ABC
မြန်မာနိုင်ငံရဲ့ ပြည်တွင်းထုတ်ကုန်တွေဟာ ပြီးခဲ့တဲ့ မတ်လအကုန်ဘဏ္ဍရေးနှစ်အတွက် ခန့်မှန်းချေ ၆.၅% တိုးတက်လာကြောင်း ကမ္ဘာ့ဘဏ်ရဲ့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။
သဘာဝဓာတ်ငွေ့ ထုတ်လုပ်နိုင်မှု၊ စီးပွားရေးဆိုင်ရာ လျှော့ပေါ့ပေးမှုတွေကြောင့် ဖြစ်လာတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ ၀န်ဆောင်မှု လုပ်ငန်းတွေ ပေါများလာမှုနဲ့ နိုင်ငံခြားက တိုက်ရိုက် ရင်းနှီးမြှပ်နှံမှု စတဲ့ အချက်တွေဟာ မြန်မာ့ စီးပွားရေးမြှင့်မားလာအောင် တွန်းအားပေးစေတဲ့ အရာတွေ ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။
အခုလာမယ့် နှစ်ဆိုရင် ၆.၈% အထိ စီးပွားရေး တိုးတက်နိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းပါတယ်။
ဒါပေမယ့် တဖက်မှာလည်း ငွေကြေးဖောင်းပွမှုတွေဟာ ပြီးခဲ့တဲ့ လပိုင်းအတွင်း တိုးမြှင့်လာခဲ့သလို သြဂုတ်လမှဆိုရင် ၇.၃% အထိ ရောက်ရှိခဲ့ပြီး အစားအသောက်စားရိတ် နဲ့ အိမ်ငှါးခ ကြီးမားလာမှုတွေရဲ့ အကျိုးဆက်ဖြစ်တယ်လို့ ဆိုပါတယ်။
ငွေကြေးဖောင်းပွမှုဟာ စိုးရိမ်စရာ တခုဖြစ်ပြီး ဆင်းရဲသားတွေကို အဓိက ထိခိုက်စေပေမယ့် မြန်မာနိုင်ငံလို အပြောင်းအလဲကာလတခုကို ဖြတ်သန်းနေတဲ့ ကာလတွေမှာ ငွေကြေးဖောင်းပွမှုဟာ ဖြစ်လေ့ဖြစ်ထ အရာတခုဖြစ်ပေမယ့် ကိန်းကဏန်း တခုပဲ ရှိသေးတာကြောင့် မြန်မာ့ ငွေကြေးဖောင်းပွမှုဟာ သိပ်စိုးရိမ်စရာ မရှိပါဘူးလို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေးပညာရှင် ဒေါ်မေသက်ဇင်က ပြောဆိုသွားပါတယ်။

No comments:
Post a Comment