Monday, January 21, 2013

ပြည်တွင်း ငြိမ်းချမ်းရေး လမ်းလျှောက် ဆန္ဒပြုပွဲ သံဃာတော်နှစ်ပါး အမာခံ ပါဝင်

စောဇင်ညီ | တနင်္လာနေ့၊ ဇန်နဝါရီလ ၂၁ ရက် ၂၀၁၃

ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် လူထုလှုပ်ရှားမှုအဖြစ် လမ်းလျှောက် ဆန္ဒပြုပွဲတွင် အမာခံ လှုပ်ရှားသူအနေဖြင့် သံဃာတော် နှစ်ပါးပါဝင် မည် ဟု ဆန္ဒပြုပွဲတွင်ပါဝင်သူ ကိုဇင်ကိုမှ ပြောသည်။

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများအတွက် ရန်ကုန်မှ ကချင်ပြည်နယ်အထိ ငြိမ်းချမ်း ရေး လမ်းလျှောက် ဆန္ဒပြုပွဲကို ယနေ့ နံနက် ၇ နာရီတွင် ဆူးလေဘုရားအနီးမှ စတင်ထွက်ခွာခဲ့ကြသည်။ အဆိုပါဆန္ဒပြုပွဲတွင် ပါဝင် သည့် အမာခံအဖွဲ့ဝင် နှစ်ဆယ့်တစ်ဦး ရှိပြီး သံဃာနှစ် ပါး ပါဝင်လှုပ်ရှားသည်ဟု ကိုဇင်ကိုမှပြောသည်။

၎င်းက “ကျွန်တော်တို့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့  ဦးတည်ပြီး အခုလို လမ်းလျှောက်နေတာဖြစ်ပါ တယ်။”ပာု ဖုန်းမှတစ်ဆင့် ပြောကြား သည်။

အဆိုပါ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ဆန္ဒပြုသူများအဖွဲ့ အား ငြိမ်ချမ်းရေးလိုလားသော လူငယ်များအဖွဲ့ ပာုအမည်ပေး ထား ကာ လှုပ်ရှားသူများတွင်လည်း အန်အယ်ဒီ ပါတီမှ လူငယ်များ အများဆုံး ပါဝင်ကြောင်း သိရသည်။

ယခုလှုပ်ရှားနေသော ငြိမ်းချမ်းရေး လိုလားသည့် လူငယ်များအဖွဲ့ သည် နေ့လည် ၁၁နာရီ ၂၀တွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ် စော်ဘွား ကြီ ကုန်းလမ်းဆုံသို့  ရောက်ရှိပြီဖြစ်ကာ အများပြည်သူ ဦးရေ ၅၀ ခန့် လိုက်ပါ၍ ပဲခူးမြို့နယ်အထိလိုက်လံပိုဆောင်ကြမည်ဖြစ်ကြောင်း လိုက် လံပို့ဆောင်သူ တစ်ဦးထံမှသိရသည်။

“ကျွန်မတို့  လူငယ်တွေရဲ့ လှုပ်ရှားမှုကို ကြို ဆိုတဲ့ အနေနဲ့  လိုက်ပါ ပို့ဆောင်နေတာပါ။” ပာု လိုက်ပါပို့ဆောင်သူဒေါ်နော်အုန်းလှက ပြော သည်။

အဆိုပါ ငြိမ်ချမ်းရေးလိုလားသော လူငယ်များ အဖွဲ့သည် ရန်ကုန်မှ ကချင်ပြည်နယ်ရှိ စစ်ဖြစ်ပွားရာဒေသများသို့ အချိန် ၁လခွဲနှင့်  အ ရောက် သွားကြမည်ဖြစ်ပြီး စားနပ်ရိက္ခာများ သယ်ဆောင်သွားခြင်း မရှိဘဲ ငွေကြေး အလုံအလောက်သာ ထည့်ဆောင်သွားကြောင်း ဆန္နပြုမှု လှုပ် ရှားသူ ကိုဇင်ကို၏ ပြောကြားချက်များအရသိရသည်။ လမ်းလျှောက်ဆန္ဒပြုမှုများသည် ပဲခူး၊တောင်ငူ၊မန္တလေး စသည့် မြိုများတွင်ခရီ လမ်း တစ်ထောက် အနားယူမှုများပြုလုပ်ကြမည်ဖြစ်ကြောင်းသိရသည်။

လမ်းလျှောက် ဆန္ဒပြုရာတွင် တစ်နာရီ ၄ မိုင်နှုန်းဖြင့် တစ်ရက်လျှင် ပုံမှန်(၁၀)နာရီခန့် လျှောက် မည် ဖြစ်ပြီး ဗိုလ်ချူပ် အောင်ဆန်းမွေး နေ့ တွင် ရောက်ရာ အရပ်တွင် အလံဖြူများစိုက်ထူသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ လမ်းလျှောက်ဆန္ဒပြုမှုအား ခွင့်ပြုမိန့်တောင်ခံထားခြင်းမရှိပဲ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှုအ ဖွဲ့၊ တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၊ ပြည်ထဲရေးဝန်ကြီး ဋ္ဌာန၊ ရဲချုပ်အဖွဲ့များသို့ စာပို့ထားကြောင်း
သိရသည်။

No comments: