kachinnews
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း (၂၄) နယ်မြေ ဖွန်းပျဲန်ဘွမ် (Hpun Pyen Bum) အနီး လကန်း ဘွမ် (Lakang Bum) တောင်ခြေတွင် မိုးမိတ်အခြေစိုက် အစိုးရတပ်နှင့် ယမန်နေ့ နံနက် ရ နာရီခွဲချိန် တိုက်ပွဲများဖြစ်ပွားခဲ့ရာ အစိုးရစစ် တပ်မှ ၅ ဦး သေဆုံးပြီး လက်နက်ကျည်ဆံများ သိမ်းယူရရှိခဲ့ကြောင်း ရှေ့တန်းသတင်းအရသိရသည်။
အစိုးရစစ်တပ် အင်အား ၈၀ ကျော်ရှိသော ခလရ (၂၇၆) ခြေလျင်တပ်များနှင့် ကချင်လွတ်လပ်ရေး တပ်ဖွဲ့ KIA တပ်မဟာ (၅) အောက် တပ် ရင်း (၂၄) နယ်မြေ လကန်းဘွမ် (Lakang Bum) တွင်ဖြစ်ပွားသော တိုက်ပွဲသည် မိနစ် ၂၀ ကြာပြီး အစိုးရတပ်ဖက်က ထိခိုက်သေဆုံး မှုနှင့် ဒဏ်ရာရှိမှုများကြောင့် ပြန်ဆုတ်သွားခဲ့ခြင်းဖြစ်ကြောင်း KIA ရှေ့တန်းမှ အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။
အစိုးရတပ်များထံမှ KIA တပ်ဖွဲ့များ သိမ်းယူရရှိသောလက်နက်များသည် ငါးကျင်းမင်း ကြည်ဆံ ၁၂၈ တောင့်၊ MA အမြောက်ဆံ ၄၂၈၊ EY အ မြောက်ဆံ ၂ခု၊ Bazooka ၁ ခုနှင့် အမြောက်ဆံ ၁ ခု ဖြစ်ကြောင်း သိရသည်။
ယမန်နေ့တိုက်ပွဲတွင် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ ဖက်မှ သေဆုံးဒဏ်ရာရရှိမှုမရှိကြောင်း အတည်ပြုပြောဆိုခဲ့သော်လည်း အစိုးရဖက်မှ ၅ ဦး သေ ဆုံး၍ ဒဏ်ရာရှိမှုနှင့်ပတ်သက်ပြီး အစိုးရထံမှ သီးခြားအတည်ပြုချက်မရသေးပေ။
အစိုးရစစ်တပ်နှင့် ဇန်န၀ါရီလ ၁၆ ရက်နေ့မနက်ဖြစ်ပွားခဲ့သော လကန်းဘွမ်တိုက်ပွဲတွင် တိုက်လေယာဉ်များအသုံးပြုခြင်းမရှိသော်လည်း နေ့ခင်းတွင်မူ ရဟတ်ယာဉ် ၂ စင်းဖြင့် ဒေါင်ဖုန်းယန် (Dawhpumyang) အစိုးရစစ်တပ် ခလရ (၁၄၂) စခန်းသို့ စားနပ်ရိက္ခာနှင့် လက် နက်ကြီး များ ပို့ခဲ့ကြောင်း သိရသည်။
ထိုရဟတ်ယာဉ်အား ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA)မှ လက်နက်ကြီး ၆၀ မမ ဖြင့် ပစ်ခတ်ခဲ့သော်လည်း ထိခိုက်မှုမရှိပဲ မြစ်ကြီးနား မြောက် ပိုင်းတိုင်းစစ်ဌာနချုပ် (ပမခ) ဖက်သို့ ပြန်သန်းသွားကြောင်း သိရသည်။
တိုက်ပွဲများသည် ရပ်နားခြင်းမရှိသေးပဲ အစိုးရတပ် ဒေါင်ဖုန်းယန် (Dawhpumyang) ရှိ ခြေလျင်တပ် ခလရ (၁၄၂) စခန်းနှင့် ယမန်နေ့ ညမှ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း တပ်မဟာ (၅) မှ KIA အရာရှိပြောသည်။



No comments:
Post a Comment