ABC
ကချင်ပြည်နယ် ဒီမိုကရေစီပါတီကို မြန်မာအစိုးရက မှတ်ပုံတင်ခွင့်ပြုလိုက်တဲ့အပေါ် ပါတီခေါင်းဆောင် ဒေါက်တာ မနန်းတူးဂျာက ကြိုဆိုလိုက်ပါတယ်။
ကချင်ပြည်နယ် ဒီမိုကရေစီပါတီဟာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနဲ့ ၂၀၁၂ ခုနှစ် ရွှေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် မှတ်ပုံတင်ခဲ့ပေမယ့် နှစ်ကြိမ်စလုံး ပယ်ချခံရပြီးမှ ခုလို မှတ်ပုံတင်ခွင့် ပြုလိုက်တာ ဖြစ်ပါတယ်။
ဒေါက်တာ မနန်းတူးဂျာဟာ ကချင်ကေအိုင်အို အဖွဲ့ရဲ့ ဒုဥက္ကဌဟောင်း ဖြစ်တဲ့အတွက် အစိုးရက မှတ်ပုံတင်ခွင့် မပေးတာလို့လည်း ပြောဆိုခဲ့ကြပါတယ်။
ခုလို မှတ်ပုံတင်ခွင့်ပေးလိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဒေါက်တာတူးဂျာက မြန်မာအစိုးရကနေ ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ အားလုံးပါဝင်ကြဖို့ တိုက်တွန်းလေ့ရှိကြောင်း ပြီးတော့ ခုလို နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပေးလိုက်တဲ့အတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ ပါဝင်လာနိုင်တော့မှာ ဖြစ်တယ်လို့ ယုံကြည်ကြောင်း ပြောသွားခဲ့ပါတယ်။
ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီကို မှတ်ပုံတင်ခွင့် ပေးလိုက်တဲ့အချိန်ဟာ ကချင်ဌာနချုပ် လိုင်ဇာမှာ ကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ ညီလာခံ ကျင်းပချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
အဲ့ဒါအပြင် မြန်မာငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ကချင်အဖွဲ့တို့ နိုဝင်ဘာလ သုံးရက်နေ့မှာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုလုပ်ဖို့ အချိန်နဲ့လည်း ကိုက်ညီနေပါတယ်။
No comments:
Post a Comment