Tuesday, January 22, 2013

ငြိမ်းချမ်းရေး ဆန္ဒပြုသူများအား ပုဒ်မ ၁၈ နှင့် မညှိစွန်းစေရန် ပဲခူးရဲတပ်ဖွဲ့မှ သတိပေး

စောဇင်ညီ | အင်္ဂါနေ့၊ ဇန်နဝါရီလ ၂၂ ရက် ၂၀၁၃

ပြည်တွင်း ငြိမ်းချမ်းရေး ဆန္ဒပြုသူများအား ယနေ့နံနက် ၁၁နာရီအချိန် ပဲခူးအ၀င် တိုးဂိတ်တွင် ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရဲမှူးဦး ဇော် မင်းတို့က တားဆီးကာ ခံဝန်ကတိ လက်မှတ်များ တောင်းခံခဲ့သည်ဟု ဆန္ဒပြုလမ်းလျှောက်သူများက ပြောသည်။

ပြည်တွင်းငြိမ်းချမ်းရေးကို လိုလားသဖြင့် ရန်ကုန်မှ စစ်ပွဲများ ဖြစ်ရာကချင်ပြည်နယ်အထိ လမ်းလျှောက်မည့် ငြိမ်းချမ်းရေး လိုလားသူလူ ငယ် များအဖွဲ့သည် ရန်ကုန်မြို့ ဆူးလေဘုရားအနီးမှ ဇန်န၀ါရီ ၂၁ရက်နေ့တွင် စတင်၍ လမ်းလျှောက်ခဲ့ရာ ပဲခူးအရောက်တွင် ယခုလို တားဆီးသ တိ ပေးခံရခြင်းဖြစ်သည်။

“ကျွန်တော်တို့ လက်မှတ်ထိုးပေးလိုက်ပါတယ်။ သူတို့ပြောတဲ့အတိုင်းပဲ ကြည်ကြည်ဖြူဖြူနဲ့ ဆက် ပြီး လမ်းလျှောက်မှာပါ။ ဘာလို့လဲဆို တော့ ကျွန်တော်တို့ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားလို့ဖြစ်ပါတယ်” ဟု လမ်း လျှောက်ဆန္ဒပြုသူ ကိုဇင်ကိုက မဇ္ဈိမကို ပြောသည်။

ရဲတပ်ဖွဲ့အင်အား ၂၀၀ခန့်ဖြင့် ပဲခူးမြို့နယ် အုပ်ချူပ်ရေးမှူးနှင့် ရဲမှူး ဦးဇော်မင်းတို့က ပဲခူးမြို့အ၀င် တိုးဂိတ်တွင် ၂/၂၀၁၃ အမိန့်အား သိရှိ ကြောင်းနှင့် ပုဒ်မ၁၈အား မကျူးလွန်ရန် ခံဝန်ကတိလက်မှတ် တောင်းခံခဲ့ကြောင်း သိ ရသည်။

ထိုသို့သတိပေးခံရသောကြောင့် ပုဒ်မ၁၈နှင့် မညှိစွန်းစေရန်အတွက် ရန်ကုန်မှ စတင်ကာ ကိုင်ဆောင်ခဲ့ကြသည့် ငြိမ်းချမ်းရေးအလံအား ဖြုတ် ချကာ ဆက်လက်ခရီးဆက်နေကြသည်ဟု လမ်းလျှောက်ဆန္ဒပြုသူများမှ ပြောသည်။

အဆိုပါအဖွဲ့သည် ယခုအခါ အင်းတကော်မြို့ အ၀င်သို့ ရောက်ရှိနေပြီး ရန်ကုန်မှ ထွက်ခွာသည့် လူအင်အားမှာ ၂၁ဦး ရှိခဲ့ရာမှ ယခုအခါ လူ အင်အား ၂၉ဦးအထိတိုးမြင့်လာပြီဖြစ်ကြောင်းသိရသည်။

“ကျွန်တော်တို့ အခုခရီးသွားပုံစံနဲ့ဘဲ ခရီးဆက်နေပါတယ်။ ဗီနိုင်းတွေ ပိုစတာတွေ ဘာမှ ကိုင်ဆောင်ခြင်း မပြုတော့ပါဘူး ” ဟု ကိုဇင်ကို က ဆက်လက်ပြောသည်။

No comments: