Monday, November 4, 2013

မန္တလေးတိုင်း မြို့ငါးမြို့တွင် မြို့ရှောင်လမ်းများ ယခုဘဏ္ဍာနှစ်အတွင်း အပြီးဖောက်မည်

အောင်ကိုဦး

မန္တလေးတိုင်းအတွင်းရှိ မြို့ငါးမြို့တွင် မြို့ရှောင်လမ်းများ ဖောက်လုပ်ရန် ကုမ္ပဏီငါးခုကို BOT (Build, Operate, Transfer) စနစ်ဖြင့် လုပ်ငန်းများ ချထားပေးဖြစ်ရာ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် အပြီးသတ် ဖောက်လုပ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း၊ ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာမှူး ဦးစောဟန်က မဇ္ဈိမကို ပြောသည်။

မြို့ရှောင်လမ်းဖောက်လုပ်ရန် အေရှားဝေါကုမ္ပဏီ၊ မြတ်နိုးသူကုမ္ပဏီ၊ ယုဇနကုမ္ပဏီ၊ သော်တာဝင်းကုမ္ပဏီနှင့် အခြားကုမ္ပဏီတစ်ခုက လမ်းဖောက်လုပ်ရန် ၂၀၁၃ခုနှစ် အောက်တိုဘာလကုန်ပိုင်းတွင် လုပ်ပိုင်ခွင့် ရရှိပြီးဖြစ်သည်။

"အခုနိုဝင်ဘာမှာ လုပ်ခွင့်ရတဲ့ကုမ္ပဏီတွေက လမ်းအူကြောင်းဖော်ခြင်းတွေကို ဆောင်ရွက်နေပါပြီ။ အခုလိုမြို့ရှောင်လမ်းတွေ ဖောက်လုပ်ရတာကတော့ မြို့တွင်းမှာယာဉ်ကြောတွေ မပိတ်ဆို့အောင်ရယ် ယာဉ်မတော်တဆမှုတွေ လျှော့နည်းအောင်ရယ်နဲ့ အဝေးပြေးကားတွေ အလွယ်တကူ သွားလာလို့ရအောင်ပါ။ "ဟု အင်ဂျင်နီယာမှူး ဦးစောဟန် ကပြောသည်။

လက်ရှိတွင် မြို့ရှောင်လမ်းဖောက်လုပ်ခြင်းကို လူစည်ကားပြီး အဝေးပြေးကားများ အများဆုံးဖြတ်သန်းသွားလာနေသည့်ုပြင်ဦးလွင်၊ ကျောက်ဆည်၊ မိတ္ထီလာ၊ ပျော်ဘွယ်နှင့် ညောင်ဦးမြိုများတွင် ဆောင်ရွက်နေပြီး အခြားလိုအပ်ချက်ရှိသည့် မြို့များကိုလည်း ဆက်လက်ဖောက်လုပ်သွားမည်ဟု ဆိုသည်။

No comments: