Thursday, November 14, 2013

နိုင်​ငံ​တ​ကာ​သံ​တ​မန်​အ​ဖွဲ့ ​ရ​ခိုင်​ပြည်​နယ်​က ​ဒု​က္ခ​သည်​စ​ခန်း​များ​ကို ​သွား​ရောက်

ေ​ရွှ​အောင်

အ​မေ​ရိ​ကန်​သံ​အ​မတ်​ကြီး ​ဦး​ဆောင်​တဲ့ ​နိုင်​ငံ​တ​ကာ ​သံ​တ​မန်​အ​ဖွဲ့​တွေ​ဟာ ​ပ​ဋိ​ပ​က္ခ​တွေ ​ဖြစ်​ခဲ့​တဲ့​ ​ရ​ခိုင်​ပြည်​နယ်​အ​တွင်း ​သွား​ရောက်​လေ့​လာ​မှု​တွေ ​ပြု​လုပ်​ခဲ့​ပါ​တယ်။

နိုဝင်​ဘာ ၁၁ ​ရက်​နဲ့ ၁၂ ​ရက်​တွေ​မှာ ​ရ​ခိုင်​ပြည်​နယ်​ထဲ​က ​စစ်​တွေ၊ ​မောင်​တော၊ ​မြေ​ပုံ​နဲ့ ​ပေါက်​တော​မြို့​နယ်​တွေ​မှာ ​ရှိ​တဲ့ ​ဒု​က္ခ​သည်​စ​ခန်း​တွေ​ကို ​သွား​ရောက်​ခဲ့​ကြ​တာ ​ဖြစ်​ပြီး​၊ ​နှစ်​ဘက် ​အ​ဖွဲ့​အ​စည်း​တွေ​ကို ​ပ​ညာ​ရေး​၊ ​ကျန်း​မာ​ရေး​နဲ့​ပတ်​သက်​လို့​ ​ရ​ခိုင်​ပြည်​နယ် ​အ​စိုး​ရ​အ​ဖွဲ့ ​ပြော​ခွင့်​ရ ​ဦး​၀င်း​မြိုင်​က ​ပြော​ပါ​တယ်။

သံ​တ​မန်​အ​ဖွဲ့ ​စစ်​တွေ​မြို့​ရောက်​တုန်း ​စစ်​တွေ​ဟို​တယ်​မှာ ​တွေ့​ဆုံ​ခွင့်​ရ​ခဲ့​တဲ့ ​ရ​ခိုင်​တိုင်း​ရင်း​သား​များ ​တိုး​တက်​ရေး​ပါ​တီ (​အာရ်​အန်​ဒီ​ပီ)​က ​ဒေါ်​အေး​နု​စိန်​က ​ရ​ခိုင်​ပြည်​နယ်​မှာ ​လုံ​ခြုံ​ရေး​နဲ့ ​ငြိမ်း​ချမ်း​ရေး ​မ​ရ​သေး​တဲ့​အ​ကြောင်း​ ​ဆွေး​နွေး​ခဲ့​တယ်​လို့ ​အ​ခု​လို ​ပြော​ပါ​တယ်။

“၁ ​နှစ်​ကျော်​အ​တွင်း​မှာ ​ဒီ​လို​တွေ့​ပေါင်း​လည်း ​များ​ပါ​ပြီ။ ​ပြော​ပေါင်း​လည်း ​များ​ပါ​ပြီ။ ​ကျ​မ​တို့​မှာ ​ပြော​ရ​ရင် ​စိတ်ဝင်​တ​စား ​မ​ရှိ​တဲ့​အ​နေ​အ​ထား​တွေ၊ ​ညည်း​ငွေ့​တဲ့​အ​နေ​အ​ထား​တွေ ​ခံ​စား​နေ​ရ​တယ်။ ​ဘာ​လို့​လဲ​ဆို​တော့ ​ကျ​မ​တို့ ​လုံ​ခြုံ​ရေး​နဲ့ ​ငြိမ်း​ချမ်း​ရေး​ကို ​ကျ​မ​တို့ ​မ​ရ​နိုင်​ဘူး​။ ​ပြဿ​နာ​တ​ခု​ဖြစ်​လိုက် ​ပ​ထ​မ​ဆုံး ​အ​နေ​အ​ထား​လို ​ပြန်​ရောက်​လု​ဖြစ်​လိုက်​နဲ့ ​ရ​ခိုင်​ပြည်​နယ်​ရဲ့ ​အ​နေ​အ​ထား​က ​န​ဂို​က​တည်း​က ​စီး​ပွား​ရေး​၊ ​လူ​မှု​ရေး​၊ ​ပ​ညာ​ရေး​၊ ​အ​စ​စ​နိမ့်​ကျ​နေ​တဲ့​အ​ထဲ ​အ​ခု ​လုံ​ခြုံ​ရေး​ရယ်၊ ​ငြိမ်း​ချမ်း​ရေး​ရယ်၊ ​လုံး​၀​မ​ရှိ​တဲ့​အ​နေ​အ​ထား​ကို ​ကျ​မ​တို့ ​ခံ​စား​လို့ ​မ​ရ​တော့​ဘူး​။ ​အဲ​ဒါ​တွေ ​ပြော​ဖြစ်​တယ်။”

ဒီ​ခ​ရီး​စ​ဉ်​မှာ ​လူဝင်​မှု ​ကြီး​ကြပ်​ရေး​နဲ့ ​ပြည်​သူ့​အင်​အား ၀န်​ကြီး​ဌာ​န ​ပြည်​ထောင်​စုဝန်​ကြီး ​ဦး​ခင်​ရီ​နဲ့ ​ရ​ခိုင်​ပြည်​နယ် ​ပ​ဋိ​ပ​က္ခ ​စုံ​စမ်း​ရေး​ကော်​မ​ရှင်​ရဲ့ ​အ​တွင်း​ရေး​မှူး ​ဒေါက်​တာ ​ကျော်​ရင်​လှိုင်​တို့​လည်း ​သံ​တ​မန်​တွေ​နဲ့​အ​တူ ​လိုက်​ပါ​သွား​ကြ​တာ ​ဖြစ်​ပါ​တယ်။။

ပြည်​ထောင်​စုဝန်​ကြီး ​ဦး​ခင်​ရီ​က​တော့​ ​ရ​ခိုင်​ပြည်​နယ်​အ​တွင်း​က ​အ​စ္စ​လာမ့်​ဘာ​သာဝင် ​မွတ်​စ​လင်​တွေ​ရဲ့ ​လူ​ဦး​ရေ​စာ​ရင်း ​ကောက်​ခံ​ဖို့ ၀ိုင်း​၀န်း ​ပူး​ပေါင်း​ဆောင်​ရွက်​ကြ​ဖို့​ ​စစ်​တွေ​မြို့​က ​အ​စ္စ​လာမ့်​ဘာ​သာ​ရေး​ခေါင်း​ဆောင်​တွေ​ကို ​တိုက်​တွန်း​ပြော​ကြား​သွား​ပါ​တယ်။

နိုင်​ငံ​တ​ကာ​သံ​တ​မန်​အ​ဖွဲ့​မှာ​တော့​ ​အ​မေ​ရိ​ကန်၊ ​ဆွစ်​ဇာ​လန်၊ ​ဗြိ​တိန်​သံ​အ​ရာ​ရှိ ​စ​သူ​တို့ ​ပါဝင်​ပြီး​ ​ရ​ခိုင်​ပြည်​နယ်​အ​တွင်း ​နှစ်​ဘက် ​အ​ဖွဲ့​အ​စည်း​တွေ​နဲ့ ​တွေ့​ဆုံ​ခဲ့​ကြ​ကာ ​ငြိမ်း​ငြိမ်း​ချမ်း​ချမ်း ​ယှ​ဉ်​တွဲ​နေ​ထိုင်​ဖို့ ​တိုက်​တွန်း​ပြော​ကြား​ခဲ့​တယ်​လို့ ​သိ​ရ​ပါ​တယ်။

No comments: