လွတ်လပ်သော မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အများဆန္ဒအတိုင်း ကျေးရွာ အုပ်ချုပ်ရေးမှူးအသစ်မျာရွေးချယ်ပြီးစီးပြီ ဖြစ်သော် လည်း ကန့်ကွက်မှုများနှင့် ကြုံနေရဆဲ ဖြစ်ကြောင်း မုဒုံမြို့နယ်မှ ဒေသခံများ၏ အဆိုအရ သိရသည်။
၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရေးအတွက် အခြေခံ ပြည်သူလူထုကို စည်းရုံးရာတွင် ရပ်/ကျေး အုပ်ချုပ်ရေး မှူးများသည် အရေးပါသည့် အ တွက် နိုင်ငံရေးပါတီများက မိမိတို့ ပါတီဝင်များ ရပ်/ကျေး အုပ်ရေးမှူး ဖြစ်ရန် အပြိုင်အဆိုင် ကြိုပမ်းရာမှ အဆင်မပြေမှုများ ဖြစ်ပေါ် လာရ သည်။
၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့က မုဒုံမြို့နယ်၊ နှီးပဒေါ၊ ရောင်းဒေါင်း၊ ကွာန်လှာ၊ အဘစ်၊ ဆက်သွယ်၊ ကလော့သော့ စသည့် ကျေး ရွာ များတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးများကို အများဆန္ဒဖြင့် လျှို့ဝှက်မဲပေး ရွေးချယ်ရာ ရောင်းဒေါင်းကျေးရွာ တရွာသာ ပြည် ခိုင်ဖြိုး ပါတီ ဝင်က ရွေးချယ်ခံရသည်။
ပြည်ခိုင်ဖြိုး ပါတီဝင်များ အရွေးမခံရသည့် ကျေးရွာများသည် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲအား သမာသမတ် မကျဟု ဆိုကာ မြို့နယ်သို့ ကန့် ကွက်စာ တင်ထားကြောင်း သိရသည်။ ကန့်ကွက်ခံထားရသည့် ကျေးရွာ အုပ်ချုပ်ရေးမှူးများမှာ ကွမ်လှာရွာ၊ နှီးပဒေါရွာ၊အဘစ်ရွာ စသည် တို့ ဖြစ်သည်။
“အုပ်ချုပ်ရေးမှူးကို ကျနော်တို့ ကြိုက်လို့ ရွေးတာ။ အခု သူတို့ (ပြည်ခိုင်ဖြိုး) အရွေးမခံရလို့ ရွေး ချယ်ပွဲဟာ သမာသမတ် မရှိဘူးဆိုပြီးကန့် ကွက်စာ တင်ထားတယ်။ မြို့နယ်က ဘာမှ မပြောသေးဘူး” ဟု ကွမ်လှာရွာ သားတ ဦးက ပြောသည်။
ပြည်ခိုင်ဖြိုးပါတီဝင် အရွေးခံရသည့် ရောင်းဒေါင်းရွာတွင် အုပ်ချုပ်ရေးမှူး အသစ်အား စီးတံဆိပ် အပါအဝင် အုပ်ချုပ်ရေး အဆောင်အ ယောင် များကို ယမန်နေ့က အပ်နှင်းပြီးပြီ ဖြစ်ကြောင်း ရွာသားတဦးက ပြောသည်။
ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ဒီမိုကရေစီ နည်းလမ်းတကျ ရွေးချယ်ရန်အတွက် ရပ်/ကျေး ဥပဒေသစ်တရပ်ကို ၂၀၁၂ ခုနှစ်၊ ဇန် နဝါရီလတွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဌာန်းခဲ့သည်။
ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရေး အဆင့်ဆင့်တွင် မြို့နယ်မှ ကျေးရွာ သမာဓိ လူကြီးများ ကို အများဆန္ဒဖြင့် ရွေချယ်ခြင်း၊ သမာဓိ လူကြီးများက ဆယ်အိမ် ကိုယ်စားလှယ်များကို ရွေးချယ်ခြင်းနှင့် ကိုယ်စားလှယ်များက လျှို့ ဝှက်မဲစနစ်ဖြင့် အုပ်ချုပ်ရေးမှူးများကို ရွေးချယ် ခြင်းတို့ ပါဝင်သည်။
ကျေးရွာ အုပ်ချုပ်ရေးမှူးများသည် မိမိရပ်ကွက်၊ ကျေးရွာအတွင်း လောင်းကစားမှု၊ ဒုစရိုက်မှု တခုခု ဖြစ်ပေါ်လာပါက အရေးပေါ် ရှာ ဖွေစစ် ဆေးခွင့်၊ ဖမ်းဝရမ်း ထုတ်ပိုင်ခွင့် အာဏာကို ဥပဒေကပေးအပ်ထား သည်။
ကျေးရွာ အုပ်ချုပ်ရေးမှူး တဦးကို ရွေးချယ်ပြီးစီးသော်လည်း သက်ဆိုင်ရာ ကျေးရွာ၏ ပြည်သူများ နှစ်သက်မှု မရှိပါက ထိုဒေသ လူဦး ရေ၏ ၅၀ ရာခိုင်နှုန်းအထက် ကန့်ကွက်လျှင် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးအနေနှင့် ထိုကျေးရွာ အုပ်ချုပ်ရေးမှူးများကို ဖယ်ရှားပေးရမည် ဖြစ်သည်ဟု ရပ်/ကျေး ဥပဒေသစ်တွင် ပါရှိသည်။

No comments:
Post a Comment