Monday, January 21, 2013

ဓညဝတီ ခေတ်(၃)ခေတ်မှ ဘုရင်သုံးဆူအား ရုပ်ထုသွန်းလောင်းရန် ရှင်သီဝလိစီစဉ်

မိုးဇော်

ရခိုင်လူမျိုးများ၏ ခေတ်ကြီးသုံးခေတ်ဖြစ်သော ပထမ၊ ဒုတိယ၊ တတိယဓ ညဝတီခေတ် စသည့်ခေတ်အ ဆက်ဆက်တွင် ထင်ရှားခဲ့သော ဘုရင်သုံး ပါးအား ကျောက်တော်မြို့၌ ရုတ်ထုသွန်းလောင်းရန်ဒေသန္တရလှည့်လည် တရားဟောကြားနေ သော ဆရာတော်အ ရှင်သီဝ လိက ရခိုင်တိုင်းရင်း သား တိုးတက်ရေးပါတီနှင့်ပူးပေါင်းပြီး စီစဉ်ဆောင်ရွက် နေကြောင်း သိရ သည်။

အဆိုပါ ရုပ်ထုသွန်းလောင်းရန် ဘုရင်သုံးပါးမှာ မာရယုမင်း ပထမဓညဝ တီခေတ်၊ ကံရာဇာကြီး ဒုတိယဓညဝတီခေတ်နှင့် မဟာစန္ဒသူရိ ယမင်းတ တိယဓညဝတီခေတ်တို့ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။

ဘုရင်များကို ရုပ်ထုသွန်းလောင်းတည်ထားရန် ရည်ရွယ်ချက်အား " ရ ခိုင်တွေဟာ တစ်ချိန်က အ မျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မား ခဲ့တယ်။ ဒါပေ မယ့် အခုအချိန်မှာ ဆင်းရဲပင်ပမ်းပြီး လူတောမတိုးရဲတော့ဘူး၊ ပြီးတော့ မိမိတို့ရဲ့ သမိုင်းတွေ ကို မေ့ပျောက် လုနီပါးဖြစ်နေကြပြီ။ ဒါကြောင့် အခု ရှိနေတဲ့မျိုးဆက်သစ်နဲ့ နောက်နောင်ပေါက်ဖွားလာမယ့် မျိုးဆက်သစ်လေးတွေအနေနဲ့ မိမိတို့ရဲ့သမိုင်းကို မေ့ပျောက်မသွားရအောင်လေ့ လာ မှတ်သားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ရုပ်ထုသွန်းလောင်းရမှာ ဖြစ်ပါတယ်။ " ဟု ဆရာတော်က မိန့်ကြားသည်။

အဆိုပါ ဘုရင်ရုပ်ထုများအား အမြင့်ပေ ၆ ပေ ၈ လက်မ၊ ရပ်လျှက်အနေအထားဟန်ဖြင့် ကြေးရုပ်ထုသွန်းလုပ်မည်ဖြစ်ပြီး လူအများ အ လွယ် တ ကူဖူးမြင်နိုင်အောင် အမိုးအကာအဖြစ် ဖန်သားဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း ဆက်လက် မိန့်ကြားခဲ့သည်။

" ဘုရင်တွေကို ရုပ်ထုသွန်းလောင်းဖို့အတွက် ကြေးပိဿချိန် ၁၀၀ ကျော်ရရှိထားပါတယ်။ ဒီ လောက် နဲ့တော့ မလုံလောက် သေးပါဘူး။ ရုပ် ထုတွေ အပြီးအစီး ကျပ်ငွေ သိန်း ၅၀၀ လောက် ကုန်ကျမယ်ထင်ပါတယ်။ အဲဒါကြောင့် ဘုရင်သုံးပါ ကြေးရုပ်ထုဖြစ်လာဖို့ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီနဲ့ ပူးပေါင်းကြိုးပမ်းနေတာပါ။ ဘုရင်သုံးပါး ကြေးရုပ်ထု သွန်း လောင်းနိုင်ဖို့အတွက် ဒါကာ ဒါကာမတွေအနေနဲ့လည်း မိမိတို့ တတ်အားသလောက် ဝိုင်းဝန်းကူညီကြဖို့ ဦးဇင်းအနေနဲ့ တိုက်တွန်း ဖိတ် ခေါ်ပါတယ်။ " ဟု ဆရာတော်က မိန့်ကြားခဲ့သည်။

အဆိုပါ ခေတ်သုံးခေတ်မှ ဘုရင်သုံးပါးအားကြေးရုပ်ထု သွန်းလောင်းခြင်းကို ၂၀၁၃ ခုနှစ် မကုန်မီအချိန်အတွင်း စတင်နိုင် ရန် ရည်ရွယ် ထား ကြောင်းလည်း ထပ်မံမိန့်ကြားခဲ့သည်။

ထို့အပြင် ကြေးရုပ်ထုသွန်းလောင်းတည်ထားရာတွင် အလှူငွေများထည့်ဝင်လှူဒါန်းလိုသူများအနေဖြင့် (ဖုန်း - (+95) 0949675155) ဆရာ တော် အရှင်သီဝလိထံ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း ဆရာတော်က ဆက်လက် မိန့်ကြားခဲ့သည်။

No comments: