ABC
စစ်ကိုင်းတိုင်း လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းဒေသ မိုးကြိုးပြင်တောင်ရွာက လျော်ကြေး မယူထားတဲ့ လယ်မြေတွေပေါ်မှာ ခြံစည်းရိုးခတ်တာတွေ၊ လုံခြုံရေးကင်းတဲတွေ ဆောက်လုပ်ထားတာကို ဖယ်ရှားပေးဖို့ ဒေသခံတွေက တောင်းဆိုတဲ့အတွက် နိုဝင်ဘာ ၁၉ ရက်နေ့ ညပိုင်းက အာဏာပိုင်တွေဘက်က ပြောင်းရွှေ့ပေးခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတွေက လုံခြုံရေး ကင်းတဲတွေ ရွေ့ပြောင်းပေးဖို့ တောင်းဆိုနေတာဖြစ်ပြီး ဒီကိစ္စကို အင်ကြင်းတောင် သပိတ်စခန်းက သံဃာတော်တွေနဲ့ စစ်ကိုင်းတိုင်း နယ်စပ်ဒေသနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်၊ ရဲမှူး ကြီး နေထွန်းတို့နဲ့ ညနေပိုင်းမှာ ညှိနှိုင်း ဆွေးနွေး ခဲ့ပြီး တဲ့နောက် ညပိုင်းမှာရွှေ့ ပြောင်းလိုက်တာ ဖြစ်တယ်လို့ အင်း ကြင်းတောင် သပိတ် စခန်းက ဆရာတော် ဦးဝိမလက မိန့်ကြားပါတယ်။
နိုဝင်ဘာ ၁၄ရက်နေ့က မိုးကြိုးပြင် တောင်ရွာမှာ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေကြား ထိပ်တိုက်ရင် ဆိုင်မှုဖြစ်ပွားခဲ့ပြီးနောက် လျော်ကြေးမယူထားတဲ့လယ်မြေတွေပေါ်မှာ လမ်းပိတ်ဆို့ပြီးလုံခြုံရေး ကင်းတဲတွေ ဆောက်လုပ်ထားတာကို နိုဝင်ဘာ ၁၈ရက်နေ့ ညနေ ၄နာရီ နောက်ဆုံးထားဖယ်ရှားပေးဖို့ တောင်းဆိုခဲ့တာလို့ ဆရာတော် ဦးဝိမလက ဆက်ပြီး မိန့်ကြားခဲ့ ပါတယ်။
အင်ကြင်းတောင်သပိတ်စခန်းကို ဒေသခံရွာသားတွေ မသွားရောက်နိုင်အောင် လမ်းတွေကိုပိတ်ဆို့ထား တာဖြစ်ပေမယ့် အခုအချိန်ထိတော့လယ်တီသိမ်နဲ့စေတီတော်ကို ကာကွယ်နိုင်ဖို့အတွက် အင်းကြင်းတောင် သပိတ်စခန်းကို ဖွင့်လှစ်ထားပြီး တောင်းဆိုနေဆဲဖြစ်တယ်လို့ ဆရာတော်ကပြောပါတယ်။

No comments:
Post a Comment