နိရဉ္စရာ
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဘုရားဖူး ကားတစ်စီး တိမ်းမှောက်သွားသဖြင့် လူ (၃) ဦးအား ဆေးရုံ တင်လိုက်ရသည်ဟု သ တင်း ရရှိသည်။
“ ဒီကနေ့ ကျွန်တော်တို့ မောင်တောကနေ ၀က်ကျိန်း ဘုရားကို သွားကြတယ်။ အပြန်မှာ ကားမှောက်သွားတယ်။ ညနေပိုင်း ၄ နာရီခွဲခန့်မှာ မှောက်တာပါ။ လူသုံးဦး ဒဏ်ရာ ရတယ်။ အခုဘဲ သူတို့ကို မောင်တော ပြည်သူ့ ဆေးရုံကို တင်လိုက်ရပါတယ်” ဟု ဘုရားဖူး တစ်ဦးက နိရ ဉ္စရာသို့ ပြောသည်။
မောင်တောမြို့နယ်ရှိ ၀က်ကျိန်း ဘုရားမှာ သမိုင်းဝင် နာမည်ကြီး ဘုရားဖြစ်ပြီး မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း အလွန်တွင် တည်ရှိသည်။ အဆိုပါ ဘုရားကို မောင်တောမြို့မှ နေ့ချင်းပြန် ကားများနှင့် ဆောင်းရာသီတွင် ဘုရားဖူး ထွက်လေ့ရှိကြသည်ဟု သိရသည်။
“ ဘုရားပွဲတော့ မဟုတ်ပါဘူး။ ဒီလိုဘဲ အုပ်စုလိုက် ဘုရားဖူးဖို့သွားကြတာပါ။ ကားက အရှိန်နဲ့ မောင်းလာတဲ့ အချိန်မှာ ကားရှေ့ကနေ မွတ် ဆလင် အမျိုးသမီးက ဖြတ်သွားတယ်။ သူ့ကို ရှောင်ရာကနေ ကားတိမ်းမှောက်သွားတယ်။ လူတွေက ရေထဲကို ကျသွားတဲ့ အတွက် သုံး ယောက်ဘဲ ဒဏ်ရာ ရပါတယ်” ဟု ဆိုသည်။
ဒဏ်ရာ ရသူများမှာ ရဲတပ်ဖွဲ့ဝင် သားဖ နှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ဖြစ်ကြသည်။ သူတို့၏ ဒဏ်ရာများမှာ စိုးရိမ်စရာ မရှိကြောင်း ပြော သည်။

No comments:
Post a Comment