Thursday, November 14, 2013

လ​စာ ​ကျပ် ​သိန်း ၅၀ ​အောက်​သာ ​သ​မ္မ​တ ​ခံ​စား​လို

ကို​ထွေး

သ​မ္မ​တ ​ဦး​သိန်း​စိန်​က ​လ​စာ ​ကျပ်​သိန်း ၅၀ ​ထက်​နည်း​ပြီး ​ရ​ယူ​လို​တဲ့​အ​ကြောင်း ​ဒါ​ကို ​လွှတ်​တော်​က ​သတ်​မှတ်​ပေး​မယ်​ဆို​ရင်​လည်း ​လက်​ခံ​မယ်​လို့ ​နိုဝင်​ဘာ ၁၃ ​ရက်​နေ့ ​ကျင်း​ပ​တဲ့ ​အ​မျိုး​သား ​လွှတ်​တော်​ကို ​အ​ကြောင်း​ကြား​ခဲ့​ပါ​တယ်။

ပြည်​ထောင်​စု​အ​ဆင့် ​ပု​ဂ္ဂိုလ်​များ​ရဲ့ ​ချီး​မြှင့်​ငွေ ​စ​ရိတ်​နဲ့ ​အ​ဆောင်​ယောင်​များ ​ဆိုင်​ရာ ​ဥ​ပ​ဒေ ​ပုဒ်​မ ၃ ​မှာ ​ချီး​မြင့် ​ငွေ ​ကျပ်​သိန်း ၅၀ ​ကို ​နိုင်​ငံ​တော်​သ​မ္မ​တ​က ​ခံ​စား​ခွင့်​ရှိ​တယ်​လို့ ​ဖော်​ပြ​ထား​ပေ​မယ့် ​သ​မ္မ​တ ​ဦး​သိန်း​စိန်​က ​ပြည်​ထောင်​စု ​အ​စိုး​ရ​အ​ဖွဲ့​သ​ဘော​တူ​ညီ​ချက်​နဲ့ ၁၅ ​သိန်း​ပဲ ​ခံ​စား​ခဲ့​တာ ​ဖြစ်​ပါ​တယ်။

သ​မ္မ​တ​က ​ခု​လို ၁၅ ​သိန်း​ပဲ ​လ​စာ​ယူ​နေ​တာ ​လ​ပေါင်း ၃၀ ​ကျော်​လာ​ပြီး ​ဥ​ပ​ဒေ​ကို ​ပြင်​ဆင်​ဖို့ ​ကြုံ​လာ​တဲ့​အ​ချိန်​မှာ​တော့ ​သ​မ္မ​တ​ကြီး​ရဲ့ ၁၅ ​သိန်း​သာ ​ခံ​စား​မယ်​ဆို​တဲ့​သ​ဘော​တူ​ညီ​ချက်​ဟာ ​ဥ​ပ​ဒေ​နဲ့ ​တ​ခြား​စီ​ဖြစ်​နေ​တဲ့ ​အ​တွက် ​သ​မ္မ​တ​ကြီး ​ခံ​စား​မယ်​ဆို​တဲ့ ​အ​နေ​အ​ထား​အ​တိုင်း​ ​ဥ​ပ​ဒေ​ကို ​ပြ​ဋ္ဌာန်း​ပေး​ဖို့ ​ဆို​တဲ့ ​ပြင်​ဆင်​ချက် ​အ​ဆို​ကို ​ဥ​ပ​ဒေ​ကြမ်း ​ကော်​မ​တီ​က ​အ​စီ​ရင်​ခံ​ခဲ့​တယ်​လို့ ​အ​မျိုး​သား ​လွှတ်​တော် ​အ​မတ် ​ဦး​အောင်​ကြည်​ညွန့်​က ​ပြော​ပါ​တယ်။

အ​မျိုး​သား ​လွှတ်​တော်​ဥ​က္က​ဌ ​ဦး​ခင်​အောင်​မြင့်​က ​ဘ​ဏ္ဍာ​ရေး ၀န်​ကြီး ​ဒုဝန်​ကြီး ​ဦး​မောင်​မောင်​သိန်း​ကို ​ဒီ​ကိ​စ္စ ​ဆွေး​နွေး​ဖို့ ​ပြော​ဆို​ရာ​မှာ ​ဦး​မောင်​မောင်​သိန်း​က ​သ​မ္မ​တ​အ​နေ​အ​ထား​ကို ​ပု​ဂ္ဂိလ်​တ​ဦး​အ​နေ​ဖြင့် ​မ​မြင်​ဘဲ ​အ​ဖွဲ့​အ​စည်း ​တ​ခု​အ​နေ​နဲ့ ​မြင်​သင့်​ကြောင်း​၊ ​သာ​မန်​အား​ဖြင့် ​ပု​ဂ္ဂ​လိ​က ​ကု​မ္ပ​ဏီ ​အ​ထွေ​ထွေ​မန်​နေ​ဂျာ ​တ​ဦး ​လ​စာ​နဲ့ ​ညီ​နေ​ပါ​က ​အ​ဂါ​ရ၀​တ​ရား ​ဖြစ်​သွား​နိုင်​တဲ့​အ​တွက် ​သိန်း ၃၀၊ ၄၀ ​သတ်​မှတ်​သင့်​တယ်​လို့ ​ပြော​ဆို​ခဲ့​တယ်​လို့ ​ဆို​ပါ​တယ်။

ဒီ​အ​တွက် ​လွှတ်​တော်​နား​နေ​စ​ဉ်​အ​ချိန် ​သ​မ္မ​တ​ကြီး​ရဲ့ ​သ​ဘော​ထား​ကို ​မေး​မြန်း​ရာ​မှာ ​သ​မ္မ​တ​က ​လွှတ်​တော် ​သတ်​မှတ်​ချက် ​သိန်း ၅၀ ​ကို ​မ​ခံ​စား​လို​တဲ့​အ​ကြောင်း​၊ ​လွှတ်​တော်​က ​သတ်​မှတ်​ပေး​ထား​တဲ့ ​နှုန်း​ကို​သာ ​ရ​ရှိ​ခံ​စား​လို​တဲ့​အ​ကြောင်း ​ပြန်​တင်​ပြ​ခဲ့​တယ်​လို့ ​ဦး​အောင်​ကြည်​ညွန့်​က ​ပြော​ပါ​တယ်။

“​အ​မျိုး​သား​လွှတ်​တော်​ဥ​က္က​ဋ္ဌ​ကြီး​က​လည်း ​လွှတ်​တော်​အ​နေ​အ​ထား​နဲ့​က​တော့​ ​သ​မ္မ​တ​ကြီး​ကို ​ဘယ်​လောက်​ပဲ​ခံ​စား​ရ​မယ် ​ဆို​ပြီး ​လွှတ်​တော်​က ​ပိုင်း​ဖြတ်​သတ်​မှတ်​ပေး​တာ​က ​တ​ကယ်​တော့ ​လုပ်​သင့်​တဲ့ ​ကိ​စ္စ​မ​ဟုတ်​ပါ​ဘူး​။ ​တ​ကယ်​တမ်း​ကျ​တော့ ​ဘ​ဏ္ဍာ​ရေး ၀န်​ကြီး​က ​ဘ​ဏ္ဍာ​ရေး ​အ​နေ​အ​ထား​နဲ့ ​ပြည်​ထောင်​စု ​အ​စိုး​ရ​အ​နေ​အ​ထား​နဲ့ ​လက်​ရှိ​ရှိ​တဲ့ ​ဘ​ဏ္ဍာ​အ​နေ​အ​ထား​မျိုး​ပေါ်​မှု​တည်​ပြီး ​ဘယ်​လို​တော့​ဖြင့် ​နိုင်​ငံ​ရဲ့ ​အ​နေ​အ​ထား​မျိုး​နဲ့ ​ခံ​စား​ခွင့်​ရှိ​တယ်​ဆို​တာ​ကို ​အ​ဆို​ပြု​တင်​ပေး​ဖို့ ​ကောင်း​ပါ​တယ်။ ​အဲ​ဒီ​တော့ ​လွှတ်​တော်​က ​အဲ​ဒီ​အ​ပေါ်​မူ​တည်​ဆုံး​ဖြတ်​ပေး​ပါ​မယ်။”


နောက်​ဆုံး​တော့ ​ဘ​ဏ္ဍာ​ရေး ၀န်​ကြီး​ဌာ​န​က ​အ​ဆို​ပြု​ချက်​တင်​သွင်း​ပြီး​မှာ​သာ​လျှင် ​သ​မ္မ​တ ​လ​စာ​လျှော့​ခံ​စား​မယ့်​ကိ​စ္စ​ကို ​ဥ​ပ​ဒေ​အ​ရ ​လွှတ်​တော်​က ​အ​တည်​ပြု​မှာ ​ဖြစ်​ကြောင်း ​ပြန်​ကြား​ခဲ့​တယ်​လို့ ​ဆို​ပါ​တယ်။

No comments: