကဌဟာ ​ပဋ္ဋိပက္ခတွေကြောင့် ​ဒုက္ခရောက်နေသူတွေကို ​အဖွဲ့က ​ကူညီထောက်ပံ့ရေးတွေပေးနေတဲ့ ​ရခိုင်ပြည်နယ်က ​ဒေသ တချို့ကိုလည်း ​သွားရောက်ဖို့ ​စီစဉ်ထားတယ်လို့ ​သိရပါတယ်။

No comments: