Monday, January 21, 2013

မြန်မာအကျဉ်းထောင်ထဲ ICRC ပြန်ဝင်ခွင့်ရ

ABC

မြန်မာနိုင်ငံအကျဉ်းထောင်တွေထဲကို ​ဝင်ဖို့ရောက် ​နှစ်ပေါင်းများစွာ ​တားမြစ်ခံထားရတဲ့ ​အပြည်အ ပြည်ဆိုင် ​ကြက်ခြေနီ ​အဖွဲ့အနေနဲ့ ​ရှေ့လာ မယ့်အပတ်ကြရင် ​ပြန်လည်ဝင်ရောက် ​နိုင်ပြီလို့ ​အဖွဲ့ရဲ့ဥက္ကဌကပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ ​ကြက်ခြေနီအဖွဲ့ဥက္ကဌ ​Peter ​Maurer ​က ​မြန်မာအစိုးရခေါင်းဆောင်တွေ ​အနေနဲ့ ​လူသားချင်းစာနာထောက်ထားတဲ့လုပ် ငန်းစဉ်တွေအရေးကြီးကြောင်းကို ​နားလည်ကြ ​သလို ​သူတို့အဖွဲ့အနေနဲ့လည်း ​မြန်မာအစိုးရနဲ့ ​ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ဆို ပါတယ်။

Peter ​Maurer ​ဟာ ​သူ့ရဲ့ပထမဆုံးအကြိမ် ​မြန်မာပြည်ခရီးစဉ်အတွင်း ​မြန်မာနိုင်ငံသမ္မတ ​ဦးသိန်စိန်နဲ့ ​မြန်မာအမျိုးသားဒီမိုကရေစီခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်အပါဝင် ​အစိုးရဌာနတွေက ​တာဝန်ရှိသူတွေနဲ့လည်း ​တွေ့ဆုံခဲ့တယ်လို့ ​သိရပါတယ်။

မြန်မာနိုင်ငံက ​လုံခြုံရေးတပ်ဖွဲ့နဲ့ ​ရဲတပ်ဖွဲ့တွေကိုလည်း ​လူသားခြင်း ​စာနာထောက်ထားမှု ​အကူအညီရဲ့ ​ဥပဒေနဲ့အညီ ​သင်တန်းတွေပေး သွား မယ်လို့လည်း ​အပြည်ပြည်ဆိုင်ရာ ​ကြက်ခြေနီအဖွဲ့က ​သဘောတူခဲ့ပါတယ်။

No comments: