Thursday, January 17, 2013

လွိုင်ကော်မြို့တွင် ထပ်မံဖွင့်လှစ်မည့် NLD ရုံး ပါတီဝင်များ ကန့်ကွက်

ကယားထဲ

ယမန်နေ့က ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့ရှိ အမျိုးသား ဒီမိုဂရေစီအဖွဲ့ချုပ် (NLD)ရုံးတွင် မြို့နယ်အသီးသီးရှိ ပါတီဝင်ကိုယ် စား လှယ်များကတွေ့ဆုံပြီး ပြည်နယ်တွင် အမျိုးသားဒီမိုဂရေစီအဖွဲ့ချုပ်ရုံး တရုံးကို ထပ်မံဖွင့်လှစ်မည့်အစီအစဉ်ကို ကန့်ကွက် ကြောင်း ပြော ဆိုဆွေးနွေးမှုတရပ် ကျင်းပကြပါတယ်။

(NLD) ဗဟိုအလုပ်အမှုဆာင်အဖွဲ့၏ ကြေညာချက်အရ တိုင်းနှင့်ပြည်နယ်ဒေသကြီးတွင် ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်း ဘုတ် တစ်ခုထက်ပို၍ ထောင်ခြင်းမပြုကြောင်း ပြောထားပါတယ်။

အဲဒါကို ၂၀၁၂ ခုနှစ်ကတည်းပင် လွိုင်ကော်မြို့ မင်္ဂလာရပ် ဟောကြီးလမ်းမှာ NLD ရုံးဖွင့်လှစ် ထားရှိခဲ့ပြီးဖြစ်ပါတယ်။ သို့ပေမဲ့ အခု လွိုင် ကော်မြို့တွင် NLD ရုံးကို ထပ်မံ ဖွင့်လှစ်ဖို့ စီစဉ်နေကြသဖြင့် ကန့်ကွက်ကြောင်း ကယားပြည်နယ် အမျိုးသားဒီမိုဂရေစီအဖွဲ့ချုပ် ညီ လာခံ ကျင်းပရေးကော်မတီ ဥက္ကဌဖြစ်တဲ့ ဦးဒယ်နီယာက ယခုလိုပြောပါတယ်။

“သူတို့ရဲ့ အခုအသစ်ဖွင့်ထားတဲ့ ရုံးက ပါတီဝင်အားလုံးက သဘောတူထားတဲ့ ရုံးလည်းမဟုတ် ဘူး သူတို့ဘာသာသူတို့ တဦးနဲ့တဦး လုပ် ဆောင်ထားတာ ဖြစ်တယ်။ အဲဒါကြောင့်မို့လို့ လူထုတွေပိုသိအောင် မြို့နယ်တိုင်း ပါတီဝင် တွေ ဦးဆောင်နိုင်တဲ့သူတွေလာ မြို့နယ်တိုင်းမြို့နယ်တိုင်း လာပြီးတော့ ဒီဆိုင်းဘုတ်အောက်မှာလာပြီးတော့ လက်တွဲသွားကြမယ်ဆို တာ ကြေငှာခြင်းဖြစ်တယ်” လို့ ပြော ပါတယ်။

ကယားပြည်နယ်မှ ဗဟိုကော်မတီမှ အသိအမှတ်ပြုတယ်ဆိုတဲ့ လူပုဂ္ဂိုလ်တွေက ပါတီဝင်အချင်းချင်းနှင့် ညှိနှိုင်းဆွေးနွေးခြင်းမရှိပဲ ဗဟိုမှ အ သိ အမှတ်ပြုတယ်ဆိုသည့် အချက်တခုတည်းနှင့် ရုံးကိုထပ်မံ ဖွင့်လှစ်ထားဖို့ စီစဉ်နေကြတာဖြစ်ပါတယ်။

၎င်းပုဂ္ဂိုလ်တွေကနေပြီး ပြည်နယ်အတွင်းတွင် လူထုဆန္ဒမရှိပဲ ပါတီဝင်ခိုင်းခြင်း ၊ ဖွဲ့စည်းတာဝန် ပေးအပ်ခြင်း ကိစ္စရပ်တွေ ဆောင်ရွက် နေ ပါသဖြင့် ထိုသို့မလုပ်သင့်ကြောင်းကို ယမန်နေ့က ကယားပြည်နယ်မှ NLD ပါတီဝင်တွေက ဆွေးနွေးသွားကြပါတယ်။

ဖွင့်လှစ်ထားပြီးသောရုံးမှာ ပါတီဝင်ဆန္ဒရှိကြတဲ့ သူတွေအားလုံးကနေပြီး ဝိုင်းဝန်းပြီး စုပေါင်း ဖွင့်လှစ်ထားသည့် ရုံးဖြစ်ကြောင်းနှင့် အဖွဲ့ဝင် ပါ တီတွေက စိတ်ဝင်စားသည့်သူများသာဖြစ်ကြောင်း ပြောဆိုဆွေးနွေးသွားကြပါတယ်။

“အစည်းအဝေးတွေလုပ်နေတယ် မြို့နယ် ၇ မြို့နယ်မှာ ဆိုင်းဘုတ်တင်တယ် ကျေးရွာတွေမှာဆိုင်း ဘုတ်တင်တယ်။ အဲဒီအချိန်မှာ ဗဟိုကော် မတီက ညီလာခံကျင်းပဖို့ ကော်မတီဖွဲ့စည်းတယ်။ ကော်မရှင်ထဲမှာ ဖွဲ့စည်းပြီးတဲ့အခါမှာ ရုံး ဖွင့်မလား ကျနော်တို့ထင်တာပေါ့အဲဒါကော်မ ရှင်ရုံးမဟုတ်ပဲနဲ့ ပြည်နယ်ရုံး ဖွင့်တဲ့အတွက်ကြောင့် အခု သူတို့ထုတ်ပြန်ကြေညာထား တဲ့အချက်နဲ့ ညှိနေတယ်ဆိုတာကို ကျနော်တို့ကန့်ကွက်ကြတယ်။ ဗဟိုကော်မတီကလည်း ၃ ဦးလာဖွင့်ပေးမယ်ပြောတော့ ကျနော်တို့ကန့်ကွက်ကြတယ် ဘာကြောင့်ကန့်ကွက်လည်းဆိုတော့ ထုတ်ပြန်ထားတဲ့ ကြေညာချက်နဲ့ မကိုက်ညီလို့ပါ။” လို့ ဦးဒယ်နီယာကဆက်ပြောပါတယ်။

ပါတီဝင်တွေက ပေးအပ်တဲ့တာဝန်တွေကိုလည်း ဆန္ဒရှိမှသာလျှင် ပါဝင်သင့်ကြောင်း ဒီမိုဂရေစီနည်းလမ်းကျကျဆောင်ရွက်ဖို့လိုလာ ကြောင်း ယမန်နေ့ အစည်းအဝေးတွင် လွိုင်ကော်မြို့မှ ဒေသခံဖြစ်တဲ့ ကိုသားပုက ပြောကြားသွားပါတယ်။ ယမန်နေ့ အစည်းအဝေးမှာ ကိုသားပု မှ “လူတိုင်းလူတိုင်းမှာ အခွင့်အရေးတွေ ပိုင်ဆိုင်ထားကြပါတယ်။ ဒီအခွင့်အရေးတွေကို ကျနော်တို့ကိုယ်တိုင် ညီလာကျင်းပဖို့အတွက် လိုက် လျောဆောင်ရွက်မှာဖြစ်တယ်။ လိုက်ပါဆောင်ရွက်စေချင်တယ်ဆိုရင် လူဦးရေ စရင်းအရပြောပါ သူ့ဒေသအလိုက်ပါတီ ဝင် ထားတဲ့သူရဲ့ဆန္ဒအလိုက် ကျနော်တို့ကိုယ်တိုင်ဖြေရှင်းပေးမယ်။” ပြောပါတယ်။

ယမန်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့ အမျိုးသားဒီမိုဂရေစီအဖွဲ့ချုပ်ရုံးမှာကျင်းပတဲ့ အစည်းအဝေးတွင် ပါတီဝင်လူဦးရေ တစ်ရာ နီး ပါးတက်ရောက်ခဲ့ကြပါတယ်။

No comments: