Saturday, January 19, 2013

ရွှေစီမံကိန်းကြောင့်အခက်အခဲကြုံရသည့်ဒေသခံများဆုတောင်းပွဲလုပ်

မွေခေါဝ်

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် ကျိန်းလပ်မြို့နယ်ခွဲအတွင်း ရွှေတူးဖော်သည့် စီမံကိန်းကြောင့် အခက်အခဲ ကြုံတွေ့နေရသည့် ဒေ သ ခံများ စုရုံး၍ ယနေ့ နံနက်ပိုင်းမှ မွန်းလွဲပိုင်းအထိ အလှူအဒါန်း နှင့်တကွ ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

“ရွှေလာတူးတော့ သဘာဝ ပတ်ဝန်းကျင်တွေ ပျက်စီးတယ်။ လယ်ယာမြေတွေလည်း ပျက်စီးတယ်။ ဒါကြောင့် ရွာသူရွာသား လယ်သမားတွေ စုပေါင်းပြီး ရေမြေတောတောင်စောင့်နတ်ကို ရည်စူးပြီး အလှူ အဒါန်း ပြုလုပ်ရတာပါ။ ဖြစ်နိုင် ရင်တော့ ဒေသခံလူထုအတွက် အကျိုးမရှိတဲ့ ဒီ စီမံကိန်းကြီး ရပ်နား သွားစေချင်တယ်လေ” ဟု ကျိန်းလပ်ဒေသခံတစ်ဦးက ပြောပါသည်။

အဆိုပါ အလှူဒါနပွဲကို သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် ကျိန်းလပ်မြို့နယ်ခွဲ ဝမ့်တုံကျေးရွာ ဘုန်းကြီးကျောင်း၌ ယနေ့ နံနက် ၈ နာ ရီမှ မွန်းလွဲ ၁ နာရီထိ ပြုလုပ်ကျင်းပခဲ့ရာ သျှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ SN DP ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ၊ ဒေသတွင်း အာဏာပိုင်များနှင့် ဒေသခံလူထု ၃၀၀ ကျော်ခန့် တက် ရောက် ခဲ့ကြ သည်ဟု ဆို၏။



“နံနက် ၉ နာရီခွဲလောက်မှာ ကျနော်တို့ သီလဆောက်တည်တယ်။ သံဃာတော်တွေက အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပေး တယ်။ နောက် ရေမြေတောတောင်စောင့်နတ်တွေ သတ္တဝါတွေကို ရည်စူးပြီး ရေစက်ချ အမျှပေးဝေခဲ့ပါတယ်” ဟု ၎င်းက ဆက်ပြောပါ သည်။

No comments: