ABC
မြန်မာအစိုးရ ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ငြိမ်းချမ်းရေးအပေါ်မှာ လိုလိုလားလားရှိပေမဲ့ နိုင်ငံရေးအဆင့်ဆွေးနွေးနိုင်ဖို့ အများကြီးကြိုး စား ရဦးမယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU ခေါင်း ဆောင်တွေက ပြောပြပါတယ်။
ကရင်အမျိုးသား အစည်းအရုံးက ကိုယ်စားလှယ် အဖွဲ့ဟာ နေပြည်တော်မှာ ရောက်ရှိနေပြီး တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင် တို့မနေ့မနက် ကသွားရောက် တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ကရင်အ မျိုးသား အစည်းအရုံးက အပစ်အခတ် ရပ်စဲ ရေးက ပဏာမအဆင့်မှာပဲ ရှိသေးတဲ့အတွက် အပစ်အခတ်ရပ်စဲရေး ခိုင်မာဖို့နဲ့ ယုံကြည်မှု တည်ဆောက်နိုင်ဖို့အတွက်ဆက်ပြီးဆောင် ရွက် ရဦးမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ကရင်အမျိုးသား အစည်းအရုံးက ငြိမ်းချမ်းရေးဟာ အပစ်အခတ်ရပ်ရေး တခုထဲနဲ့ မပြီးပြတ်နိုင်တဲ့ အတွက် နိုင်ငံရေးအဆင့်ဆွေး နွေးမှုတွေ အောင်မြင်မှသာ ခိုင်မာတဲ့ငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ငြိမ်း ချမ်း ရေးရောက်မှာဖြစ်တဲ့အတွက် အစိုးရအ ဖွဲ့တွေ၊ တိုင်းရင်းသားအဖွဲ့တွေ၊ နိုင်ငံရေး ပါတီတွေ၊ လူမှုရေးအဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုအားလုံးပါဝင်ဖို့ လို တယ်လို့ ပြောပါတယ်။ ဒါအပြင် မနေ့ကနေပြည် တော်မှာ သမတ ကြီးနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာတွေနဲ့ပတ်သက်ပြီးလည်း KNU တွဲဘက် အတွင်းရေးမှူး(၂) ပဒိုမန်းမန်းက အခုလိုဆက် ပြောပြပါတယ်။
"သမတကြီးကနေ ဥပဒေဘောင်အတွင်းမှပဲပြောမလား၊ လွတ်တော်အတွင်းမှာပဲပြောမလား နိုင်ငံရေး ကိစ္စကို ချဉ်းကပ်ဖို့ ဆိုတာတော့သူပြော ဆိုသွားတယ်၊ ကျနော်တို့ကတော့ လွတ်တော်ပြင်ပကနေ တစုံတရာချဉ်းကပ်သွား နိုင်ဖို့်လည်း လိုအပ်တယ်ဆိုတာတော့ ထောက်ပြတဲ့အပေါ် မှာတော့ ပြန်သုံးသပ်ပေးတာမရှိဘူး၊ သမတကြီးကိုပေါ့နော် တိုင်းရင်းသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ကိစ္စမှာလည်း အခြေခံဥပဒေအ ပေါ်မှာ အဓိကမူတည်တဲ့အတွက်ကြောင့် အခြေခံဥပဒေ အကြပ်အတည်းကို ကျ နော်တို့ ကျော်လွားနိုင်ဖို့ လွတ်တော် တွင်းမှာရော။ လွတ် တော်ပြင်ကမှာရော ၂ခုစလုံးဆောင်ရွက်ရမယ်လို့ ကျနော်တို့ အဲဒီလိုတင်ပြခဲ့ ပါတယ်။"
ကရင်အမျိုးသားအစည်းအရုံးကိုယ်စားလှည်တွေက ကချင်ပြည်နယ်မှာ ဖြစ်ပွါးနေတဲ့ စစ်ပွဲတွေ နဲ့ ပတ်သက်ပြီး ဆွေး နွေးခွင့်ရခဲ့တဲ့အ ကြောင်း -- ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ စစ်ပွဲတွေရပ်ဖို့ဆိုတဲ့ သ ဘောထားတွေကိုဖော်ပြ ခဲ့ တယ်လို့ KNU တွဲဘက်အတွင်းရေးမှူး(၂) ပဒိုမန်းမန်းက ပါတယ်။
"အခုလက်ရှိတိုက်ပွဲတွေဖြစ်နေတဲ့ မြောက်ပိုင်းဒေသ၊ ကချင်ဒေသကိုလည်းပဲ ဒီအမြင်သဘောထား တွေပေါ့ ဖော်ဆိုပြတာလည်းရှိပါတယ်၊ ကာကွယ်ရေးဦးစီးချုပ်အနေနဲ့တော့ ဒီစစ်ပွဲတွေရပ်ဖို့ဆိုတဲ့ သဘောထားကတော့ ဖော်ပြပါတယ်သူ့ရဲ့ပြောဆိုချက်အပေါ်မှာကတော့ ငြိမ်းချမ်း ရေးအပေါ်မှာ အပစ်အခတ်ရပ်စဲရေးအပေါ်မှာ လိုလိုလားလားကတော့ ရှိပုံရတယ်ပေါ့နော် အဲဒီအပေါ်မှာလည်း ကျနော်တို့မျှော်လင့် ပါတယ်၊ အပစ်အခတ်ရပ်စဲ ရေးနဲ့ စစ်ပွဲတွေနဲ့ ပတ်သက်လို့လည်း သူမြင်တာကတော့ ၇၀%ကျော်ကျော်ထိသူအောင်မြင်သွားပြီ၊ ပြီးမြောက်သွားပြီလို့လည်း သူအဲလိုမြင်ပါတယ်၊ သို့သော်လည်းပဲ နောက်တဆင့်တက်ပြီးတော့မှ နိုင်ငံရေးအဆင့် ဆွေးနွေးဖို့ကတော့ ကျနော်တို့နည်းလမ်းနဲ့ ချည်းကပ်ပုံအရတော့ ကျနော်တို့အများကြီးဆက်ပြီးတော့ ကြိုး စားဖို့လိုပါသေးတယ်။"
KNU တွဲဘက် အတွင်းရေးမှူး(၂) ပဒိုမန်းမန်း ပြောပြချက်ဖြစ်ပါတယ်။ဒီသတင်းကို သတင်းထောက်မြတ်မိုးကပေးပို့ခဲ့တာဖြစ်ပါတယ်။

No comments:
Post a Comment