Thursday, January 3, 2013

ငြိမ်းချမ်းရေးအတွက်ညီလာခံကြီးဖြစ်ရန် SNLD အတွင်းရေးမှူး ကွင်းဆင်းပြင်ဆင်

သျှမ်းသံတော်ဆင့်

ငြိမ်းချမ်းရေးအတွက် သျှမ်းပြည်သားများကြား ယုံကြည်မှုတည်ဆောက်နိုင်ရန် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အ တွင်းရေးမှူး စိုင်းညွန့်လွင်က သျှမ်းပြည်နယ်မြို့နယ်အများအပြားသို့ ကွင်းဆင်းကာ တိုင်းရင်းသားနိုင်ငံရေးပါတီခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးနေပါသည်။

“ကျနော်တို့ ပြီးခဲ့တဲ့အပတ်က လားရှိုးရောက်တယ်။ ပလောင်၊ ကိုးကန့်၊ ဝ စတဲ့တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေနဲ့တွေ့ဆုံတယ်။ ကျနော့် ခရီးစဉ် က အဓိက က ပြည်ထောင်စုမြန်မာနိုင်ငံမှာ ထာဝရငြိမ်းချမ်းရေး အမှန်တကယ်ရရှိဖို့ စစ်မှန်တဲ့ ပြည်ထောင်စုစနစ် ပေါ်ထွန်းလာဖို့အ တွက် သျှမ်းပြည်နယ်အတွင်းရှိ နိုင်ငံရေး အင်အားစုတွေ စုပေါင်းပြီးအကောင် အထည် ဖော်သွားနိုင်ဖို့အတွက် လာရောက်တွေ့ဆုံဆွေးနွေး ခြင်းဘဲဖြစ် တယ်။ အားလုံးမပါရင်မရဘူးလေ မဟုတ်လား။ ဒီနေ့လဲ တောင်ကြီးမှာ အင်းအမျိုးသားပါတီ နဲ့ အခြားပါတီ တွေတွေ့ဖို့ရှိတယ်”- ဟု စိုင်းညွန့်လွင်က ပြောပါသည်။

ဒီဇင်ဘာ ၂၈ ရက်နေ့မှစ၍ ယနေ့အထိ လားရှိုး၊ သိန္နီ၊ သီပေါ၊ ကျောက်မဲ၊ မိုင်းကိုင်၊ ပင်လုံ၊ လဲချား တောင်ကြီး သျှမ်းပြည်အခြေစိုက် တိုင်း ရင်း သားနိုင်ငံရေးပါတီများဖြစ်သည့် တအာင်းအမျိုးသားပါတီ၊ ကိုးကန့် ဒီမိုကရေ စီနှင့် ညီညွှတ်ရေးပါတီ၊ ဝ အမျိုးသားစည်းလုံး ညီညွှတ် ရေးပါတီ၊ အင်းအမျိုးသားတိုး တက်ရေးပါတီ စသည့် သျှမ်းပြည်တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဆို သည်။

“ ကျနော် မတွေ့ခဲ့ရတာ ဝ ဒီမိုကရက်တစ်ပါတီဘဲကျန်တယ်။ UWSP/UWSA နဲ့က ဒုတိယဗိုလ် ချုပ်ကြီး ဆေထဲန့် သွားတယ်။ နှစ်လအတွင်း ညီလာခံ လုပ်နိုင်အောင် လုံးပမ်းနေတယ်။ လွတ်လွတ် လပ်လပ်ပါဝင် ဆွေးနွေးနိုင်အောင် လားရှိုးမြို့မှာလုပ်ဖို့ အစီအစဉ်ရှိတယ်။ တောင်ကြီး မှာဆိုရင် ပြည်နယ် လွှတ်တော်က ရှိတယ်လေ။ လားရှိုးမှာဆိုဘာမှမရှိဘူး။ ပိုလွတ် လပ်မယ်လို့မြင်တယ်” - ဟု SNLD အထွေထွေ အတွင်း ရေးမှူးစိုင်းညွန့်လွင်က ပြောပါသည်။

သျှမ်းပြည်မြောက်ပိုင်း တောင်ပိုင်း တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် အလွှတ်သဘော လိုက်လံ တွေ့ဆုံ သည့် ခရီးတလျှောက်လုံးအ ဆင် ပြေကြောင်း ကျေနပ်အားရဖွယ်ကောင်းကြောင်း၊ ဝ အမျိုးသားစည်းလုံး ညီညွှတ်ရေးပါတီ ခေါင်းဆောင် တာ့လုပ်ပေါင်းကိုယ်တိုင်က ဖြစ်လာ မည့်သျှမ်းပြည်ညီလာခံအား မဖြစ်မနေ တက်ရောက်မည်ဖြစ်ကြောင်း၊ ဝ အမျိုးသားဆိုင်ရာ စာတမ်းဖတ်နိုင်ရန်လည်း စီစဉ်ထား မည်ဖြစ် ကြောင်း စိုင်းညွန့်လွင်က ပြန်လည်ပြောပြပါသည်။

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD အထွေထွေအတွင်းရေးမှုးစိုင်းညွန့်လွင် ၏ ခရီးစဉ်တွင် ရုံးအဖွဲ့မှုးစိုင်းရွှေကြူး၊ ဗဟိုအ လုပ် အမှုဆောင်များဖြစ်ကြသည့် စိုင်းလိန်မြတ်၊ စိုင်းလှဖေ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနမှ စိုင်းထွန်းအေး၊ ပညာရေးနှင့် နိုင်ငံခြားဆက် ဆံရေးဌာ နမှစိုင်းဆမ်ဖွဏ်ဆိုင် တို့ပါဝင်သည် ဟုသိရပါသည်။

No comments: