ABC
ကချင်ပြည်နယ်မှာ လက်ဂျားယန်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကိုရပ်တန့်ဖို့ နိုင်ငံတော်သမ္မတ ဦးသန်းစိန်က အမိန့်ထုတ်ပြန်ခဲ့ပေ မယ့်လည်း KIA ကချင်တပ်တွေအပေါ် အစိုးရတပ်တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ဆက်ရှိနေတုံးပဲလို့ KIA အဖွဲ့ဖက်က ပြောလိုက်ပါ တယ်။
ပြီးခဲ့တဲ့ စနေတနင်္ဂနွေရက်ပိုင်းအတွင်းမှာ လက်ဂျားယန်ဒေသမှာသာမက ကချင်ပြည်နယ်အတွင်းက တခြားနေရာတွေမှာပါ အစိုးရတပ်တွေ က ထိုးစစ်ဆင်တိုက်ခိုက်နေဆဲပဲဖြစ်တယ်လို့ KIA ကချင်လက်နက်ကိုင်အဖွဲ့ ရဲ့ ထိုင်းနိုင်ငံအခြေ စိုက် ပြောခွင့်ရပိုဂ္ဂိုလ် ဂျိမ်းလွန်ဒေါင်း က ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မနေ့မနက်ပိုင်း ၈ နာရီကျော်ကစပြီး လယ်ဂျားယန်နားက KIA တပ်တွေကို မြန်မာအစိုးရတပ်တွေက လက်နက် ကြီး တွေနဲ့ တောက်လျောက် တိုက်ခိုက်နေခဲ့တယ်လို့လည်း သူကပြောပါတယ်။
ဆက်လက်ဖြစ်နေတဲ့တိုက်ပွဲအခြေအနေ
မြန်မာအစိုးရတပ်ဖွဲ့တွေက KIA ကချင်လက်နက်ကိုင်တပ်ဖွဲ့တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေကိုရပ်တန့်လိုက်တယ်လို့ ကြေငြာ ထားပေမယ့်လည်း ကချင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဇန်န၀ါရီ ၁၉ရက်နေ့ကစပြီး လက်ဂျားယန်ဒေသစစ်ဆင်ရေးကိုရပ်ဆိုင်းမှာဖြစ်တဲ့အကြောင်း မြန်မာအစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါ ပေမယ့် မနေ့မနက်ပိုင်းကနေ ညနေပိုင်းအထိ လိုင်ဇာအနီးက ခါယာဘွမ်မှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
မကြာသေးခင်က သမတဦးသိန်းစိန်နဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်း ၈၀ကျော်နဲ့ တွေ့ဆုံစဉ်မှာ အစိုး ရတပ်တွေဟာ KIA လိုင်ဇာဌာနချုပ် ကိုအ ပြီးတိုင်သိမ်းယူမှာ မဟုတ်ဘူးလို့ ပြောခဲ့တဲ့အကြောင်း သိရပါတယ်။ ဒါပေမယ့် လိုင်ဇာမြို့နားက ခါယာဘွမ်တောင်ကြောတ လျောက် တိုက် ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ ABSDF မြောက်ပိုင်းတာဝန်ခံ ဦးလှဆိုင်းက အခုလိုပြောပါတယ်။
"တိုက်ပွဲဖြစ်နေတယ်၊ အခုဖြစ်နေတုန်း၊ ရှေ့မှာတိုက်နေတုန်း၊ လိုင်ဇာကိုတော့ ဘယ်ထိုးမလဲ၊ ဗမာစ ကားတတ် တိုင်း လျောက်ပြောနေတာ၊ လိုင်ဇာရဲ့ အရေးကြီးတဲ့ ပွိုင့်ကုန်းတွေ အခုခါယာကို အပြတ်ချနေတာ၊ မြင့်တဲ့တောင်ကုန်းတွေကို သူတို့စခန်းသိမ်း ထိုးစစ်ဆင်နေတာအဲဒါ ခုထက်ထိတော့ မရသေးပါဘူး။"
အစိုးရဘက်က ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီးတော့လည်း လက်ဂျားယန်ဒေသတခုထဲမှာမဟုတ်ပဲ ကချင် ပြည်နယ်အတွင်းက တခြားစစ် ရေး လှုပ်ရှားမှုတွေကိုပါ လျော့ချသင့်တယ်လို့ KIA က ဇန်န၀ါရီ ၁၉ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
မနေ့ညပိုင်းအချိန်အထိ သတင်းတွေအရ တိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်ပြီး အစိုးရဖက်က ခြေလျှင်တပ်ရင်း ၁၀ ခုလောက်နဲ့ ထိုးစစ်ဆင် နေ တာဖြစ်တယ်လို့ လည်း ကိုလှဆိုင်းက ပြောပါတယ်။
ဖားကန်ကဒေသဘက်မှာလည်း မနေ့ကအထိ တိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်ပြီး အစိုးရတွေဖက်က စစ် သားအင်အား ၂၀၀၀ လောက် ထိုးစစ် ဆင်တိုက်ခိုက်ခဲ့တဲ့အတွက် ညနေပိုင်းမှာ KIA ကချင်အဖွဲ့ တပ်ရင်း ၆ ထိန်းချုပ်တဲ့နေရာကနေ ဆုတ်ခွာပေးလိုက်ရတဲ့အကြောင်း သိရတယ်လို့ ပြောထားပေမယ့်လည်း သတင်းအတည်ပြုချက်ရနိုင်ဖို့ KIO တာဝန်ရှိသူတွေကို ကြိုး စားဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရသေးတဲ့အ ကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ထားပါ တယ်။

No comments:
Post a Comment