ABC
မြန်မာနိုင်ငံ လေဆိပ်လုပ်ငန်းနဲ့ ပတ်သက်ပြီး တိုးတက်မှုလုပ်ဆောင်ဖို့အတွက် အစိုးရက ပုဂ္ဂလိက ကုမ္ပဏီတွေကို ဖိတ်ခေါ်နေပါတယ်။
မြန်မာနိုင်ငံ လေကြောင်းခရီးစဉ်တွေမှာ မတော်တဆမှုတွေ များပြားတဲ့အတွက် ဒီလိုနာမည်ဆိုးရှိခဲ့တာကို ပြောင်းလဲတဲ့အနေနဲ့ လေဆိပ်လုပ်ငန်း ထက်ဝက်မှာ လုပ်ငန်းတွေ လုပ်ဆောင်ကြဖို့ ပုဂ္ဂလိကကို ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ လေကြောင်းခရီး မတော်မဆဖြစ်မှုဟာ နိုင်ငံတကာနဲ့ယှဉ်ရင် ၉ ဆ အန္တရာယ်ပိုများနေပြီး ခုအခါမှာ လေယာဉ်ပျံသန်းရေး လုပ်ငန်းတွေ ပိုမိုကျယ်ပြန့်လာတာနဲ့အမျှ မတော်တဆဖြစ်မှုတွေ ပိုများလာမှာကို စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။
မြန်မာနိုင်ငံမှာ လေဆိပ် ၆၉ ခုရှိတဲ့အထဲက လေဆိပ် ၃၂ ခုမှာ တိုးတက်မှုတွေလုပ်ဖို့ ပုဂ္ဂလိက ကုမ္ပဏီတွေကို ဖိတ်ခေါ်ဖို့ရှိပါတယ်။
ရန်ကုန်မြို့ နိုင်ငံတကာလေဆိပ်မှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ထားပေမယ့် တခြား ပြည်တွင်းပျံသန်းတဲ့ လေဆိပ်တွေမှာ အခြေခံကျလှတဲ့ နည်းပညာတွေ၊ လုံခြုံရေးပစ္စည်းတွေ လုံလောက်မှုမရှိသလို တချို့လေဆိပ်ဆိုရင် အရေးပေါ် ပြင်ဆင်ရမယ့် အခြေအနေမှာ ရှိနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

No comments:
Post a Comment