Monday, January 21, 2013

ဒေါက်တာအေးကျော်ကွယ်လွန်သည့်နှစ်ပတ်လည်နေ့ အခမ်းအနားနယူးယောက် တွင် ကျင်းပပြုလုပ်

ဒေါက်တာအေးကျော် ကွယ်လွန် သည့် နှစ်ပတ်လည်နေ့ ဆွမ်းကျွှေးပွဲအခန်း အနားတရပ်ကို အမေရိကန်ပြည်ထောင်စု နယူးယောက် မြို တွင် ဆရာကြီး၏ တပည့်သားသမီးများမှ ပြုလုပ်ခဲ့ကြသည်။

အခမ်းအနားကို ဇန္န၀ါရီလ ၁၉ ရက်နေ့က ကျင်းပရာ တပည့်သားသမီးများအ ပါအ၀င် ဆရာကြီးကြည်ညိုလေးစားသူ စုစုပေါင်း လူ ၅၀ကျော်ခန့်တက် ရောက်ခဲ့ကြသည်။

ဆရာကြီးကို လေးစားချစ်ခင်လျှင် ဆရာကြီးမှာကြားခဲ့တဲ့ အတိုင်း လိုက်နာ ဆောင်ရွက်ကြဖို့လိုကြောင်း အခမ်းအနားသို့ ကြွရောက်ခဲ့သူ ဒေါက်တာ အ သျှင် နာယကမှ သူ၏ သြ၀ါဒစကား မိန့်ခွန်းတွင် တက်ရောက်လာသူများအား ပြောကြားသည်။

” တကာကြီး ဒေါက်တာအေးကျော်ကို အမှန်တကယ် လေးစားကြတယ်ဆိုရင် တကာကြီးရဲ့ မှာ ကြားခဲ့တဲ့ စကားတွေကို မမေ့ကြဖို့နဲ့။ တ ကာကြီး ဒေါက်တာ အေးကျော် ဖြစ်ချင်ခဲ့တဲ့ ဆန္ဒတွေကို အကောင်အထည်ဖေါ် လုပ်ဆောင် ခြင်းဖြင့် တကာကြီးကို သူ့ကို ဂုဏ်ပြုရာ ကျေးဇူး ဆပ် ရာ ရောက်ပါတယ်” မိန့်ကြားသည်။

ဆရာကြီး နှစ်ပတ်လည်နေ့ အခမ်းအနား ဖြစ်မြောက်အောင် ဦးဆောင်ပြုလုပ်သူများထဲမှ တစ်ဦး ဖြစ်သည့် ကိုတင့်ဝေကလည်း ဆရာ ကြီး အား ရခိုင်လူငယ်များ အတုယူနိုင်စေဖို့ ရည်ရွယ်ချက်ဖြင့် အခမ်းအနားကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောသည်။

“ ဆရာကြီး ဒေါက်တာအေးကျော်ဟာ ရခိုင်အမျိုးသားထဲက အလွန်တရာ ရှားပါးတဲ့ ပညာရှင်ကြီး တဦး၊ ရခိုင်အမျိုးသားရေးရာ၊ရခိုင်အချုပ်အ ခြာ အာဏာ ပြန်လည် ရရှိရေး၊ ရခိုင်သမိုင်းများ တည်တန့်ခိုင်မြဲရေးတွေကို ကြိုးစား အား ထုတ်ခဲ့တဲ့ ဆရာကြီး တယောက်ဖြစ်တယ်။ အဲဒီလို ရခိုင် လူမျိုး အတွက် တန်ဖိုး မဖြတ်နိုင်တဲ့ ပုဂ္ဂိုလ် တစ်ဦး ကွယ်လွန် အနိစ္စ ရောက် သွားတာဟာ ကျွန်တော်တို့ ရခိုင်ပြည်သူ တရပ်လုံး အ တွက် အလွန်တရာ ဆုံးရှုံးမှုကြီး ဖြစ်ပါတယ်” ဟု ဆိုသည်။

၎င်းပြင် သူက “ ဆရာကြီး ကွယ်လွန်ခဲ့ပေမယ့်လို့ ဆရာကြီးဟာ ရခိုင် လူမျိုးတွေ အတွက် မမေ့ ပျောက် မမေ့ပျောက်အပ်တဲ့ သူတစ်ဦး ဖြစ် တယ်။ သူရဲ့ ပုံရိပ်တွေကို နောင်လာ နောက်သား မျိုးဆက် ရခိုင်လူငယ်တွေအတွက် အား ကျအတူယူဖွယ် ဖြစ်နေစေဖို့ ရည်ရွယ်ပြီး ဆရာ ကြီးကွယ်လွန်တဲ့ နှစ်ပတ်လည် ဆွမ်းကျွှေးပွဲ အခမ်းအနားကို ကျွန်တော်တို့ ပြုလုပ်ရ တာဖြစ်တယ်″ ဟု ပြောသည်။

ရခိုင် သမိုင်းပါမောက္ခ ဒေါက်တာ အေးကျော် သည် ၂၀၁၁ ခုနှစ် ဇန္န၀ါရီလ ၁၉ ရက်နေ့တွင် အမေရိကန် နိုင်ငံ နယူးယောက်မြို့ရှိ Maimonides Medical Center ဆေးရုံသို့ တက်ရောက် ကုသနေစဉ် အဆိုပါ ဆေးရုံ၌ပင် ကွယ်လွန်သွာသည်။ ကွယ်လွန်ချိန်တွင် ဆရာ ကြီး မှာ အသက် (၇၇) ရှိကြောင်း သိရသည်။

No comments: