ABC
ကုလသမဂ္ဂရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာ နိုင်ငံ၊ ကချင်ပြည်နယ်က လ ပေါင်း ၂၀ကျော်ကြာပြီဖြစ်တဲ့ပြည်တွင်း စစ် မှာ အစိုးရ စစ်တပ်တွေက ဝေဟင်ကနေ လေယဉ်တွေ ရဟပ်ယာဉ်တွေကို အသုံးချနေတာ ကိုဗီဒီယို သာဓက အပြည့် အစုံနဲ့ရိုက် ထားတာ ထွက်ပေါ်လာတာနဲ့ အတူတကွ အစိုးရ ကလဲ လေယာဉ်နဲ့ တိုက်တယ်ဆိုတာ ဟုတ်မှန် တယ်ဆိုတဲ့ ဝန်ခံချက်တွေ ကြောင့်၊ စိုးရိမ်မကင်းဖြစ် မိတယ်လို့ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
ကုလသမဂ္ဂ ပြောခွင့် ရ ပုဂ္ဂိုလ် Martin Nesirky က ကချင်ပြည်နယ်မှာ ပစ်မှတ်ထားပြီး တိုက်ခိုက် မှု တွေ ရှိခဲ့ တယ်ဆိုတာကိုအထူးသ တိ ထားမိတယ်ဆို တဲ့အကြောင်း ပြောပြပါတယ်။
ဝေဟင်က နေ တိုက်လေယာဉ်တွေ နဲ့ တိုက်ခိုက်တယ်ဆိုတဲ့ သတင်းတွေကို ကုလသဂ္ဂကနေ အ နီးကပ်စောင့်ကြပ်လေ့လာနေတဲ့အကြောင်း၊ မြန်မာအစိုး ရကိုလဲ ဒေသခံ အရပ်သားတွေ အသက်ဘေး အန္တရယ် မရောက်အောင် ထိန်း ထားဖို့ နဲ့ ကချင်ပြည်နယ်တွင်း ဒီထက်ပိုပြီး အခြေ အနေ ပိုဆိုးမလာအောင် သတိထားဖို့ ပြောခွင့်ရ ပုဂ္ဂိုလ်ကနေ တဆင့် ပြောကြား ခဲ့ပါ တယ်။
လေယာဉ်နဲ့ တိုက်ခိုက်တယ်ဆိုတာကို အစိုးရ ဝန်ခံ
မြန်မာစစ်တပ်နဲ့ ကချင်လွှတ်မြောက်ရေးတပ် ကေအိုင်အေတို့အကြား ဖြစ်နေတဲ့ စစ်ပွဲအတွင်း မြန် မာစစ်တပ်အနေနဲ့လေယာဉ်တွေနဲ့ တိုက် ခိုက်တာ မလုပ်ခဲ့ဘူးလို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူးဖော်ဌေးက ပြောခဲ့ပေမယ့် ခုအခါမှာ တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြန်မာအစိုးရက ပြန်လည်ဝန်ခံ ပြောဆိုလိုက်ပါတယ်။
မြန်မာစစ်တပ်က လေယာဉ်တွေကို အသုံးပြုပြီး တိုက်ခိုက်နေတဲ့ သက်သေသာဓကတွေလည်း ထွက်ပေါ်လာပြီး အဲဒီဗီဒီယိုကိုတောနက် ထဲ ရောက် နေတဲ့ ဒုက္ခသည်တွေကို လိုက်လံကူညီပံ့ပိုးမှုလုပ်နေတဲ့ Free Burma Rangers အဖွဲ့က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
မြန်မာစစ်စခန်းတစ်ခုကို ကချင်လက်ထဲကနေ ပြန်လည်ရယူဖို့ ကြိုးစားရင်း လေယာဉ်တွေနဲ့ တိုက်ခိုက်တဲ့အထိ ဖြစ်ခဲ့တာလို့ ငြိမ်းချမ်း ရေး လုပ် ငန်းစဉ်မှာ ပါဝင်တဲ့ အစိုးရအရာရှိ တစ်ဦးက အေဖက်ပီသတင်းကို ပြောပါတယ်။
မြန်မာစစ်တပ်ကနေ ရဟတ်ယာဉ်တွေကို အသုံးပြုတိုက်ခိုက်ခဲ့သလို ဂျက်လေယာဉ်အမောင်းသင် တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သမ္မတအကြံ ပေး တစ်ဦးဖြစ်တဲ့ ဦးလှမောင်ရွှေက ပြောခဲ့တာ ဖြစ်ပါတယ်။
လေယာဉ်ကို ဘယ်လိုနည်းနဲ့သုံးခဲ့သလဲဆိုတဲ့ အသေးစိတ်ကို ပြောဖို့ ငြင်းဆန်ခဲ့ပေမယ့် မြဝတီသတင်းဝဘ်ဆိုက်မှာတော့ ဒီဇင်ဘာလ ၃၀ ရက် တုန်းက မြန်မာစစ်တပ်ကနေ လေယာဉ်နဲ့ တိုက်ခိုက်ခဲ့ရာက အရေးပါတဲ့တပ်စခန်းတစ်ခုကို သူပုန်တွေရဲ့ လက်ထက်ကနေ ပြန် လည် သိမ်း ပိုက်နိုင်တဲ့အကြောင်း ဖော်ပြထားပါတယ်။
ဒါကို ကြည့်ခြင်းအားဖြင့် မြန်မာစစ်တပ်ဟာ သမ္မတဦးသိန်းစိန်ရဲ့ ညွန်ကြားချက်ကို ကျော်လွန်ပြီး ထိုးစစ်ဆင်တာတွေလုပ်နေတာသိသာနေ တယ်လို့လည်း ပြောနေကြပါတယ်။ သမ္မတက မိမိကိုယ်ကို ခုခံကာကွယ်ဖို့အတွက်သာ လုပ်ဖို့မှာကြားထားပြီး ထိုးစစ်ဆင်တာတွေ မလုပ်ဖို့ မှာကြားခဲ့တာ ဖြစ်ပါတယ်။
ကချင်အဖွဲ့ရဲ့ ဒုနိုင်ငံခြားရေးဥက္ကဌ ဂျိမ်းလွန်းဒေါင်ကလည်း တိုက်ပွဲအပြင်းအထန်ဖြစ်နေတဲ့ နေရာ ဟာ ကချင်ဌာနာချုပ်ရှိရာနေရာနဲ့ ၇ မိုင်သာ ဝေးတဲ့ နေရာဖြစ်တဲ့အကြောင်း အရင်တုန်းက ရဟတ်ယာဉ်တွေနဲ့သာ တိုက်ခိုက်ခဲ့ပေမယ့် ခုအခါမှာ လေယာဉ်တွေအသုံးပြုပြီး Rockets ဒုံး ကျဉ်တွေ၊ ဗုံးတွေကို ကျဲချနေတယ်လို့ ပြောပါတယ်။
သမ္မတရုံး ညွန်ကြားရေးမှူး ဗိုလ်မှူးဇော်ဌေးက မြန်မာအစိုးရက တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့ ထပ်မံကမ်းလှမ်းထားပေမယ့် ကချင်ဖက် က ဘာမှ တုန့်ပြန်မှုမလုပ်သေးတဲ့အကြောင်း ပြောပါတယ်။ ကချင်ဖက်ကတော့ သူတို့အနေနဲ့ စစ်ရေးကို အာရုံစိုက်နေရတဲ့အတွက် ငြိမ်း ချမ်းရေး ဆွေးနွေးမှုကို အာရုံမစိုက်နိုင်သေးဘူးလို့ ပြောခဲ့တဲ့အကြောင်းလည်း ဗွီအိုအေ သတင်းမှာ ဖော်ပြထားပါတယ်။
No comments:
Post a Comment