Monday, November 18, 2013

လက်​ပံ​တောင်း​ဒေ​သ ​မီး​လောင်​ဗုံး​ဖြို​ခွင်း​ခံ​ရ​မှု ၁ ​နှစ်​ပြည့် ​အ​ထိမ်း​အ​မှတ်​နဲ့ ​တောင်​ကြည့်​ပွဲ ​ပြု​လုပ်

ကို​ဈာန်

လက်​ပံ​တောင်း​ဒေ​သ ​သ​ပိတ်​စ​ခန်း​တွေ​ကို ​မီး​လောင်​ဗုံး​နဲ့ ​ဖြို​ခွင်း​ခံ​ရ​မှု ၁ ​နှစ်​ပြည့် ​နှစ်​ပတ်​လည် ​အ​ခမ်း​အ​နား​ကို ​ဒီ​နေ့ ​နံ​နက်​ပိုင်း​တွင် ​မုံ​ရွာ​မြို့ ​မြောက်​ဘက်​ရှိေ​ရွှ​စည်း​ခုံ​ဘု​ရား​ကြီး​ပေါ်​မှာ ​ပြု​လုပ်​ခဲ့​ပါ​တယ်။ ​ဒါ့​အ​ပြင် ​ဒီ​နေ့​ည​နေ​ပိုင်း​တွင်​လည်း ​လက်​ပံ​တောင်း​တောင် ​ဒေ​သ​ခံ​တွေ​က ​တောင်​ကြည့်​ပွဲ​အ​ခမ်း​အ​နား ​ပြု​လုပ်​ခဲ့​ပါ​တယ်။

မုံ​ရွာ​မြို့ေ​ရွှ​စည်း​ခုံ​ဘု​ရား​ပေါ်​မှာ ​မီး​လောင်​ဗုံး​နဲ့ ​သ​ပိတ်​စ​ခန်း​ဖြို​ခွင်း​ခံ​ရ​မှု ၁ ​နှစ်​ပြည့် ​အ​ထိမ်း​အ​မှတ် ​ဆု​တောင်း​ပွဲ​ကို ​လက်​ပံ​တောင်း​တောင် ​ဒေ​သ​ခံ ​အင်​အား ၁၅၀ ​လောက် ​တက်​ရောက်​ခဲ့​ကြောင်း ​ဒေ​သ​ခံ​တ​ဦး​ဖြစ်​သူ ​ဒေါ်​စ​န္ဒာ​က ​အ​ခု​လို ​ပြော​ဆို​ပါ​တယ်။

“​ကျ​မ​တို့ ​လက်​ပံ​တောင်း​တောင် ​ကြေး​နီ​စီ​မံ​ကိန်း ​လုံး​၀ ​ဖျက်​သိမ်း​ရေး​ကို ​တောင်း​ဆို​ကြ​တဲ့ ​သံ​ဃာ​တော်​တွေ​နဲ့ ​ဒေ​သ​ခံ​တွေ​ကို ​အာ​ဏာ​ပိုင်​တွေ​ဘက်​က​နေ​ပြီး​တော့ ​မီး​လောင်​ဗုံး​နဲ့ ​အ​ကြမ်း​ဖက် ​ဖြို​ခွဲ​ခဲ့​တဲ့ ​တ​နှစ်​ပြည့်​အ​ထိမ်း​အ​မှတ် ​ဆု​တောင်း​ပွဲ ​ကျ​မ​တို့ ​ပြု​လုပ်​တာ​ဖြစ်​ပါ​တယ်။ ​လက်​ပံ​တောင်း​ဒေ​သ​ခံ​တွေ ​အ​နေ​နဲ့ ​အင်​အား ၁၅၀ ​လောက်​ရှိ​ပါ​တယ် ​ရှင့်​။”

ေ​ရွှ​စည်း​ခုံ​ဘု​ရား​ပေါ်​မှာ ၁ ​နှစ်​ပြည့် ​အ​ထိမ်း​အ​မှတ် ​ဆု​တောင်း​ပွဲ​မှာ ​အာ​ဏာ​ပိုင် ​တွေ​ဘက်​က ​လက်​ပံ​တောင်း​ဆို​တဲ့ ​နာ​မည်​ကို ​အ​သုံး​မ​ပြု​ဖို့ ​လာ​ရောက် ​ပြော​ကြား​ခဲ့​ပြီး ​စောင့်​ကြည့်​မှု​တွေ ​ပြု​လုပ်​ခဲ့​တယ်​လို့ ​ဒေါ်​စ​န္ဒာ ​ဆက်​လက်​ပြော​ဆို​ခဲ့​ပါ​တယ်။

“​ကျ​မ​တို့ ​ဆု​တောင်း​နေ​တဲ့​အ​ချိန်​မှာ​ပဲ ​အာ​ဏာ​ပိုင်​တွေ​ဘက်​က​နေ ​လက်​ပံ​တောင်း​ဆို​တဲ့ ​နာ​မည် ​မ​ထည့်​ဖို့​ရာ ​လာ​ပြီး ​ပြော​ပါ​တယ်​ရှင့်​။ ​မုံ​ရွာ​မြို့ ​အာ​ဏာ​ပိုင် ​ဦး​ကြူ​အေး​က​နေ ​လာ​တား​တာ​ပါ​ရှင့်​။ ​အ​ခြား ​သူ​တို့​ဘက်​က ​အက်စ်​ဘီ​တွေ၊ ​အုပ်​ချုပ်​ရေး​မှူး​တွေ ​စောင့်​ကြည့်​နေ​တာ​တွေ ​ရှိ​ပါ​တယ်​ရှင့်​”


ဒီ​နေ့ ​ည​နေ​ပိုင်း​တွင်​လည်း ​လက်​ပံ​တောင်း ​ဒေ​သ​ခံ​တွေ ​တောင်​ကြည့်​ပွဲ ​ပြု​လုပ်​ခဲ့​ပြီး ​တောင်း​ဆို​ချက်​အ​ချို့​ကို ​တောင်း​ဆို​ခဲ့​ကြောင်း ​မိုး​ကြိုး​ပြင်​ရွာ​သား ​ဦး​လ​ပြည့်​က ​ပြော​ဆို​ပါ​တယ်။

“​ဟုတ်​ကဲ့ ​သံ​ဃာ​တွေ ​မီး​လောင်​ဗုံး​ခံ​ခဲ့​ရ​တဲ့​တွက် ​တောင်​ကြည့်​ပွဲ ​ပြု​လုပ်​တယ်။ ​အ​ဓိ​က​က​တော့ ​ရဲ​နဲ့ ​ပြည်​သူ ​ရန်​တိုက်​ပေး​နေ​သော ​ဦး​ပိုင် ၀မ်​ပေါင်​အ​လို​မ​ရှိ၊ ​နောက်​ပြီး​လို့​ရှိ​ရင် ​မိ​မိ​တို့ ​လယ်​ယာ​မြေ​တွေ​ပေါ်​မှာ ​မ​တ​ရား​ကျူး​ကျော်ဝင်​ရောက်​နေ​သော ​ရဲ​ကင်း​တဲ​များ ​ဖယ်​ရှား​ပေး​ရေး​။ ​နောက်​တ​ချက် ​အ​ကြမ်း​ဖက် ​ပစ်​ခတ်​မှု​တွေ ​ချက်​ချင်း​ရပ်၊ ​ပြည်​သူ​ရဲ​သည် ​ပြည်​သူ့​ဘက်​က ​ရပ်​တည်​ပေး ​အဲ​ဒါ​မျိုး​တွေ ​တောင်း​ဆို​နေ​ကြ​တာ​ဖြစ်​ပါ​တယ်။”

ဦး​လ​ပြည့်​ပြော​ဆို​ခဲ့​တာ​ပါ။

ရန်​ကုန်​မြို့ ​ဗိုလ်​တ​ထောင်​ဘု​ရား​မှာ​လည်း ​လက်​ပံ​တောင်း​တောင် ​သ​ပိတ်​စ​ခန်း ​ဖြို​ခွင်း​ခံ​ခဲ့​ရ​မှု ၁ ​နှစ်​ပြည့် ​အ​ထိမ်း​အ​မှတ် ​အ​ခမ်း​အ​နား​ကို ​ရန်​ကုန် ​ပြည်​သူ့​အ​ကျိုး​ဆောင်​ကွန်​ရက်​က ​ဒီ​နေ့ ​ည​နေ​ပိုင်း​တွင်​လည်း ​ဦး​ဆောင် ​ပြု​လုပ်​ခဲ့​ပါ​တယ်။

ပြီး​ခဲ့​တဲ့​နှစ် ​နို​ဝင်​ဘာ​လ​က ​လက်​ပံ​တောင်း​ဒေ​သ​က ​ကြေး​နီ​စီ​မံ​ကိန်း ​လုံး​၀​ဖျက်​သိမ်း​ရေး​အ​တွက် ​တောင်း​ဆို​ခဲ့​ကြ​တဲ့ ​သ​ပိတ်​စ​ခန်း​တွေ​ကို ​မီး​လောင်​ဗုံး​နဲ့ ​အင်​အား​သုံး ​ဖြို​ခွင်း ​ပစ်​ခတ်​မှု​ကြောင့် ​သံ​ဃာ​တော် ​အ​ပါး ၃၀ ​ကျော် ​ပြည်​ပ​ဆေး​ရုံ​တွေ​နဲ့ ​ပြည်​တွင်း​ဆေး​ရုံ​တွေ​မှာ ​တက်​ရောက် ​ဆေး​ကု​သ​မှု ​ခံ​ယူ​ခဲ့​ရ​ပါ​တယ်။

No comments: