Monday, January 7, 2013

မြန်မာလေတပ်တရုတ်နယ်မြေထဲ ကျူးကျော်မှုမရှိဟုတရုတ်ပြော

ABC

မြန်မာလေတပ် ​တိုက်လေယဉ်တွေ ​တရုတ်လေပိုင်နက်ထက်ကိုကျူးကျော်ခဲ့ ​တယ်ဆိုတဲ့သ ​တင်း ​တွေ ​ထွက်ပေါ်လာပြီး ​နောက် ​တရုတ် ​လေ ​တပ် ​က ​ကျူးကျော်ဝင်ရောက်ခြင်း ​မ ​ရှိ ​ဘူးလို့ ​ထုတ် ​ပြန်ချက်ထုတ်ခဲ့ပါတယ်။

တရုတ်လေပိုင်နက်နယ်နိမိတ်ထဲ ​ကို ​ကချင်ပြည်နယ် ​က ​စစ်ပွဲမှာ ​မြန်မာ ​တိုက်လေယဉ်တွေ ​ဟာ ​နယ်နိမိတ်ကိုဖြတ်ကျော်ခဲ့တယ်ဆိုတဲ့ သ တင်းတွေကြောင့်တရုတ်လေ ​တပ်က ​အခု ​တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။ ​တရုတ်လေတပ်က ​ထုတ် ပြန်ချက်အရ ​မြန်မာ ​တိုက်လေယဉ်တွေ ​ဟာ ​အနီးဆုံးရောက်ခဲ့တာ ​နယ်နိမိတ်နဲ့ ​၅ ​ကီလိုမီတာ ​အကွာအဝေးအထိဖြစ်တယ်လို့ ​ထုတ်ပြန် ခဲ့ ပါတယ်။

ကချင်ပြည်နယ်တွင်းမှာ ​အစိုးရ ​က ​နေ ​ကောင်းကင်ဝေဟင်ကနေ ​တိုက်လေယဉ်တွေ ​နဲ့ ​တိုက်ခိုက်နေတဲ့အတွက် ​ကချင်တိုင်းရင်းသား တွေ က ​ကြောက်ရွံ့နေကြရတဲ့အတွက် ​ယာယီ ​တဲတွေ ​ထဲမှာ ​ပြောင်းရွေ့နေထိုင်နေ ​ကြတယ်လို့ ​တရုတ် ​နိုင်ငံထုတ်သတင်းတွေ ​မှာ ​ဖေါ် ​ပြထားပါ တယ်။

မြန်မာအစိုးရကတော့ ​တရုတ်နိုင်ငံက ​ပြောဆို ​ချက်အပေါ်တိုက်ပွဲတွေ ​နဲ့ ​ပတ်သက်ပြီး ​အတတ်နိုင်ဆုံး ​ထိန်းချုပ်ထားတာဖြစ်တယ်တုန့်ပြန်ခဲ့ တယ်လို့သိ ​ရ ​ပါတယ်။ ​မြန်မာအစိုး ​ရ ​ထုတ်ပြန်ချက်တခု ​ထဲမှာလဲ ​ကချင်လွတ်မြောက်ရေးတပ်အပေါ်ထိုးစစ်ဆင်မှုအားလုံးရပ်တန့်ဖို့အမိန့် ​ထုတ်ပြန်ထားတယ်လို့ ​ဆိုပါတယ်။

မြန်မာ ​နိုင်ငံ ​မြောက်ဘက်ပိုင်း ​ကချင်ပြည်နယ်က ​တိုက်ပွဲမှာ ​ဒီဇင်ဘာလ ​(၃၀) ​ရက်နေ့က ​တရုတ် ​ပိုက်နက်နယ်မြေ ​ထဲကို ​ဗုံး ​(၃) ​လုံး ​ကျ ​ခဲ့ ​တယ် ​လို့ ​တရုတ် ​နိုင်ငံက ​နိုင်ငံခြားရေး ​ဝန်ကြီး ​ဌါနပြောခွင့်ရ ​ပုဂ္ဂိုလ် ​Hua ​Chunying ​က ​သ တင်းစာ ​ရှင်းလင်းပွဲမှာ ​ပြော ​ခဲ့ပါတယ်။ ​နယ်မြေ နယ်ကျူးကျော်ပြီး ​ကျ ​ခဲ့တဲ့ ​ဗုံးတွေ ​နဲ့ ​ပတ်သက်ပြီးတရုတ်နိုင်ငံကမြန်မာနိုင်ငံကို ​နောက် နောင်ကို ​အလားတူ ​အဖြစ်မျိုးမဖြစ်ရလေ အောင် ​ချက်ခင်းလက်ငင်း ​ထိ ​ရောက်တဲ့ ​ကာကွယ်ဆောင် ​ရွက်မှုတွေပြု ​လုပ်ဖို့ ​ပြောဆို ​ခဲ့ ​တယ် ​လို့ ​သိ ​ရ ​ပါတယ်။ ​ဗုံးကျ​ခဲ့တဲ့နေရာမှာ ​ထိခိုက်ဒါဏ် ရာ ​ရမှု ​တွေ ​မရှိ ​ဘူး ​လို့ ​လဲ ​အတည်ပြု ​ခဲ့ပါတယ်။ ​မြန်မာ ​နိုင်ငံတွင်းက ​နေလဲ ​တရုတ် ​နိုင်ငံ ​ယူနန်ပြည်နယ်ထဲကို ​ပြေးရှောင် ခဲ့သူ​တွေ လဲ ​မရှိခဲ့ဘူးလို့ ​သိရပါတယ်။

မြန်မာ ​နိုင်ငံမြောက်ပိုင်းမှာ ​ဖြစ်နေတဲ့ ​အခင်းဟာ ​မြန်မာ ​ပြည်တွင်းရေးသာဖြစ် ​ပြီး ​-- ​တရုတ် ​မြန်မာ ​နယ်စပ်တွေမှာ ​--- ​မြန်မာ ​အစိုးရက ​ငြိမ်း ချမ်းတဲ့ဖြေရှင်းမှု ​နဲ့ ​အေးချမ်းငြိမ်သက်ရေးနဲ့ ​တည်ငြိမ်မှု ​ကို ​ထိန်းသိမ်း ​သွား ​နိုင်ဖို့မျှော်လင့်တယ်လို့ ​ပြောသွားပါတယ်။

၁၉ ​လ ​ကြာနေပြီ ​ဖြစ်တဲ့ ​စစ်ပွဲ ​ဟာ ​အစိုး ​ရ ​က ​နေ ​ရိက္ခာတင်လာတဲ့ကားတန်းကို ​ဖြတ်သန်းခွင့်တောင်းတာကို ​မ ​ရ ​ဘဲ ​ခရစ္စမတ်နေ့ ​က ​အ ကြီး ​အကျယ်ဆုံး ​တိုက်ပွဲကြီး ​ဖြစ်ခဲ့တယ်လို့ ​သိ ​ရ ​ပါတယ်။

No comments: