သန်းမင်းထိုက် (စစ်တွေ)
ဒီလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ကအိမ်တစ်အိမ်မှာဈေးက၀ယ် လာတဲ့ ဘူးသီး တစ်လုံးမှာ အဆိပ်တွေ့တဲ့ အတွက် အခု ဈေးဝယ်တဲ့ သူတွေ နဲ့ ဟင်းသီးဟင်းရွက်တွေကို သ တိထား ၀ယ်ယူ စားသုံးနေကြရတယ်လို့သ တင်း ရရှိပါတယ်။
ဘူးသီးမှာ အဆိပ်တွေ့တာကို ကိုယ်တိုင် သွားရောက် စစ်ဆေးကြည့်ရှု့ခဲ့သူ ရဟန်းပျို စည်းကမ်း ထိန်းသိမ်းရေးနဲ့ ကူညီ စောင့်ရှောက် ရေး အဖွဲ့ ဥက္ကဌ အရှင် ဥာဏက မြင်တွေ့ခဲ့ရတဲ့ အခြေအနေကို ခုလို မိန့်ကြားပါတယ်။
“ ဘူးသီးမှာ အဆိပ်ပါတယ်လို့ တိုင်ကြားလာတဲ့ အတွက် ဦးဇင်းသွားကြည့် ခဲ့ပါတယ်။ အဲဒီမှာ ဘာကိုတွေ့သလဲ ဆိုတော့ ဗူးသီးက ခွဲလိုက်ရင် အထဲမှာ ဖြူပြီးတော့ ဘူးသီးကို တွေ့ရမယ်။ ဒါပေမယ့် အခုက အရောင် တမျိုး ပြောင်း နေတာကို တွေ့ရတယ်။ ချက်တဲ့ အခါမှာလည်း အရောင်ကအညိုရောင်သန်း ပြီး အရောင်က တမျိုး ဖြစ်နေတယ်။ အိမ်သားတွေက ချက် ပြီးစားမလို့ လုပ် မှ အရောင်က ပုံမှန် မဟုတ်တာကို မြင်ပြီး ထူးခြားမူရှိတဲ့ အတွက် သက်ဆိုင်ရာကို တိုင်ကြားတယ်။ အခုတော့ ဘူးသီး ချက်ရာကထွက်လာ တဲ့ အရည်တွေကို ရန်ကုန် ကို ဓါတ်ခွဲခန်းမှာ စစ်ဆေးဖို့ ပို့ထားပါတယ်” ဟု ပြောသည်။
အိမ်သားများ၏ နာမည်ကို မမှတ်မိသော်လည်း သွားရောက် စစ်ဆေးကြည့်ရှု့ခဲ့သည့် အိမ်မှာ စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက် ကြက် ကိုင်းတန် ဘုန်းကြီးကျောင်း အနီးတွင် တည်ရှိသည်ဟု အရှင်ဥာဏက မိန့်ကြားသည်။
ထိုသို့ တွေ့ရှိပြီးနောက် ဈေးဝယ်သူများ အနေဖြင့်လည်း ဟင်းသီးဟင်းရွက်များကို သတိထား ၀ယ်ယူနေကြတယ်လို့ ပြောပါတယ်။
“ ဒီဘူးသီးတွေက သဲချောင်းဘက်ကလာတာ ဖြစ်တယ်လို့ သိရတယ်။ အခု ဦးဇင်းတို့ကတော့ ဟင်းသီးဟင်းရွက်တွေ စစ်တွေမြို့ထဲ ၀င် လာတာကိုတော့ မတားဘူး။ လွတ်လွတ်လပ်လပ် သယ်ယူခွင့် ပြုထားတယ်။ ဒါပေမယ့် ဟင်း သီးဟင်းရွက်တွေကိုတော့ စစ်ဆေးမူတွေ လုပ် နေတယ်။ ရဟန်းတော်တွေကဘဲ လုပ်တာပါ။ အာဏာပိုင်တွေကတော့ ဘာမှ လုပ်တာ မရှိဘူး။ သူတို့ကတော့ ပုံမှန်ပါဘဲ” လို့ ဦးဇင်းက ဆက်ပြောပါတယ်။
အဆိုပါ သတင်းထွက်လာပြီးနောက် ကြက်ကိုင်းတန်ဘက်တွက် ယခုအခါ ဟင်းသီးဟင်းရွက်များကို ၀ယ်ယူ စားသုံးသူများ နည်းပါးသွား သည် ဟု သိရသည်။

No comments:
Post a Comment