ကိုကိုကြီး ၊ထင်လင်းအောင်
မြန်မာနိုင်ငံ၏စီးပွားရေးကဏ္ဍများတွင် ဥရောပကုမ္ပဏီများ၏ တာဝန်သိရင်းနှီးမြပ်နှံ့မှု (Responsible Investment)များ အရှိန်အဟုန်ဖြင့် ပိုမိုဝင်ရောက်လာရန် နိုင်ငံတော်သမ္မတဦးသိန်းစိန်က နိုဝင်ဘာလ ၁၅ရက် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ မြန်မာကွန်ဗန်ရှင်းစင်တာတွင်ကျင်းပသည့် ဥရောပသမဂ္ဂအဖွဲ့နှင့် မြန်မာနိုင်ငံမှထိပ်တန်းတာဝန်ရှိသူများ တွေ့ဆုံပွဲတွင် တိုက်တွန်းပြောကြားလိုက်သည်။
တာဝန်သိရင်းနှီးမြှပ်နှံ့မှုဆိုသည်မှာ ပြည်ပရင်းနှီးမြှပ်နှံ့သူများအနေဖြင့် မိမိဝင်ရောက်လုပ်ကိုင်မည့် သက်ဆိုင်ရာနိုင်ငံ၏ လူမှုဘ၀မြင့်တင်ရေးလုပ်ငန်းစဉ်များကို တစိုက်မတ်မတ်ဆောင်ရွက်သွားခြင်းဖြစ်သည်။
အတိတ်ကာလတွင် ဥရောပနိုင်ငံများဆောင်ရွက်ခဲ့သည့် နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်များသည် မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးဖြစ်စဉ်အတွက် နမူနာကောင်းတစ်ရပ်ဖြစ်သည်ဟု သမ္မတက ထည့်သွင်းပြောကြားခဲ့သည်။
လက်ရှိကာလတွင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနက် ယူကေနိုင်ငံသည် ရင်းနှီးမြှပ်နှံ့မှုပမာဏ အများဆုံးအဖြစ် ရပ်တည်လျက်ရှိပြီး ပြင်သစ်နိုင်ငံ၏ရင်းနှီးမြှပ်နှံ့မှုသည် ဒုတိယအများဆုံးနိုင်ငံဖြစ်ကြောင်း ရင်းနှီးမြပ်နှံ့မှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက အောက်တိုဘာလအတွင်း ထုတ်ပြန်ထားသေးသည်။
ဥရောပနိုင်ငံများ၏ ရင်းနှီးမြှပ်နှံ့မှုပမာဏသည် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနှင့်တရုတ် အပါအ၀င် အခြားအိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါးနေသေးကြောင်း ရင်းနှီးမြှပ်နှံ့မှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်သော ကိန်းကဏန်းအရသိရသည်။
No comments:
Post a Comment