Monday, January 7, 2013

မြောက်ဦးမြို့ရှိကွမ်းခြံများ ဖျက်ဆီးခံနေရမှုအား အကြိမ်ကြိမ်တိုင်ကြားသော်လည်း အာဏာပိုင်များ အရေးယူဆောင်ရွက်ပေး ခြင်းမရှိ

မိုးဇော်

မြောက်ဦးမြို့၊ အလယ်ဈေးအုပ် စု၊ ဝသဲရက်ကွက်အနီး တောင်ယာမြေတွင် ရခိုင် များ လုပ်ကိုင်စား သောက်နေသော ကွမ်းခြံများကို ကုလားများလာရောက်ဖျက် ဆီးနေ ခြင်းအား အရေးယူဆောင်ရွက်ပေးရန် ကွမ်းခြံပိုင်ရှင်များက မြောက် ဦး ရဲစခန်း နှင့် တပ်ရင်း ၅၄၀ တွင် အကြိမ်ကြိမ်တိုင်ကြားခဲ့သော် လည်း ယနေ့အချိန် ထိ တစ်စုံတစ်ရာအရေးယူဆောင်ရွက်ပေးခြင်း မရှိ သေးကြောင်း သတင်းရ ရှိ သည်။

ထိုသို့ ဒေသခံအာဏာပိုင်များမှ တစ်စုံတစ်ရာအရေးယူဆောင်ရွက်ပေးမှုမရှိခြင်းနှင့် ရခိုင်ပိုင်ကွမ်းခြံများအား ဆက်လက်ဖျက်ဆီးခံနေရ ခြင်း များနှင့်ပတ်သက်၍ အာရ် ကန်တိုင်းမ်စ်က မေးမြန်းရာ "ကျနော်တို့ ကွမ်းခြံတွေ ဖျက်ဆီးခံရတဲ့ အတွက် အ ရေးယူဆောင်ရွက်ပေးဖို့ မြောက်ဦးရေးစခန်းနဲ့ တပ်ရင်း ၅၄၀ မှာ ကျနော်တို့သွား ရောက်တိုင်ကြားခဲ့ပါတယ်။ တိုင်ကြားတဲ့အ တွက် ဖျက်ဆီးခံထားရတဲ့ ကွမ်းခြံနေ ရာတွေကို အာဏာပိုင်တွေ သွားကြည့်တယ်။ ကျနော့်တို့ကို ထိုဟာမေး ဒီဟာမေး မေးတယ်။ ပြီး တော့ ဘာမှလည်း အရေးယူလုပ်ဆောင် ပေး ခြင်းမရှိဘဲ ပြန်သွားတယ်။ အဲဒီလို အာဏာပိုင်တွေက ဘာမှလုပ်ဆောင် မပေးတဲ့အတွက် ကုလားတွေက ဆက်ပြီးတော့ကွမ်းခြံတွေကို ဖျက် ဆီးနေတယ်။" ဟု ကွမ်းခြံပိုင်ရှင်တစ်ဦးက ဖြေကြားသည်။

အဆိုပါကွမ်းခြံများအား လာရောက်ဖျက်ဆီးသောကုလားများမှာ မြောက်ဦးမြို့နှင့် ၇ မိုင်ခန့်ကွာဝေးသည့် ပေါင်းတုတ်ကုလားရွာမှဖြစ်ပြီး ဇန္နဝါ ရီလ ၂ ရက်နေ့ ညဥ့် ၁၁ နာရီခန့်တွင် မြောက်ဦးမြို့ အလယ်ဈေးအုပ်စု ဝသဲရပ်ကွက်အနီးရှိ ရခိုင်ပိုင်ကွမ်းခြံများအား လာရောက် စ တင်ဖျက် ဆီးခဲ့ကြောင်း သိရသည်။

ကွမ်းခြံများဖျက်ဆီးခံရခြင်းနှင့်ပတ်သက်၍ မေးမြန်းရာ " ကုလားအင်အား ၄၀ လောက်နဲ့ ညဥ့်အချိန် မှာ လာပြီးတော့ ဖျက်ဆီးတာ။ ကျနော်တို့က လူအင်အား ငါးယောက်ပါ။ ကွမ်းခြံတွေကို ကင်းလှည့်မယ်ဆိုပြီးထွက်လာခဲ့တာ။ အဲဒီအ ချိန်မှာ ကုလားတွေက ကျနော်တို့ ကွမ်းခြံတွေကို ဖျက်ဆီးနေတယ်။ ကျနော်တို့ကင်းလှည့်နေတာကို သူတို့တွေ့သွားတာနဲ့ ကျနော်တို့ကို လေးခွတွေ၊ မျှားစူးတွေနဲ့ပစ်တယ်။ ကျနော်တို့ အသက် လုထွက်ပြေးလာရတယ်။ ဒဏ်ရာတွေတောင် ရလာပါတယ်။ " ဟု ထွက်ပြေးလွတ်မြောက်လာသူ တစ်ဦးက အာရ်ကန်တိုင်းမ်စ်းသို့ ပြောသည်။

ထိုသို့ ဒေသခံအာဏာပိုင်များ၏ အရေးယူဆောင်ရွက်ရန် ပျက်ကွက်နေခြင်းကြောင့် ကွမ်းခြံ ၁၀၀ ကျော်ရှိရာတွင် ၇၅ ရာခိုင်နှုန်းမှာ ဖျက်ဆီး ခံလိုက်ရပြီဖြစ်ကြောင်းနှင့် ကွမ်းခြံများသာမက လူနေတဲအိမ်များ၊ တစ်ခြားစိုက်ပျိုးရေးခြံများ ဖြစ် သော ဘူးခြံ၊ သခွားခြံ၊ ပဲခြံ၊ ပြောင်းခြံ နှင့် ဥယဉ်ခြံများလည်း ဖျက်ဆီးခံနေကြရကြောင်း သိရသည်။

ယခုကဲ့သို့ ကုလားများ၏ အကြမ်းဖက်ရန်စနေမှုများအား ဒေသခံရခိုင်များက တရားနည်းလမ်းတကျ ဖြေရှင်းပေးရန် တိုင်ကြားမှုအားအာ ဏာ ပိုင်များမှ လျှစ်လျူရှုနေခြင်းသည် ရခိုင်ပြည်အတွင်း ကုလား-ရခိုင် ပြဿနာများကို ဆက်လက်ဖန်တီးနေခြင်းနှင့် အလားသဏ္ဍာန် တူနေ ကြောင်း နိုင်ငံရေးလေ့လာသူများ၏ ဝေဖန်သုံးသပ်မှုများ ထွက်ပေါ်လျှက်ရှိသည်။

No comments: