Saturday, January 5, 2013

KNU ခေါင်းဆောင်တွေ သမ္မတနဲ့ တွေ့ဆုံမယ်

ABC

ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုးဦးဆောင်တဲ့ ​KNUကရင်အမျိုးသားအစည်းအရုံး ​ကိုယ်စားလှယ်အဖွဲ့ဟာ ​သမ္မတ ​ဦးသိန်းစိန်ရဲ့ ​ဖိတ်ကြားချက်အ ရ ​မနေ့ကတည်းက ​နေပြည်တော်ကို ​သွားရောက်နေပြီး ​တိုင်းရင်းသား ​ဒေသမှာ ​ထိုးစစ်ဆင်နေ တာ တွေရပ်ဆိုင်းဖို့နဲ့ ​နိုင်ငံရေးအဆင့်ဆွေး နွေး မှုတွေ ​ဖြစ်ပေါ်လာရေးအတွက် ​သမ္မတနဲ့ ​ဆွေးနွေးကြမှာ ​ဖြစ်ပါတယ်။

ဥက္ကဌဗိုလ်ချုပ်ကြီးမူတူးဆေးဖိုး ​အတွင်းရေးမှူးချုပ် ​ပဒိုစောကွယ်ထူးဝင်း၊ ​အတွင်းရေးမှူး(၂) ​ပဒိုမန်းမန်း၊ ​ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ​ပဒို မန်းငြိမ်းမောင်၊ ​ဗဟိုကော်မတီဝင် ​ပဒိုစောလှ ​ထွန်းတို့ ​လိုက်ပါသွားပြီး ​ခိုင်မာတဲ့ ​ငြိမ်းချမ်းရေး ​တည်ဆောက်နိုင်ဖို့ ​အတွက် ​တိုက်တွန်း ​ပြော ဆို သွားမယ်လို့ ​အတွင်းရေးမှူး(၂) ​ပဒိုမန်းမန်းက ​အခုလိုပြောပါတယ်။

သမ္မတရဲ့ ​ဖိတ်ခေါ်ချက်အရပေါ်မှာတော့ ​ကျနော်တို့ကတော့ ​သွားတွေ့ဆုံမယ်ဆိုတဲ့ဟာပါပဲ။ ​အခွင့် အခါရ ​မယ်ဆိုရင်တော့ ​ငြိမ်းချမ်းရေးဖြစ် စဉ်အပေါ်မှာပေါ့နော် ​ကျနော်တို့ ​ခိုင်မာတဲ့ငြိမ်းချမ်းရေး၊ ​စစ်မှန်တဲ့ ​ငြိမ်းချမ်းရေးကို ​တည်ဆောက် နိုင် ဖို့အတွက်က ​နိုင်ငံရေးအဆင့်ဆွေးနွေး မှုလေးတွေပေါ်လာအောင်တော့ ​ကျနော်တို့ ​တိုက်တွန်းပြောဆိုသွားဖို့တော့ ​သဘောထားရှိ ပါတယ်။ 

KNU ​ခေါင်းဆောင်တွေအနေနဲ့ ​သမ္မတကြီးရဲ့ ​ဖိတ်ကြားချက်အရ ​KNU ​ဗဟိုဌာနချုပ်မှမထွက်ခွာမှီ ​ကျေညာချက်တစောင်ထုတ်ပြန်ခဲ့ပြီး ​သမ္မတ ကြီးနဲ့ ​KNU ​ကရင်အမျိုးသားအစည်းအရုံး ​ခေါင်းဆောင်တွေ ​တွေ့ ​ဆုံတဲ့အခါ ​ဆွေးနွေးတဲ့အ ချက်အလက်တွေနဲ့ပတ်သက်ပြီး ​သတင်းထုတ် ပြန်သွားမှာဖြစ်သလို ​လက်ရှိအခြေအ ​နေမှာ ​ကချင်ပြည်နယ်အတွင်းမှာ ​တိုက်ပွဲတွေဖြစ် ပွားနေတဲ့အတွက် ​စိတ်မကောင်းဖြစ်ရ တယ်လို့ ပါရှိ ပါတယ်။ ​ကချင်ဒေသမှာ ​ထိုးစစ်ဆင်နေတာနဲ့ ​ပတ်သက်ပြီး ​စစ်ပွဲတွေရပ်ဆိုင်းဖို့ ​ပြော ​ဆိုသွားဖို့ ​ရှိတယ်လို့လည်း ​ပဒိုမန်းမန်းက ​ဆက်ပြော ပါတယ်။

ကျနော်တို့ ​KNU ​အနေနဲ့တော့ ​အဓိကတိုင်းရင်းသားဒေသမှာ ​ထိုးစစ်တွေဆင်တဲ့ ​အထူးသဖြင့် ​ကချင်ဒေသမှာ ​ထိုးစစ်ဆင်တဲ့ကိစ္စမှာ တော့ ​အဲဒီထိုးစစ်တွေ၊ ​တိုက်ပွဲတွေ ​ရပ်ဆိုင်းနိုင်ဖို့အတွက်ကတော့ ​ကျနော်တို့ ​ပြောဆိုသွားဖို့ ​ပြင်ဆင်ထားပါတယ်၊ ​ကြုံကြိုက်ရင် ​ကြုံကြိုက်သလို တော့ ​ငြိမ်းချမ်းရေးနဲ့ ​ပတ်သက်လို့တော့ ​ကျနော်တို့ ​ပြောဆိုသွားမယ်လို့တော့ ​သဘောထားရှိပါတယ်။ 

KNU ​အနေနဲ့ ​အစိုးရနဲ့ ​တွေ့ဆုံတဲ့အခါ ​ဆွေးနွေးမဲ့အချက်အလက်တွေကို ​ပြင်ဆင်ထားပေမဲ့ ​အစိုး ရဘက် ​ကKNU ​ကိုယ်စားလှယ်အဖွဲ့ကို ​ဘာ ကြောင့်ဖိတ်ကြား ​တာလဲဆိုတာနဲ့ ​ဘယ်လိုအကြောင်းအရာတွေ ​ဆွေးနွေး ​မယ်ဆို ​တာတော့ ​မသိသေးဘူးလို့ ​ပြောပါတယ်။

နေပြည်တော်ကို ​ထွက်ခွာသွားတဲ့ ​KNU ​ကိုယ်စားလှယ်အဖွဲ့ဟာ ​သမ္မတဦးသိန်းစိန်နဲ့ ​ဇန္န၀ါရီ ​၅ရက်နေ့လောက် ​မှာ ​တွေ့ဆုံနိုင်မယ်လို့ ​ထင်တဲ့ အကြောင်း ​ပြောပါတယ်။


KNU ​ကရင်အမျိုးသားအစည်းအရုံးဟာ ​အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ ​အပစ်အခတ်ရပ်စဲရေးအတွက် ​ပြည်ထောင်စုအဆင့်မှာ ​အ ချက် ​(၆)ချက်ကို ​သဘောတူလက်မှတ်ရေးထိုးထားတဲ့အဖွဲ့ ​ဖြစ်တဲ့အကြောင်း ​ရေဒီယိုသြစတြေးလျသတင်းထောက် ​မြတ်မိုးက ​သ တင်း ပေးပို့ခဲ့ပါတယ်။

No comments: