နန်းသူးလေ (ကေအိုင်စီ)
ကွယ်လွန်သူ ကရင့်အမျိုးသားအစည်းအရုံး-KNU ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီးစော ဘိုမြနှင့် သားကြီး စောနေကော်မြတို့အား ရည်စူး၍ ကျန်ရစ်သူမိသားစုမှ သတိရ အောက်မေ့သည့်အနေဖြင့် ခရစ်ယာန်ဘာသာအရ ၀တ်ပြုဆုတောင်းပွဲကို ထိုင်း နိုင်ငံ မဲဆောက်မြို့၊ ဟွေး မယ်ပရွာတွင် ယနေ့ ပြုလုပ်ခဲ့ကြသည်။
ဘ၀တစ်ပါး ကူးပြောင်းသွားသူ ၎င်းတို့နှစ်ဦးအတွက် သတိရအောက်မေ့သည့်အ နေဖြင့်လည်းကောင်း၊ “ကောင်းရာသုဂတိ လား ပါ စေ” ကြောင်း ရည်စူး၍ နှစ် စဉ်နှစ်တိုင်း ၀တ်ပြုဆုတောင်းပေးခြင်းဖြစ်ကြောင်း KNU ဥက္ကဌဟောင်းဗိုလ်ချုပ် ကြီး စောဘိုမြ၏ ဇနီး နော်လား ဖိုးက ကေအိုင်စီသို့ ယခုလို ပြောသည်။
၎င်းက “ကျမတို့အတွက် အကောင်းဆုံးဖြစ်အောင် ရှေ့ဆောင်လမ်းပြပေးခဲ့ပြီး ကိုယ့်လူမျိုးအကျိုး အတွက် ရည်မှန်းချက် ခိုင်ခိုင် မာမာနဲ့ ကျိုးပမ်းဆောင်ရွက် ပေးသွားခဲ့တဲ့ ခင်ပွန်းသည်နဲ့ သားကြီးတို့ကို အမြဲတမ်း သတိရ အောက်မေ့ တဲ့ အနေနဲ့ မိတ်ဆွေတွေ နဲ့အတူ အခုလို ဘုရားရှိခိုးဆုတောင်းပေးတာပါ”ဟု ပြော သည်။
ယနေ့ပြုလုပ်သည့် အောက်မေ့ဝတ်ပြုဆုတောင်းပွဲသို့ KNU ဒုဥက္ကဌ ပဒိုနော်စီဖိုးရာ စိန် အပါအ၀င် အခြားကရင်အဖွဲ့အစည်းများ၊ ထိုင်း နိုင်ငံအခြေစိုက် ဒီမိုကရေစီ အင် အားစုများနှင့် မိသားစုဝင်များ အပါအ၀င် လူပရိဿတ်ပေါင်း ၃၀၀ကျော် တက်ရောက်ခဲ့ကြသည်။
၎င်းဝတ်ပြုဆုတောင်းပွဲကို ပုံမှန်အားဖြင့် နှစ်စဉ်နှစ်တိုင်း ဇန်န၀ါရီလ ၂၀ရက်နေ့တွင် ကျင်းပလာခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ကရင် အမျိုး သမီး အစည်းအရုံး-KWO ၏ ညီလာခံ ကျင်းပမည့်ရက်နှင့် နီးကပ်နေသဖြင့် ရက်ရွှေ့ဆိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ကရင် အမျိုးသမီးအ စည်း အ ရုံး-KWO ဥက္ကဌလည်းဖြစ်သူ နော်လားဖိုးက ပြောသည်။
ဗိုလ်ချုပ်ကြီးစောဘိုမြသည် ၁၉၃၀ခုနှစ်၊ ဇန်န၀ါရီလ ၂၀ရက်နေ့တွင် မွေးဖွားခဲ့ပြီး ၂၀၀၆ခုနှစ်၊ ဒီဇင်ဘာလ ၂၄ရက်နေ့တွင် လူကြီးရောဂါ ဖြင့် မဲဆောက်မြို့ ဖဝေါ်ဆေးရုံ၌ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ ထီးမူခီးကျေးရွာတွင် မွေးဖွားခဲ့သူ ဗိုလ်ချုပ်ကြီးစောဘိုမြ သည် ကျေးလက်ဒေသ၌ပင်ပညာသင်ပြီးတော် လှန် ရေးနယ်မြေသို့ ရောက်ရှိလာကာ ၅၇နှစ်တိုင်တိုင် ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်း၏ဖြတ်သန်းမှုကို ကွယ်လွန်သူ KNU အထွေထွေ အတွင်း ရေးမှူးဟောင်း ပဒိုမန်းရှာလားဖန်းက “ဗိုလ်ချုပ်မြ (သို့) တော်လှန်ရေး မုန်တိုင်းအတွင်းမှ သစ်တပင်” ဆောင်းပါးကို ရေးသားခဲ့သည်။
ယင်းဆောင်းပါးတွင် “နအဖက ငါ့ကိုဆေးကုဖို့ ရန်ကုန်ကိုခေါ်တယ်။ ကရင်ပြည် မပေးရင် ငါမသွား နိုင်ဘူး။ သူတို့ကဒို့ကရင်အမျိုးသားတွေ ကို စစ်ဆင်နေတယ်။ သတ်ဖြတ်နေတယ်။ သစ္စာကတိမတည်ဘူး။ ရိုးသားမှုမရှိဘူး။ ကရင့်တော် လှန်ရေးဟာ လက် နက်ချဖို့ မပြောနဲ့၊ လက် နက်ချစကားတောင် မပြောရ ဘူး”ဟု နေမကောင်းဖြစ်နေချိန် ၂၀၀၆ခုနှစ်၊ ဇူလိုင် လ ၁၃ရက်နေ့တွင် နောက်ဆုံး ပြောကြားခဲ့ ကြောင်း လည်း ရေးသားထားသည်။
ဗိုလ်ချုပ်ကြီးစောဘိုမြသည် တော်လှန်ရေးသမိုင်းတစ်လျှောက်တွင် တပ်သားဘ၀မှစတင်ပြီး KNU စစ်ဦးစီးချုပ်၊ ကာကွယ်ရေး ဌာနနှင့် ဥက္ကဌ တာဝန်တို့အပြင် NDF၊ DAB၊ NCUB စသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ စုပေါင်းဖွဲ့စည်းထား သည့် မဟာမိတ် အဖွဲ့အစည်း ကြီးများတွင်လည်း ဥက္ကဌနှင့် အခြားတာဝန်အဆင့်ဆင့်ကို ထမ်းဆောင်ခဲ့သူဖြစ်သည်။


No comments:
Post a Comment