Thursday, November 21, 2013

တောင်​ငူ ​ဗုံး​ခွဲ​မှု ​သံ​သ​ယ​ရှိ​သူ ​တ​ဦး ​ဖမ်း​မိ

နော်​နို​ရင်း

ပဲ​ခူး​တိုင်း​ဒေ​သ​ကြီး​ ​တောင်​ငူ​မြို့ ​ချမ်း​မြေ့​တည်း​ခို​ခန်း​မှာ ​ပြီး​ခဲ့​တဲ့ ​အောက်​တို​ဘာ​လ​က ​ဖြစ်​ပွား​ခဲ့​တဲ့ ​ဗုံး​ပေါက်​ကွဲ​မှု​နဲ့ ​ပတ်​သက်​ပြီး​ ​စော​ထွန်း​ထွန်း​ဆို​သူ ​အ​မျိုး​သား​တ​ဦး​ကို ​ဖမ်း​ဆီး​ထား​ပြီး ​သူ့​ကို ​ဖောက်​ခွဲ​ရေး​ပုဒ်​မ​တွေ​နဲ့ ​တ​ရား​စွဲ​ဆို​ထား​တယ်​လို့ ​တောင်​ငူ ​ရဲ​တပ်​ဖွဲ့​က ​ပြော​ပါ​တယ်။

တောင်​ငူ​မြို့ ​ချမ်း​မြေ့​တည်း​ခို​ခန်း ​ဗုံး​ပေါက်​ကွဲ​မှု​နဲ့ ​ဆက်​နွှယ်​ပြီး​ ​ကျောက်​ကြီး​မြို့ ​မေ​တ္တာ​ရပ်​ကွက်​မှာ ​နေ​ထိုင်​တဲ့ ​အ​သက် ၃၄ ​နှစ်​အ​ရွယ် ​စော​ထွန်း​ထွန်း​ကို ​နိုဝင်​ဘာ ၁၈ ​ရက်​နေ့​က ​ဖမ်း​ဆီး​ရ​မိ​ခဲ့​တာ​လို့​ ​တောင်​ငူ ​မြို့​မ​ရဲ​စ​ခန်း​က ​ရဲ​အ​ရာ​ရှိ​တ​ဦး​က ​ပြော​ပါ​တယ်။

စော​ထွန်း​ထွန်း​ကို ​ကျောက်​ကြီး​မြို့​မှာ ​ဖမ်း​ဆီး​ရ​မိ​ခဲ့​တာ​ဖြစ်​ပြီး ​က​ရင်​အ​မျိုး​သား​အ​စည်း ​အ​ရုံး​ရဲ့ ​ကျောက်​ကြီး​မြို့​နယ် ​တာဝန်​ရှိ​သူ​တွေ​ရဲ့ ​ကူ​ညီ​ဆောင်​ရွက်​ပေး​မှု​နဲ့ ​ဖမ်း​ဆီး​ခဲ့​တာ​လို့ ​ပြော​ပါ​တယ်။

“​ဖမ်း​တဲ့​အ​ချိန်​က ​ည ၈ ​နာ​ရီ ၄၅​ပေါ့ ၁၈ ​ရက်​နေ့​ည​က​ပါ။ ​အ​မှု​နဲ့ ​ဖမ်း​တာ​က​တော့ ​ကျ​နော်​တို့ ​ရဲ​က ​ဖမ်း​တာ။ ​ကေ​အန်​ယူ​အ​ဖွဲ့​က​တော့ ​အ​မှု​နဲ့ ​စစ်​ဆေး​ဖို့​အ​တွက်​ကို ​သူ​တို့​က ​ဆောင်​ရွက်​ပေး​တာ​ပါ။ ​သူ့​ထွက်​ဆို​ချက်​တွေ​ကို ​ကိုယ်​တိုင်ဝန်​ခံ​ပြီး​ထွက်​မယ်​ပြော​လို့ ​လုပ်​တုန်း​ပဲ ​ရှိ​တယ်။ ​တ​ရား​ရုံး​မှာ​ပေါ့​နော်။ ​တ​ရား​ရုံး​မှာ ​သူ​ကိုယ်​တိုက် ​ထွက်​ဆို​မယ်။ ​ထွက်​ဆို​ချက် ​အ​သေး​စိတ်​ကို​တော့ ​အဲ​ဒီ​က ​အ​ပြန်​မှ ​ရ​မှာ။”

ဗုံး​ဖောက်​ခွဲ​မှု​နဲ့ ​ပတ်​သက်​ပြီး ​စော​ထွန်း​ထွန်း​က ​ကိုယ်​တိုင် ၀န်​ခံ​ပြီး ​ဒီ​မ​နက်​ပိုင်း​မှာ ​ရဲ​စ​ခန်း​ကို ​ဖြောင့်​ချက်​ပေး​ခဲ့​တယ်​လို့​လည်း ​ပြော​ပါ​တယ်။ ​ဒီ​မ​နက် ​ရဲ​စ​ခန်း​ကို ​သွား​ရောက်​ခဲ့​တဲ့ ​မြို့​ခံ ​သ​တင်း​ထောက်​တ​ဦး​က​တော့ ​ဖမ်း​ဆီး​ခံ​ထား​ရ​သူ​ရဲ့ ​ထွက်​ဆို​ချက်​တွေ​နဲ့ ​ပတ်​သက်​ပြီး ​အ​ခု​လို ​ပြော​ပါ​တယ်။

“​သူ​က​တော့ ​အဲ​ဒီ​ဗုံး​က ​သူ​ယူ​လာ​တာ​ပေါ့​နော်။ ​သူ​ယူ​လာ​ပြီး​တော့ ၉ ​ရက် ၁၀ ​လ​က​နေ​ပြီး​တော့ ​ပဲ​နွယ်​ကုန်း​က​နေ ​တောင်​ငူ​ကို ​ကား​စီး​လာ​တယ်။ ​ကား​စီး​ပြီး​တော့ ​အဲ​ဒီ ​ချမ်း​မြေ့​တည်း​ခို​ရိပ်​သာ​မှာ ​တည်း​တယ်။ ​တည်း​ပြီး ၁၀ ​ရက်​နေ့ ​မ​နက်​ခင်း​မှာ ​အဲ​ဒီ​ပိုက်​ဆံ​အိတ်​ကို ​ကု​တင်​ခေါင်း​ရင်း​က ​လိုက်​ကာ​ကြား​မှာ ​ထား​ခဲ့​ပြီး​တော့ ​သူ ​ပြန်​သွား​တယ်။ ​သူ​က ​အဲ​လို ​ထွက်​ဆို​ထား​တယ်။ ​ပြီး​တော့ ​သူ​က ​ထား​ပုံ၊ ​ထား​နည်း​တွေ​ကို ​လိုက်​ပြ​တယ်။

စော​ထွန်း​ထွန်း​ကို ၁၉၀၈ ​ခု ​ပေါက်​ကွဲ​စေ​တတ်​သော​အ​ရာဝ​ထ္ထု​များ​အက်​ဥ​ပ​ဒေ​ပုဒ်​မ ၃ ​နဲ့ ​ရဲ​တပ်​ဖွဲ့​က ​အ​မှု​ဖွင့် ​ထား​ပြီး ​တ​ရား​ရုံး​တင် ​စစ်​ဆေး​ဖို့​လည်း ​ရှိ​နေ​ပါ​တယ်။

စော​ထွန်း​ထွန်း​ကို ​ဖမ်း​ဆီး​မှု​နဲ့ ​ပက်​သက်​ပြီး ​က​ရင်​အ​မျိုး​သား​အ​စည်း​အ​ရုံး​ရဲ့ ​အ​တွင်း​ရေး​မှူး ​ပ​ဒို​ကွယ်​ထူး​၀င်း​ကို ​မေး​မြန်း​ရာ​မှာ ​သူ​က ​ကေ​အန်​ယူ​က ​ဖွဲ့​စည်း​ထား​တဲ့ ​စုံ​စမ်း ​စစ်​ဆေး​ရေး ​ကော်​မ​ရှင်​ရဲ့ ​အ​စီ​ရင်​ခံ​စာ​တော့ ​မ​ရ​သေး​ပေ​မယ့် ​သူ​သိ​သ​လောက် ​စော​ထွန်း​ထွန်း​ဟာ ​သာ​မန် ​အ​ရပ်​သား​တ​ဦး​ဖြစ်​ကြောင်း ​ပြော​ပါ​တယ်။

“​ကျ​နော် ​သိ​ရ​သ​လောက် ​ထွန်း​ထွန်း​က ​ရွာ​သား​၊ ​သူ​က ​ဘာ​မှ​တော့ ​ပြစ်​မှု ​ကျူး​လွန်​ခဲ့​တာ ​မ​ဟုတ်​ဘူး​။ ​သူ​က ​သူ့​နာ​မည်​ပေါ်​လာ​လို့ ​သူ​မ​ပြန်​ရဲ​တာ ​ကြား​တယ်။ ​နောက်​ပိုင်း​ကျ​တော့ ​သူ​ဘာ​မှ ​ပြစ်​မှု ​မ​လုပ်​လို့​ရှိ​ရင် ​ပြန်​ပေါ့​လို့​။ ​သူ​က ​တော​ထဲ​မှာ ​ထင်း​သွား​ခုတ်​တဲ့ ​အ​လုပ်​လုပ်​ပြီး ​အ​သက်​မွေး ၀မ်း​ကြောင်း ​လုပ်​နေ​တဲ့ ​ရွာ​သား​တ​ယောက်​ပဲ​လို့ ​ကျ​နော် ​အဲ​လို ​သ​တင်း​ရ​ထား​တယ်။”


အောက်​တို​ဘာ ၁၁ ​ရက်​နေ့​ည​ပိုင်း​က ​ပဲ​ခူး​တိုင်း ​တောင်​ငူ​မြို့​၊ ​ချမ်း​မြေ့​တည်း​ခို​ခန်း​မှာ ​ဗုံး​ပေါက်​ကွဲ​မှု ​ဖြစ်​ပွား​ပြီး​ ​လူ ၂ ​ဦး ​သေ​ဆုံး​ခဲ့​ပြီး​၊ ၁ ​ဦး ​ဒဏ်​ရာ ​ရ​ရှိ​ခဲ့​ပါ​တယ်။

No comments: