Monday, January 7, 2013

မြန်မာနိုင်ငံ ပြည်တွင်းစစ်ရပ်တန့်ရန် မလေးရှားတွင် မြန်မာတိုင်းရင်းသားများ ဆန္ဒပြ

မင်းသွီး

လက်ရှိမြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော ပြည်တွင်းစစ်များ လုံးဝရပ်ဆိုင်းရန် ယနေ့ဇန္န၀ါရီလ (၇)ရက်တွင် မလေးရှားနိုင်ငံရောက် ကချင် အ ဖွဲ့အစည်းများက ဦးဆောင်၍ မြန်မာတိုင်းရင်းသားများနှင့် တိုင်းရင်းသားအဖွဲ့အစည်းများက ဆန္ဒပြခဲ့ကြောင်းသတင်းရရှိသည်။

ယင်းဆန္ဒထုတ်ဖော်ပွဲတွင် မြန်မာနိုင်ငံသား ၁၅၀၀ ကျော်ခန့် ပူးပေါင်းပါဝင်ခဲ့ကြပြီး ကချင်တွင်ဖြစ်ပွားနေသော စစ်ပွဲများကို လုံးဝရပ် ဆိုင်းရန် နှင့် တိုင်းရင်းသားများ အားလုံးတန်းတူအခွင့်အရေးရရှိရန် မလေးရှားနိုင်ငံ ကွန်လာလမ်ပူရှိ မြန်မာသံရုံးရှေ့တွင် တောင်းဆိုခဲ့ ကြ ကြောင်း သိရှိရသည်။

" ဒီဆန္ဒထုတ်ဖော်ပွဲကို မလေးရှားမှာရှိတဲ့ တိုင်းရင်းသားတွေ အကုန်လုံးပူးပေါင်းပြီးတော့ လက်ရှိ သမ္မ တဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရ အ နေနဲ့ ပြည်တွင်းစစ်တွေအကုန်လုံးကို လုံးဝရပ်ဆိုင်းပေးဖို့၊ ကချင်နဲ့ဖြစ်နေတဲ့ စစ်ပွဲတွေကို လုံးဝရပ်ဆိုင်းပေးဖို့၊ မြန်မာ့လေတပ် မတော်ဆိုတာ ပြည်သူကို သတ်ဖို့မဟုတ်ဘူး။ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်မှု ချက်ချင်းရပ်မှဖြစ် မယ်။ လူမျိုးတုန်း စစ်ဆင်ရေးချက်ချင်းရပ်ဖို့နဲ့ဓာတုဗေ ဒလက်နက်သုံးစွဲမှု ချက်ချင်းရပ်ပေးဖို့တောင်းဆိုရတာ ဖြစ်ပါတယ်။ နောက်တစ် ခုက ပြည်သူ့ဘဏ္ဍာတွေကို မတရားစစ်တွင်း ဖြုန်းတီးဖို့ မ ဟုတ်ဘူး။ တိုင်းရင်းသူတွေကို မုဒိန်းကျင့်မှု ချက်ချင်းရပ်ပေးဖို့နဲ့ ကျနော်တို့ တိုင်းရင်းသားညီအစ်ကိုတွေအားလုံး တန်းတူအခွင့် အရေး ရရှိဖို့ တောင်းဆိုတာဖြစ်ပါတယ်။ " ဟု ကို ဆန္ဒပြရာတွင်ပါဝင်သော ရခိုင်တိုင်းရင်းသားတစ်ဦးဖြစ်သူ ကိုခိုင်ရိုးမက ပြောသည်။

ဆန္ဒပြသူများသည် ဦးသိန်းစိန်ဓါတ်ပုံနှင့် ဦးမင်းအောင်လှိုင် ဓါတ်ပုံများကို မီးရှို့ဖျက်ဆီးကာ ခြေထောက်နှင့် နင်းချေပြခဲ့ပြီး နှုတ်ပိတ်နေ သည့် ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံကို ကိုင်ဆောင်ထားကြသည်။

" ကျနော်တို့က ဦးသိန်းစိန်ဓါတ်ပုံကို မီးတိုက်တယ်ဆိုတာကတော့ ဦးသိန်းစိန်ဟာ တိုင်းရင်းသားတွေကို ကိုယ်ချင်းမစာနာဘဲ ထိုးစစ် ဆင် တိုက်ခိုက်တာတွေကို တွန်းအားပေးတယ်။ ခိုင်းစေတယ်။ ဦးမင်းအောင်လှိုင်ကလည်း အဲလိုပဲ။ ဦးသိန်း စိန်ပြောတဲ့အတိုင်း တသွယ်မလွဲ အ ကုန်လုံး နောက်ကလိုက်လုပ်ပေးတယ်။ သူတို့တွေက အပြောနဲ့အလုပ်နဲ့မညီမျှဘူး။ တိုင်းရင်းသား တွေစည်းစည်း လုံးလုံးရှိရမယ်လို့ပြော တယ်။ ပြီးတော့ သူတို့ကပဲ စတိုက်ခိုက်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူတို့လိုပါပဲ အပြောနဲ့အလုပ်နဲ့ မညီမျှဘူး။ အခုအချိန်ထိ နုတ်ပိတ်နေဆဲပဲ။ ဘာတစ်ခုမှ ပြတ်ပြတ်သားသား ဝင်ပြောပေးတာမရှိဘူး၊ လက်တွေ့အ ကောင်အထည် ဖေါ်ပေးတာလေး မရှိဘူး။ " ဟု ဆက်လက်ပြောကြားခဲ့သည်။

တိုင်းရင်းသားအဖွဲ့အစည်းပေါင်းစုံပါဝင်သည့် ဆန္ဒထုတ်ဖော်ပွဲကို နံနက် (၉)နာရီချိန်မှ စတင်ခဲ့ပြီး (၁၀)နာရီတွင် အနှောင့်အယှက် တစုံ တ ရာမရှိဘဲ အောင်မြင်စွာ အဆုံးသတ်ခဲ့ကြောင်း သိရှိရသည်။

KIA ကို ထိုးစစ်ဆင်နေခြင်းသည် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်နေသည့် ဦးသိန်း စိန် အစိုးရအနေဖြင့် အပြောနှင့်အလုပ် သင့်လျော်မှန်ကန်မှုမရှိကြောင်း သက်သေပြနေခြင်းပင်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အ နေဖြင့် လည်း မည်သည့်ဘက်ကမှ ကြားဝင်၍မပြောကြားလိုသော်လည်း ပြည်သူလူထုမျက်နှာကိုကြည့်လျက် တစ်စုံတစ်ရာ တိုက်တွန်း လုပ်ဆောင် ရန်လိုအပ်ကြောင်း နိုင်ငံရေး သုံးသပ်သူများကဆိုသည်။

No comments: