Tuesday, January 8, 2013

ကချင်စစ်ပွဲအကြောင်း တိုင်းရင်းသားအဖွဲ့တွေဆွေးနွေးမယ်

ABC

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ​၁၁ ​ဖွဲ့ ​ပူးပေါင်းဖွဲ့စည်း ထားတဲ့ ​ညီညွတ်သောတိုင်းရင်းသားလူ မျိုးများဖယ်ဒရယ် ကောင်စီ ​UNFC ​ရဲ့ ​ဒုတိယအကြိမ်မြောက် နှစ်ပတ် လည် ​အစည်းအဝေးကို ​ဒီကနေ့ ​ဇန္န၀ါရီ ​၇ ​ရက်နေ့ကနေ ​ဇန္န၀ါရီ ​၁၀ ​ရက်နေ့အထိ ​၄ ​ရက်ကြာ ​ထိုင်းနိုင်ငံ ​ချင်းမိုင် မြို့မှာ ​ကျင်းပနေပြီး ​ကချင်ပြည်နယ်မှာတိုက်ပွဲတွေဖြစ် ပွား နေတဲ့အရေးကိစ္စအပါအ၀င် ​UNFC အဖွဲ့ရဲ့လုပ်ငန်းစဉ် တွေ၊ ​အစိုရနဲ့ ​UNFC ​တို့ ​အကြားတွေ့ဆုံဆွေးနွေးမှု အ ခြေအနေတွေကို ​လည်းထည့်သွင်း ​ဆွေးနွေးသွား ကြ ဖို့ရှိတယ်လို့သိရပါတယ်။

ဒီအစည်းအဝေးကို ​UNFC ​ဥက္ကဌကချင်ပြည်လွတ်လပ်ရေး အဖွဲ့က ​ဒုတိယ ​ဗိုလ်ချူပ်ကြီး ​အင်ဘန်လ၊ ​ဒုဥက္ကဌ ​၁ ​က ရင်နီအမျိုးသား ​တိုး တက်ရေးပါတီက ​အေဘယ်တွိ၊ ​ဒုဥက္ကဌ ​၂ ​ကရင်အမျိုးသားအစည်းအရုံးက ​ပဒိုစော ​ဒေးဗစ်သကဘော၊ ​အထွေထွေအတွင်းရေးမှူး ​မွန် ပြည်သစ်ပါတီက ​နိုင်ဟံသာ ​အပါအ၀င် ​တိုင်းရင်းသားခေါင်းဆောင် ​၅၀ ​နီးပါးတက်ရောက်နေကြောင်း ​သိရပါတယ်။

တိုင်းရင်းသား ​ခေါင်းဆောင်တွေ ​အဓိကဆွေးနွေးဖို့ရှိတဲ့ ​အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ​UNFC ​အတွင်းရေးမှူး ​၂ ​ပအို့အမျိုးသား လွတ် မြောက်ရေးအဖွဲ့ချူပ် ​PNLO ​ဥက္ကဌ ​ဦးခွန်ဥက္ကာ ​က ​အခုလို ​ပြောဆိုပါတယ်။

“နှစ်နှစ်ဖြတ်ကျော်လာတဲ့ဟာကို ​ပြန်သုံးသပ်တဲ့ဟာတော့ ​အဓိကပါပဲ။ ​အဲ့ဒီမှာ ​အားနည်းချက်တွေ ​အားသာချက်တွေ ​ကြည့်ပြီးတော့ ​လာမည့် ​ကျနော်တို့ ​အားလုံး ​သုံးနှစ်သက်တမ်း ​ကျန်တဲ့ ​တစ်နှစ်မှာ ​အကောင်းဆုံးဖြစ်အောင် ​ညီ ညွတ်ရေးလည်း ​အမြင့်ဆုံးဖြစ်အောင် ​နည်းလမ်းရှာ တဲ့ပွဲပါပဲ၊ ​ရှိနေတဲ့ ​အခြေအနေတွေကိုလည်း ​အမှန်အကန် ​သုံးသပ်ကြဖို့ပေါ့၊ ​ထို့အတူပဲ ​ကရင်ကို ​ဆက်ဆံရေးကောင်းအောင် ​ဒီ ​ဦးသိန်းစိန် ​အစိုးရက ​ဖက်လည်းတကင်းနဲ့ ​အရေးတယူ ​ဖြစ်တဲ့အချိန်မှာ ​ကရင်ကိုတော့ ​တော်တော်လေးကို ​အင်အားတွေ ​သုံးပြီးတော့ ​အထိနာအောင် ​တိုက်နေတဲ့ ​ပုံစံမျိုးပေါ့၊ ​အဲ့ဒါမျိုးကလည်းပဲ ​ကျနော်တို့ ​ခေါင်းဆောင်တွေ ​အချင်းကြားမှာ ​နားလည်မှု ​ပြန်ယူပြီးတော့ ​အဲ့ဒီ ​အခြေအနေမျိုး ​မ ဖြစ်အောင်ပေါ့၊ ​သိသိသာသာနဲ့ ​ပေါ်တင်ကြီး ​တစ်ဖက်ကိုလျှော့ ​တစ် ဖက်ကိုတင်းနေတဲ့ဟာကို ​ဘယ်လိုအဖြေရှာမလဲ ​ဆိုတာကို ​အဲ့ဒါတော့ ​ကျနော်တို့ ​အကြေအလည်ညှိရမည့်အခြေအနေ ​ဖြစ်နိုင်တယ်ဗျ။”

အစိုးရနဲ့ ​အပစ်အခတ်ရပ်စဲထားတဲ့ ​တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အပစ်အခတ်မရပ်စဲထားသေးတဲ့အဖွဲ့တွေပူးပေါင်းဖွဲ့စည်း ထား တဲ့ ​ညီညွတ်သော ​တိုင်းရင်းသား ​လူမျိုးများ ​ဖယ်ဒ ​ရယ် ​ကောင်စီ ​UNFC ​အဖွဲ့ကို ​၂၀၁၀ ​ခုနှစ် ​နိုဝင်ဘာလမှာ ​စတင်ဖွဲ့စည်းခဲ့ပြီး ​က ချင်ပြည် လွတ် ​လပ် ​ရေးအဖွဲ့KIO၊ ​ရှမ်းပြည်တိုးတက်ရေးပါတီSSPP၊ ​ကရင်နီအမျိုးသားတိုးတက်ရေးပါတီKNPP၊ ​မွန်ပြည်သစ်ပါတီNMSP၊ ​ပအို့အမျိုး သားလွတ်မြောက်ရေး ​အဖွဲ့ချူပ်PNLO၊ ​ရခိုင်ပြည် ​အမျိုး ​သားကောင်စီ ​ANC ​၊ ​ချင်းအမျိုးသားတပ်ဦးCNF ​၊ ​လားဟူဒီမိုက ရက် တစ်ပါတီLDP၊ ​ကရင် ​အမျိုးသားအစည်းအရုံးKNU၊ ​၀ ​အမျိုးသားအဖွဲ့ချူပ် ​WNO၊ ​ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး ​PSLF ​စတဲ့ အဖွဲ့တွေပါဝင်ကြောင်း ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုး ​က ​သတင်းပေးပို့ထားပါတယ်။

No comments: