Thursday, January 17, 2013

စစ်တွေမြို့တွင် ဆေးခြောက်ရောင်းချမှု ခေတ်စားနေ

မိုးဇော်

လူသားများကို ဆိုးရွားစွာအန္တရာဖြစ် စေ နိုင်သည့် ဂင်ဇာ(ခေါ်)ဆေးခြောက်ရောင်းချမှု များမှာ စစ်တွေမြို့ရှိ ဟာရီရပ်ကွက်တွင် တွင်တွင် ကျယ်ကျယ် ရောင်းဝယ်ဖောင်း ကား မှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း သတင်းရရှိ သည်။

ထိုကဲ့သို့ တရားမဝင် မူးယစ်ဆေးဝါးများ ရောင်းချနေခြင်းအပေါ် ဒေသခံအာဏာပိုင်များ က ထိထိရောက်ရောက် တားဆီးအရေးယူခြင်း များလည်း မတွေ့ရှိကြောင်း ဒေသ ခံ တစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။

စစ်တွေမြို့ ဒေသခံ ကျောင်းသားတစ်ဦးက " ဟာရီရပ်ကွက်မှာ မူးယစ်ဆေးဝါး ရောင်း နေတာ တော်တော်ကြာ ပါပြီ။ အာဏာပိုင်တွေက ထိထိရောက်ရောက် ဟန့်တားတာ မျိုးမတွေ့ရပါဘူး။ ယခုကဲ့သို့ လူညွန့်တုန်းစေတဲ့မူးယစ် ဆေးဝါးတွေကို ဒေသအတွင်း ရောင်းချနေ တာ ကို သိပေမယ့် အာဏာပိုင်တွေက ဥပဒေနဲ့အညီ ထိရောက်စွာအရေး ယူဆောင်ရွက် တာ တွေကို မတွေ့ရဘူး။ ပြီးတော့ မူးယစ်ဆေးဝါးရောင်းချမှုကို အာဏာပိုင်တွေက လျစ်လျူရှုထားတဲ့အတွက် မူးယစ်ဆေး ဝါးရောင်းချသူက ပိုပြီးများလာတယ်။ များလာတာနဲ့အမျှဘဲ လူငယ်တွေ ဟာ မူးယစ်ဆေးဝါးသုံးစွဲဖို့အတွက် အခွင့်အလမ်းတွေ ပိုရလာ တယ်။ " ဟု အာရ်ကန်တိုင်းမ်စ်အား ပြောသည်။

အဆိုပါ ဟာရီရပ်ကွက်တွင် ဂင်ဇာ (ခေါ်)ဆေးခြောက်ကို ရောင်းချနေသည်မှာ ၄ နှစ်မှ ၆ နှစ်ခန့်ထိကြာမြင့်လာ သည်နှင့်အမျှ ကျောင်း သား လူငယ်အများစု၏ မူးယစ်ဆေးဝါးသုံးစွဲမှုနှုန်း မြင့်မားလာနေကြောင်း သိရသည်။

ယခုကဲ့သို့ ဂင်ဇာ (ခေါ်) ဆေးခြောက်များမှာ တရားမဝင်သည့် မူးယစ်ဆေးဖြစ်နေသော်လည်း ဒေသခံအာဏာ ပိုင်များ၏ လျစ်လျူရှုမှုကြောင့် အဆိုပါမူးယစ်ဆေးများကို ဆက်လက်ရောင်းချနိုင်ကြကြောင်း သတင်းရရှိသည်။

" အဲဒီဂင်ဇာ (ခေါ်)ဆေးခြောက်ကို ၅၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်ထိ အချိုးအစားလိုက် ရောင်းချနေ ကြတယ်။ အဲဒီထက် ပို့ပြီးတော့ ဝယ်မယ် ဆို ရင်လည်း ရပါတယ်။ လူငယ်တွေက ၅၀၀ ဖို့ဝယ်လိုက်၊ ၁၀၀၀ ဖို့ဝယ်လိုက်နဲ့သုံးနေကြ တယ်။လူငယ်တွေကမူးယစ်ဆေးဝါးဟာလူကိုအန္တရာယ် ပေးနိုင်တယ်၊ လူညွန်တုံးစေတယ် ဆိုတဲ့အချက်တွေကိုတောင် မစဉ်းစားနိုင် တော့ဘူး။ မူးယစ်ဆေးဝါးသုံးမယ် ပြီးရင်ပျော်မယ် အဲဒီလောက် ဘဲ သိတိယ်။ မိဘတွေကသူတို့ သားသမီးတွေ မူးယစ်ဆေးဝါးသုံးစွဲတာ သိသွားလို့ မသုံးဖို့ဟန့်တားရင်လည်း ခဏဘဲ။အိမ်အပြင်ကိုရောက် သွားတယ်ဆိုတာနဲ့ အိမ်ကပြောဆိုဆုံးမတာတွေကို မသိတော့ဘူး။ မူးယစ်ဆေးဝါး ရောင်းချတဲ့နေရာကိုသွားလိုက်ရင် မူးယစ်ဆေးဝါးကရ လာ တာဘဲ။ အဲဒီလိုနဲ့ဘဲ ကျောင်းသား လူငယ်တွေဟာ မူးယစ် ဆေးဝါးနဲ့ ပျော်ပါးနေကြတယ် " ဟု ကျောင်းသားတစ်ဦးက ပြောသည်။

ယခုကဲ့သို့ ကျောင်းသားလူငယ်များက လူညွန်တုံးစေသည့် မူးယစ်ဆေးဝါးသုံးစွဲနေခြင်းများရပ်တန့် မူးယစ်ဆေးဝါးရောင်းချနေမှုများကို သက် ဆိုင်ရာအာဏာပိုင်များအနေဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက် တားမြစ်ရန် အရေးတကြီးလိုအပ်နေကြောင်း ဒေသခံကျောင်း သား လူ ငယ်တစ်ချို့၏ ပြောကြားချက်အရ သိရသည်။

No comments: