ပန်းမြတ်ဇော်
ပဋိပက္ခများဖြစ်ပွားခဲ့သော ကချင်၊ ရခိုင်၊ မိတ္ထီလာဒေသများရှိ ဒုက္ခသည်ကလေးများ၏ ပညာရေးရန်ပုံငွေအတွက် ဂီတဖျော်ဖြေပွဲကျင်းပမည်ဟု ရန်ခိုင်အမျိုးသားလူမှုကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်)က အထွေထွေအတွင်းရေးမှူးက နိုဝင်ဘာလ ၃ရက်က တာမွေမြို့နယ် အလိုတော်ပြည့်ကျောင်းတိုက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
"ပဋိပက္ခ ဖြစ်တဲ့ ဒေသတွေကို သွားရောက် လှူဒါန်းတဲ့ အချိန်မှာ အဲဒီဒေသတွေမှာရှိတဲ့ ကလေးတွေရဲ့ ပညာသင်ကြားရေးဟာ အင်မတန် ခက်ခဲနေတကို တွေ့ရတယ်။ အဓိက ကျောင်း၊ အဆောက်အဦး၊ စာရေးကရိယာတွေ ပြည့်စုံမှု မရှိတာကို မြင်ရတော့ အင်မတန်မှ စိတ်မကောင်း ဖြစ်မိတယ်"ဟု ရန်ခိုင်အမျိုးသားလူမှုကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်)က အထွေထွေအတွင်းရေးမှူး ဦးကျော်အေးမောင်က ပြောသည်။
ဂီတပွဲတော်က ရရှိသောအမြတ်ငွေ မည်မျှရရှိသည်၊ မည်မျှလှူဒါန်းမည်ကို ဂီတပွဲအပြီးတွင် ကြေငြာပေးမည်ဖြစ်ပြီး အမြန်ဆုံး သွားရောက်လှူဒါန်းရန်လည်း စီစဉ်ထားသည်ဟုဆိုသည်။ ထို့အပြင် ဂီတပွဲဝင် ဝင်ရောက်ဖျော်ဖြေမည့် အဆိုတော်များကလည်း အနုပညာကြေး မယူဘဲ ပါဝင်ဖျော်ဖြေပေးမည်ဖြစ်သည်။
ကချင်၊ ရခိုင်၊ မိတ္ထီလာ ဒေသများရှိ ဒုက္ခသည်ကလေးများ၏ ပညာရေး ရန်ပုံငွေ ဂီတပွဲကို နိုဝင်ဘာလ ၂၄ရက်တွင် အမျိုးသားကဇာတ်ရုံတွင် ည၇နာရီ မှ ၁၂နာရီအထိ ကျင်းပမည်ဖြစ်ပြီး လက်မှတ်ဈေးနှုန်းများမှာ ကျပ်တစ်သောင်းခွဲ၊ တစ်သောင်း ၊ငါးထောင်တို့ဖြစ်သည်။
No comments:
Post a Comment