Friday, January 11, 2013

KIA တိုက်ပွဲမှာဓာတုလက်နက် မသုံးဟုအစိုးရပြော

ABC

ဦးရဲထွဋ္ဋ်က ​ဓာတုလက်နက်တွေကို ​ဘယ်တုံးကမှ ​အသုံး ​မချခဲ့ ​တဲ့ ​အကြောင်း၊ ​သုံးဖွဲ့ ​ရည်ရွယ်ချက်တွေ ​လဲမရှိဘူးလို့ပြောပါတယ်။ ​KIA ​ထိန်း ချုပ်နယ်မြေ ​ကို ​သိမ်းပိုက်နိုင်ဖို့အတွက် ​အစိုးရ ​စစ်တပ်တွေက ​ထိုးစစ်ဆင်မှုတွေ ​ကိုပြီးခဲ့တဲ့ ​ရက်ပိုင်းတွေက ​ပြုလုပ်ခဲ့တယ်လို့ ​ဆိုပါ တယ်။

KIA ​ပြောခွင့် ​ရ ​ပုဂ္ဂိုလ်က ​ဓာတုစစ်လက်နက်တွေ ​အသုံးချခဲ့တာ ​၃ ​ရက် ​ရှိသွားပြီ ​ဖြစ်တဲ့ ​အကြောင်း၊ ​KIA ​ထိန်းချုပ်နယ်မြေ ​တွင်းက ​စခန်း ​(၃)ခု ​ကိုလဲ ​သိမ်းပိုက်လိုက်ပြီ ​ဖြစ်တယ်လို့ ​AFP ​သတင်းဌါနကိုပြောပြခဲ့ပါတယ်။

အဲဒီ ​တိုက်ပွဲဒေသတွေ ​မှာ ​ဗုံးပေါက်ကွဲ ​ချိန်မှာ ​အပူတပြင်းခံစားရပြီး ​စစ်သားတွေ ​သတိလစ်ကုန် ကြတဲ့ ​အကြောင်း၊ ​လူတိုင်း ​မခံမရပ်ဖြစ်တဲ့ အကြောင်းနဲ့ ​ဒီလိုဖြစ်ရပ်တွေဟာ ​ကောင်းကင် ​ဝေဟင်ကနေ ​စစ်လေယဉ်တွေ ​နဲ့ ​တိုက်ခိုက် အပြီးမှာ ​ဖြစ်ခဲ့တယ်ဆိုတာကို ​အတည်ပြု ချက် မရသေးဘူးလို့ ​AFP ​သတင်း ​ဌာနက ​ပြောပါတယ်။

ကချင်ပြည်နယ်က ​လက်နက်ကိုင်တိုင်းရင်းသားလူမျိုးစုနဲ့ ​တိုက်ပွဲ ​ပိုမို ​ပြင်းထန်မှုတွေ၊ ​ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းလက်မတောင်း တောင် က ​ပဋိပက္ခတွေကြောင့် ​မြန်မာနိုင်ငံ ​ရဲ့အကောင်းသဘောဆောင်တဲ့ ​ပြုပြင်ပြောင်းလဲရေးတွေကို ​အနှောက်အယှက် ​ဖြစ်နေပြီ ​လို့သုံးသပ် ဝေ ဖန်သံများ ​ထွက်ပေါ် ​နေပြီ ​ဖြစ်ပါတယ်။


နိုင်ငံတော်သမ္မတကြီး ​ဦးသိန်စိန်က ​၂၀၁၁ခုနှစ် ​ဒီဇင်ဘာလ ​က ​ကချင်လက်နက်ကိုင် ​တိုင်း ​ရင်းသားတွေ ​အပေါ်ထိုးစစ်ဆင်ဖို့ ​ရပ်ဆိုင်း ​ခိုင်း တဲ့ ​အမိန့်ကိုထုတ်ပြန်ခဲ့ပေမဲ့ ​တိုက်ပွဲတွေ ​ပိုမို ​ပြင်းထန်လာမှုတွေကြောင့် ​သမ္မတ ​ရဲ့ ​မြန်မာတပ်မတော်အပေါ် ​သြဇာလွှမ်းမိုးမှုရှိ ​မရှိ ​ကိုလည်း ​မေးခွန်းထုတ်နေ ​ကြတယ်လို့ ​သိရပါတယ်။

No comments: