Monday, January 21, 2013

စားကျက်မြေများ ကျူးကျော် သိမ်းပိုက်ခံရမှုကြောင့် သံဖရာကိုင်း ဒေသခံများ အခက်တွေ့

အာရ်ကန်တိုင်းမ်စ်

ရခိုင်ပြည် သံတွဲခရိုင် တောင်ကုတ်မြို့နယ် ငလုံးမော်ကျေးရွာအုပ်စု သံဖရာကိုင်းကျေးရွာအနီးတွင် အများပြည်သူပိုင် နွားစားကျက်မြေ ဧက ၇၀ ခန့် ကို ဒေသအာဏာပိုင်များနှင့်နီးစပ်သူ ဦးအေးမြိုင်မှ ကျူးကျော်သိမ်းပိုက်၍ စားပင်၊ သောက်ပင်များ စိုက်ပျိုးထားသော ကြောင့်ဒေသ ခံများ အခက်တွေ့နေရကြောင်း သတင်းရရှိသည်။

အဆိုပါ နွားစားကျက်မြေကို ကျူးကျော်၍ စားပင်သောက်ပင်များစိုက်ပျိုးထားသောကြောင့် ကျွဲနွားများ မြက်စားသောက်ရန် အခက်အ ခဲ ရှိ နေသည့်အပြင် လူသွားလူလာလမ်းများကိုပါ ပိတ်ဆို့ ထားကြောင်း သိရှိရသည်။

"ဒီ နွားစားကျက်မြေဟာ နှစ်ပေါင်းများစွာကတည်းက ဘိုးဘွားပိုင် စားကျက်မြေပါ။ ဒီမြေကို ၂၀၀၉ ခုနှစ်လောက်ကကျူးကျော်ပြီး သီဟိုလ် ပင်၊ ကွမ်းသီးပင်၊ ကွမ်းရွက်ပင်၊ ငရုပ်ကောင်းပင်နဲ့ တခြားစားပင်သောက်ပင်တွေ စိုက်ပျိုးထားတာ ကြောင့်ကျွဲနွားတွေမြက်ရှာဖွေစားသောက် ဖို့ အခက်အခဲရှိနေတာပေါ့။ ဒေသခံတွေလည်း အဲဒီတောတန်း စားကျက်မြေနားမှာ ထင်းရှာ၊ ဟင်းရှာသွားလို့ တောင်မရတော့ ပါဘူး။နွားသွား လမ်းရော၊ လူသွားလူလာလမ်းတွေကို ခြံခပ်ပိတ်ဆို့ ထားပါတယ်" ဟု အမည် မဖော်လိုသူ သံဖရာကိုင်း ဒေသခံတဦးက အာရ်ကန် တိုင်းမ် သို့ ပြောကြားသည်။

သံဖရာကိုင်းဒေသခံများမှ လမ်းပိတ်ဆို့ ထားသည့် စူးခြံများကို ဖယ်ရှားသည့်အခါတွင်လည်း ဦးအေးမြိုင်က ပိုင်နက်ကျူးကျော် ခြံမြေဖျက် စီး မှု၊ ၄င်း၏ အကျိုးစီးပွားပျက်စီးအောင်လုပ်မှု အစရှိသဖြင့် ပုဒ်မအမျိုးမျိုးတပ်ကာတရားစွဲဆိုမည်ဟုခြိမ်းခြောက်မှုများပြုလုပ်ခဲ့ကြောင်း လည်း သိရှိရသည်။

ယခုကဲ့သို့ သံဖရာကိုင်းဒေသခံများ၏ စားကျက်မြေကို ကျူးကျော်သိမ်းပိုက်ခံနေရမှုနဲ့ ခြိမ်းခြောက်ခံနေရမှုများကို ၂၀၀၉ ခုနှစ်ကတည်း က ရ.ယ.က၊ မ.ယ.က နှင့် ခရိုင်အဆင့်ထိ တိုင်ကြားခဲ့သော်လည်း ယနေ့ အချိန်ထိ မည့်သည့် အရေးယူ ဆောင်ရွက်မှုမျိုးမှ မတွေ့ ရှိခဲ့ ကြောင်း အ ဆိုပါ ဒေသခံမှ ဆက်လက်ပြောကြားသည်။

"ကျနော်တို့ က ကျေးရွာသားတွေဆိုတော့ စာမတတ်မေမဲ့ စိတ်နှလုံးသားဖြူကြပါတယ်။ ရပ်ရွာက ပညာတတ်လူငယ်တချို့ က ၂၀၀၉ ခုနှစ်က တည်းက ရ.ယ.က၊ မ.ယ.က နှင့် ခရိုင်ရုံးအဆင့်ထိတက်ပြီး စာတတန် ပေတတန်နဲ့  တိုင် ကြားခဲ့ကြပါတယ်။ တောင်ကုတ်မြို့ နယ် ဌာနဆိုင် ရာ တာဝန်ရှိပုဂ္ဂိုလ်တချို့ ကို သံတွဲခရိုင်အဆင့်ရှိ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေက စားကျက်မြေကိစ္စနဲ့ ပတ်သက်ပြီးကွင်းဆင်းလေ့လာစုံစမ်း ဖုံဖော်ထုတ်ဖို့ အတွက် ဖွဲ့ စည်းတာဝန် ပေးအပ်ခဲ့တာရှိပါတယ်။ မြို့ နယ်က ဖွဲ့ စည်းတာဝန်ပေးအပ်ခြင်းခံရတဲ့ ပုဂ္ဂိုလ်တွေကလည်း စားကျက် မြေ ကို တခေါက်တော့ ဆင်းလာကြည့်ခဲ့ပါတယ်။ အဲဒီကတည်းက ပြန် သွားခဲ့ကြတာ ဒီနေ့ ဒီအချိန်ထိ ဘာမှထူးခြားပြောင်းလဲလာတာကို မ တွေ့ ရသေးပါဘူး။ ဦးအေးမြိုင်ကတော့ စိုက်ကောင်းတိုင်း စိုက်နေ တော့တာပေါ့" ဟု ပြောကြားသွားခဲ့သည်။

စားကျက်မြေကို ကျူးကျော် သိမ်းပိုက် သီးပင်စိုက်ထားသူဦးအေးမြိုင်မှာသံဖရာကိုင်းကျေးရွာဇာတိဖြစ်ပြီးလက်ရှိတန်းလွဲချောင်းရွာမ အောက် ပိုင်းရပ်ကွက်တွင်နေထိုင်နေသည့် ရွာသူဌေးတဦးလည်းဖြစ်ကြောင်းသိရှိရသည်။ ဒေသခံလူထုမှ ၄င်းပြသနာကို ထိထိရောက် ရောက်အရေး ယူ ဆောင်ရွက်နိုင်ရန် ပြည်နယ်လွှတ်တော်နဲ့  နိုင်ငံတော်အဆင့်ထိ တိုင်ကြားသွားရန် ပြင်ဆင်နေကြကြောင်းလည်း သ တင်း ရရှိသည်။

No comments: