ABC
ၾသစေၾတးလ် နိုင်ငံအခြေစိုက် ABC Radio Australia နဲ့ မြန်မာ အစိုးရပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV တို့ဟာ ပူးပေါင်းဆောင်ရွက်မှုစာချုပ် MOU ချုပ်ဆိုတော့မယ်လို့ MRTV သတင်းဌာနက ပြောပါတယ်။ ABC နဲ့ MRTV တို့ ချုပ်ဆိုတော့မယ့် MOU စာချုပ်အကြောင်းကို MRTV သတင်းဌာနရဲ့ အမှုဆောင် ဒါရိုက်တာ ဦဇေယျာက အခုလို ပြောပြပါတယ်။
“အဓိက Focus လုပ်တာကတော့ ကျွန်တော်တို့က ဒီ Training ပိုင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးပေါ့နော်။ နောက်ဒီ Program Exchange ပေါ့နော်။ Contribution လုပ်တာရှိမယ်။ နောက်ထပ်ခါကျတော့ ကျွန်တော်တို့ရဲ့ Staff တွေရဲ့ qualification ပိုင်းဆိုင်ရာ ပေါ့နော်။ ကျွန်တော်တို့ရဲ့ အရည်အသွေးတွေ မြင်မားလာအောင် ဒီမြှင့်တင်ပေးတဲ့ အပိုင်းတွေမှာ ကျွန်တော်တို့က ပူးပေါင်း ဆောင်ရွက်ဖို့ ဆိုတာမျိုးကို အဓိကတော့ ဒါကို ဦးတည်ပါတယ်။”
အစိုးရပိုင် MRTV သတင်းဌာနဟာ အများပြည်သူဝန်ဆောင်မှုရုပ်သံလိုင်း(PSB) အဖြစ် ကူးပြောင်းတော့မှာ ဖြစ်တဲ့အတွက် PSB တွေရဲ့ နည်းပညာပိုင်းအကူအညီတွေရယူနိုင်ဖို့အတွက် အခုလို ပူးပေါင်းဆောင်ရွက်တာလည်း ဖြစ်တယ်လို့ ဦးဇေယျာက ဆက်ပြောပါတယ်။
“ကျွန်တော်တို့ကလည်း MRTV ကလည်း PSB ကို ပြောင်းမယ်ပေါ့နော်။ အများပြည်သူ ဝန်ဆောင်မှု ရုပ်သံလိုင်းအနေနဲ့ ရပ်တည်မယ် ဆိုတဲ့ အခါကျတော့ နိုင်ငံတကာမှာ အောင်မြင်နေတဲ့ ရုပ်သံလိုင်းတွေကို လေ့လာပါတယ်။ လေ့လာတဲ့အထဲမှာမှ ကျွန်တော်တို့ ABC ပေါ့၊ ABC ဆိုလို့ရှိရင် ဘာမှ အငြင်းပွားစရာ မရှိပါဘူး။ နိုင်ငံကိုယ်စားပြုတဲ့ ရုပ်သံလိုင်းပဲ၊ ဒီ အများပြည်သူ ဝန်ဆောင်မှု ရုပ်သံလိုင်းတစ်ခုနဲ့ ပူးပေါင်း ဆောင်ရွက်မှုကို စတင်လိုက်ခြင်းအားဖြင့် ဒီ အများပြည်သူဝန်ဆောင်မှု ရုပ်သံလိုင်းတွေမှာ ရှိသင့်ရှိထိုက်တဲ့ အရည်အသွေးတွေ အရည်အချင်းတွေကို မြှင့်တင်နိုင်မယ်။ ဝန်ထမ်းတွေရဲ့ အရည်အသွေး အရည်အချင်းကို မြှင့်တင်နိုင်မယ် နောက်ပြီးတော့ သူရဲ့ လုပ်ထုံးလုပ်နည်းတွေပေါနော်။ စည်းမျဉ်းစည်းကမ်းတွေကို ကျွန်တော်တို့က တစ်ချို့နေရာတွေမှာ အတူယူနိုင်မယ်။ ဒီလိုပုံစံမျိုးတွေနဲ့ စတင်ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”
MRTV အနေနဲ့ ၂၀၁၃ ခုနှစ် ဧပြီလကတည်းက တင်ဆက်ပုံနည်းလမ်းတွေကို ပြောင်းလဲပြင်ဆင်ခဲ့ပြီး မကြာမီ ပြောင်းလဲတော့မယ့် အများပြည်သူဝန်ဆောင်မှု ရုပ်သံလိုင်း(PSB)ကိုလည်း ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
အခုလို မြန်မာ အစိုးရပိုင် မီဒီယာ တစ်ခုနဲ့ သြစတြေးလျ နိုင်ငံအခြေစိုက် ABC Radio Australia တို့ ပူးပေါင်းဆောင်ရွက်တာဟာ နှစ်နိုင်ငံချစ်ကြည်ရေးကို တိုးတက်စေပြီး မြန်မာနိုင်ငံအတွက်လည်း မီဒီယာအခန်းကဏ္ဍမှာ တိုးတက်မှုတွေကို ဖြစ်ပေါ်လာစေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ကြီး Bronte Moules က ပြောဆိုခဲ့ပါတယ်။
စတုထ္ထမဏ္ဍိုင်ရဲ့ အခန်းကဏ္ဍဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွက် အရမ်းကို အရေးပါတယ် လို့လည်း ဆက်လက်ပြောဆိုခဲ့ပါတယ်။
မြန်မာ အစိုးရပိုင် MRTV နဲ့ ABC Radio Australia တို့ဟာ ဒီကနေ့ မနက်ပိုင်းမှာ ပူပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးကြမယ့်အကြောင်း ရေဒီယိုသြစတြေးလျသတင်းထောက် စူးရှက သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

No comments:
Post a Comment